ကလေးငယ်လေးတွေမှာ ပေါက်တဲ့ ဝက်ခြံက လူကြီးတွေမှာလိုမျိုး ဘက်တီးရီးယားတွေကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ များသောအားဖြင့် ၂ပတ်သားလောက်ဆို စပေါက်တတ်ပါတယ်။ ပြီးရင်တော့ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ လူကြီးတွေလို ဝက်ခြံအမာရွတ်တွေ ဘာတွေလည်း မကျန်ပါဘူး။ (လူကြီးတွေက ကလေးဝက်ခြံကို သွားမညှစ်ဖို့တော့ လိုတာပေါ့)
ကလေးဝက်ခြံက ၂ပတ်သားလောက်မှာ အဖြစ်များပေမယ့် ကလေးအသက် ၂လကနေ ၁နှစ်အတွင်း ဖြစ်တဲ့ ဝက်ခြံလည်း ရှိပါတယ်။ ဒါကိုတော့ infantile acneလို့ ခေါ်ပါတယ်။ Infantile acneမှာတော့ ဝက်ခြံအပြင် လူကြီးတွေလို ဆားဝက်ခြံတွေပါ ရှိတတ်ပါတယ်။
တကယ်လို့ ကလေးက အသက်၂ကျော်မှ ဝက်ခြံထွက်ရင်တော့ ကလေးဆရာဝန် ဒါမှမဟုတ် အရေပြားဆရာဝန်နဲ့ ပြပါ။ ဒီလို ဝက်ခြံမျိုးတွေက ပျောက်ဖို့ ပိုကြာတတ်ပါတယ်။
ကလေးငယ်လေးတွေမှာ ဝက်ခြံပေါက် တာ ဘာကြောင့်လဲ
စဉ်းစားကြည့်ရင် ဝက်ခြံဆိုတာ မြီးကောင်ပေါက်အရွယ်လေးတွေမှာပဲ ဖြစ်ရမှာ။ ဘာလို့ ပိစိလေးတွေမှာ လာပေါက်နေရတာလဲလို့ မေမေတို့ တွေးနေမိမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။