ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

ရာသီဥတုကတော့ တစ်နေ့ထက်တစ်နေ့ ပိုပိုပူပြရင်း နွေပီသနေတော့တာပဲနော်။ နွေရောက်လာရင် ရာသီဥတု ပူတာအပြင် မေမေတို့ကို စိတ်ညစ်စေတဲ့ နောက်ထပ် အကြောင်းအရာလေး တစ်ခု ရှိပါသေးတယ်။ ဒါကတော့ ကလေးတွေ နွေရာသီမှာ ဘာမှ မစားဘူးလို့ ဘာကျွေးကျွေး ဘူးခံငြင်းနေတာကိုပါ။ ဒီလို မစားတာက ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတဲ့ ကလေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေမလားပေါ့။ ဒါကြောင့် ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့ ဘာတွေ ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။  ကလေးများနဲ့ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့  သားသားမီးမီးတို့ ကောင်းကောင်းဖွံ့ဖြိုးစေဖို့အတွက် အာဟာရ အမျိုးမျိုးကို ပြည့်စုံဖို့ လိုပါမယ်။ ဒီလို အာဟာရ ပြည့်စုံဖို့ ဆိုရာမှာလည်း ကလေးကို အာဟာရ ပြည့်ဝအောင် ကျွေးမိဖို့ လိုတာပေါ့။ ကလေးကို အာဟာရ ပြည့်ဝအောင် ကျွေးချင်ပေမယ့်လည်း ရာသီဥတု […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ အစာချေရခက်တဲ့ ပြဿနာ

ကလေးတွေမှာ တစ်ခုခုစားပြီးတိုင်း ဝမ်းဗိုက်ပြဿနာတွေ ကြုံတွေ့နေရမယ်။ ဝမ်းလျှောတာ၊ လေပွတာတွေ ကြုံနေရမယ်ဆိုရင် အစာချေရခက်တဲ့ ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အစားအစာတစ်ခုခုကို စားတိုင်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတယ်ဆိုရင်ပေါ့။ ကလေးတွေမှာ အဖြစ်များတဲ့ အစာချေရခက်တဲ့ ပြဿနာ ဆိုတာ အစာချေရခက်တဲ့ ပြဿနာဆိုတာ ကလေးတွေ စားလိုက်တဲ့ အစားအစာကို ခန္ဓာကိုယ်က မချေဖျက်နိုင်တာ ဒါမှမဟုတ် အစားအစာမှာပါတဲ့ ဓာတ်ပစ္စည်းတစ်မျိုးမျိုးကို အစာချေစနစ်က ခံနိုင်ရည် မရှိတာပဲ ဖြစ်ပါတယ်။ အစာချေရခက်တာနဲ့ အစာဓာတ်မတည့်တာနဲ့ တူပါသလား။ အစာချေရခက်တာနဲ့ အစာဓာတ်မတည့်တာနဲ့က မတူပါ။ အစာဓာတ်မတည့်ဘူးဆိုတာက ကလေး စားလိုက်တဲ့အစားအစာကို သူ့ရဲ့ ခုခံအားစနစ်က တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ အစာချေရခက်တဲ့ ပြဿနာမှာ ခုခံအားစနစ်မပါပါဘူး။ အစာချေစနစ်နဲ့သာ သက်ဆိုင်တာ ဖြစ်ပါတယ်။ အစာဓာတ်မတည့်တာက ပိုပြင်းထန်ပြီး လက္ခဏာအနေနဲ့ အသားယားတာ၊ နှုတ်ခမ်း၊ မျက်နှာနဲ့ […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ကလေးတွေ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ရတဲ့ အကြောင်းရင်း (၆)ခု

ကလေးတွေ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေလို့ တစ်ခုခုများဖြစ်နေကြတာလားဆိုပြီး စိုးရိမ်တဲ့ မိဘတွေ၊ ခဏခဏ လာမေးတဲ့ မိဘတွေ ရှိပါတယ်။ မျက်တောင်ခတ်တာက ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ လိုတာထက် ပိုခတ်နေရင်တော့ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ မျက်တောင်ခတ်တာက ကျန်းမာရေးအတွက် လိုအပ်ပါတယ် မျက်တောင်ခတ်တယ်ဆိုတာ ခန္ဓာကိုယ်က အလိုအလျောက် လုပ်နေတဲ့ ဖြစ်စဉ်ပါ။ မျက်တောင်ကို သတိတရ ခတ်နေစရာမလိုပါဘူး။ မျက်လုံးခြောက်တဲ့အခါ၊ အလင်းစူးစူးတွေ ကြည့်မိတဲ့အခါ၊ မျက်လုံးထဲကို တစ်ခုခုဝင်တဲ့အခါ၊ မျက်လုံးကို တစ်ခုခု အန္တရာယ်ဖြစ်တော့မယ်လို့ ထင်တဲ့အခါ အလိုအလျောက် မျက်တောင်ခတ်သွားပါတယ်။ မျက်တောင်ခတ်လိုက်ခြင်းအားဖြင့် မျက်လုံးကို စိုစွတ်စေသလို မျက်လုံးရဲ့ အပေါ်ယံလွှာကိုလည်း သန့်စင်‌စေပါတယ်။ မျက်တောင်ခတ်တာ များနေပြီလို့ ဘယ်လိုသိနိုင်မလဲ မွေးစကလေးတွေကတော့ တစ်မိနစ်ကို ၂ကြိမ်လောက်ပဲ မျက်‌တောင်ခတ်ပါတယ်။ လမ်းလျှောက်တတ်စအရွယ်ဆိုရင်တော့ တစ်မိနစ်ကို ၁၅ခါလောက် ခတ်ပါတယ်။ လူကြီးတွေကတော့ တစ်မိနစ်ကို ၁၄-၁၇ကြိမ်ထိ ခတ်ပါတယ်။ ဒီတော့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ဆောင်းတွင်းမှာ သားသားမီးမီး ကိုယ်ခံအား တက်စေဖို့ ဘာတွေ ဂရုစိုက်ပေးဖို့ လိုမလဲ

မိုးလေးကုန် ဆောင်းလေးကူးချိန်ရဲ့ အလှအပတရားကို ပြည့်ပြည့်ဝဝ မခံစားနိုင်ကြသူလေးတွေ ရှိပါတယ်။ သူတို့လေးတွေကတော့ ချစ်စရာ သားသားမီးမီးတို့ကို ပိုင်ဆိုင်ထားတဲ့ ဖေဖေမေမေတွေပါ။ ကလေးတွေက ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့် ရာသီ အကူးအပြောင်းမှာ ဖျားနာမှု ဖြစ်လွယ်ကြပါတယ်။ ဒီတော့ မိုးကုန်လို့ ဆောင်းကူးချိန်မှာ အေးမြတဲ့ ဆောင်းတွင်းကို မပျော်ခင်မှာ ခေါင်းထဲကို အရင်ဆုံး ရောက်လာတဲ့ အတွေးက အိမ်က သားသားများ  ဖျားလေမလား! မီးမီးများ ဖျားလေမလား! ဟုတ်။  ဒါဆိုရင်တော့ အခုပြောပြမယ် အကြောင်းအရာလေးကို အမြန်ဆုံး ဖတ်ကြည့်ဖို့ လိုနေပါပြီလို့ ပြောချင်ပါတယ်။ ဒီလိုပြောရတာက အခုတစ်ခေါက်မှာ ချစ်ရတဲ့ မေမေ ပရိသတ်တို့အတွက် ဆောင်းတွင်းမှာ သားသားမီးမီး ကိုယ်ခံအား တက်စေဖို့ ဘာတွေ ဂရုစိုက်ပေးဖို့ လိုမလဲ ဆိုတဲ့ အကြောင်းလေးမို့လို့ပါ။  https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/natural-ways-to-boost-childrens-immune-system/ ဆောင်းရာသီမှာ […]


ကလေးငယ်အာဟာရ

Baby-led weaning ရဲ့ ကောင်းကျိုးဆိုးကျိုး

Baby-led weaning (BLW) ဆိုတာ ကလေးက ဦးဆောင်ပြီး အစာစားတာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဖြည့်စွက်စာ စစားတဲ့အရွယ်မှာ ကလေးတွေကို လူကြီးက ဇွန်းနဲ့ ခွံ့ပေမယ့် BLWမှာတော့ ကလေးက ကိုယ့်ဟာကိုယ် ကိုင်စားတာ ဖြစ်ပါတယ်။ Baby-led weaning ရဲ့ ကောင်းကျိုးဆိုးကျိုး တွေက အများကြီး ရှိတာကြောင့် ဖြည့်စွက်စာ မကျွေးခင်မှာ ဒါကို လေ့လာထားသင့်ပါတယ်။ Baby-led weaning ဆိုတာ Baby-led weaning ဆိုတာ ကလေးကို ကိုယ့်အားကိုယ်ကိုးပြီး စားစေတဲ့ သဘောပါပဲ။ စားပွဲမှာထိုင် ကိုင်စား၊ ကလေးပီပီ ဖွချင်လည်းဖွ၊ ဆော့ချင်လည်းဆော့ဆိုပြီး လွတ်လပ်ခွင့်ပေးထားတဲ့ သဘောပါ။ ကလေးနဲ့ အစားအစာကို ရင်းနှီးသွားအောင် လုပ်ပေးတဲ့သဘောဆိုလည်း ဟုတ်ပါတယ်။ အစားအစာတစ်ခု ကလေးပါးစပ်ထဲရောက်ဖို့ မိခင်က တိုက်ရိုက်မထည့်ပေးဘဲ ကလေးကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ပဲနီလေး ကျွေးပေးမယ်ဆိုရင်

ပဲနီလေး ဟင်းချိုလေးကို ဆီချက်နိုင်နိုင်လေးနဲ့ ချက်ထားတာ အတော်လေး စားကောင်းပါတယ်။ ဒီလိုပဲဟင်းချိုလေးကို ကလေး လူကြီးမရွေး ကြိုက်ကြပြီး အာဟာရကလည်း ပြည့်ပါတယ်။ ဒီလို ထမင်းမြိန်ပြီး အာဟာရပြည့်တဲ့ ပဲနီလေး ဟင်းချိုလေးကို ဘေဘီလေးကိုရော ကျွေးလို့ ရမလားဆိုပြီး သိချင်နေတဲ့သူတွေလည်း ရှိမယ် ထင်ပါတယ်နော်။ ဒါကြောင့် အခုတစ်ခေါက်တော့ မေမေတို့ သိချင်နေလောက်မယ့် ဘေဘီလေးကို ပဲနီလေး ဟင်းချို ကျွေးလို့ ရမလား! ဘေဘီလေးကို ပဲနီလေး ကျွေးပေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေကို ရနိုင်မလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ ပဲနီလေး ဆိုတာ ပဲနီလေး ဆိုတာက အနီရောင် ပဲစေ့ သေးသေးလေးတွေပါ။ ချက်လိုက်ရင်တော့ အဝါရောင် ဖျော့ဖျော့လေး အဖြစ်ပြောင်းသွားတတ်ပြီး အရသာက ချိုချိုဆိမ့်ဆိမ့်လေးပါ။ ဟင်းချို ချက်စားလို့ ရသလို ပဲနှပ်လိုလေး […]


ကလေးငယ်အာဟာရ

ဘေဘီလေး အာလူး စားလို့ရမလား!

အာလူးက ကစီဓာတ် ကြွယ်ဝသလို အာလူးစားပေးတာက ခန္ဓာကိုယ်ကို ကျန်းမာစေတယ်ဆိုတာကို လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။  အာလူးက အာဟာရ ကြွယ်ဝရုံတင်လား ဆိုတော့ မဟုတ်ပါဘူး။ စားလို့လည်း ကောင်းပါသေးတယ်။ ဒီလို စားလို့ ကောင်းတဲ့ အာလူးလေးကို ပူပူလေးကြော် ထမင်းဖြူလေးနဲ့ စားတုန်း ဘေဘီလေးက နည်းနည်းဆိုလို့  ဘေဘီလေး အာလူး စားလို့ရမလား! ဆိုပြီး သိချင်နေပြီလား မေမေ ....... ဒါဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အာလူး ဆိုတာ အာလူးဆိုတာက ကလေးရော လူကြီးတွေပါ နှစ်ခြိုက်ကြတဲ့ စားစရာ တစ်မျိုးပါ။ ကစီဓာတ် ပြည့်ဝစွာ ပါဝင်နေပြီ အခွံညိုညိုလေးနဲ့ အတွင်းသားက အဖြူရောင်လေး ရှိသလို အဝါရောင်သန်းသန်းလေးလည်း ရှိပါတယ်။ အာလူးအမျိုးအစားပေါ် မူတည်ပြီး အသားမွမွလေးရော စီးပိုင်ပိုင်လေး အမျိုးမျိုး […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးကို အာဟာရ ပြည့်ချင်ဇောနဲ့ လုပ်မိနေတဲ့ ဖေဖေမေမေတို့ရဲ့ အလွဲလေးများ

ကိုယ့်ရဲ့ သားသားမီးမီးတွေကို နေ့ရက်တိုင်းမှာ အာဟာရပြည့်ဝစွာနဲ့ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးလာစေချင်တဲ့ ဆန္ဒ မိဘတိုင်းမှာ ရှိပါတယ်။ သားသမီးတိုင်းက မိဘတိုင်းအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာဖြစ်တာနေတာကိုး။ ဒီဆန္ဒလေးကို ပြည့်ဝအောင် အကောင်အထည်ဖော်ရာမှာလည်း ဖေဖေမေမေတို့ အနေနဲ့  နည်းမျိုးစုံနဲ့ ကြိုးပမ်းတတ်ကြပါသေးတယ်နော်။ ဒီလို ကြိုးပမ်းကြတဲ့အခါ ကလေးကို အာဟာရ ပြည့်ချင်ဇောနဲ့ လုပ်မိနေတဲ့ ဖေဖေမေမေတို့ရဲ့ အလွဲလေးများ အကြောင်းကို သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။  ဒီအလွဲလေးတွေက ဘာတွေများ ဖြစ်မလဲ! ကိုယ်တိုင်ရော လုပ်များလုပ်မိနေလားဆိုတာကို သိနိုင်ဖို့ အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/can-children-eat-adult-foods/ ကလေးကို အာဟာရ ပြည့်ချင်ဇောနဲ့ လုပ်မိနေတဲ့ ဖေဖေမေမေတို့ရဲ့ အလွဲလေးများ ကလေးကို အာဟာရ ပြည့်ချင်ဇောနဲ့ လုပ်မိနေတဲ့ ဖေဖေမေမေတို့ရဲ့ အလွဲလေးများ ကတော့ တစ်ခု မကရှိနိုင်တာပေါ့နော်။ မိဘတွေ တစ်ယောက်နဲ့ တစ်ယောက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးကြီးထွားမှုကို နှောင့်ယှက်နေတဲ့ ခေတ်သစ်ရန်သူများ

မိဘတစ်ယောက်အနေနဲ့ ကိုယ်မွေးထားတဲ့ ကလေးနဲ့ ပတ်သက်လို့ အရေးကြီးဆုံး အချက်တစ်ခုကို ပြောပါဆိုရင် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်မယ်ထင်တယ်နော်။ ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုက မေမေဖေဖေတို့အတွက် အရေးပါသလို  ဒီပေါ်မှာ သက်ရောက်နေတဲ့ အချက်တွေကလည်း အများကြီးပါ။ အခုတစ်ခေါက်တော့ ဖေဖေမေမေတို့  အမှုမဲ့အမှတ်မဲ့ ဖြစ်နေနိုင်ပြီး ကလေးကြီးထွားမှုကို နှောင့်ယှက်နေတဲ့ ခေတ်သစ်ရန်သူများ အကြောင်းလေးကို သတိထားနိုင်စေဖို့ ပြောပြပေးလိုက်ပါတယ်။ သားသားမီးမီးတို့ အဖွံ့ဖြိုးဆုံးကာလ ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဆိုတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာအရ အရပ်အမြင့်၊ ကိုယ်အလေးချိန် စတာတွေပါဝင်နေသလို စိတ်ပိုင်းဆိုင်ရာအားဖြင့် သင်ယူနိုင်စွမ်း၊ နားလည်နိူင်စွမ်းတွေပါ ပါဝင်နေတာပါ။ ကလေးတွေက အသက်အရွယ်အလိုက် ကြီးထွားမှုတွေကို ရှိကြပေမယ့် သူတို့လေးတွေရဲ့ အကောင်းဆုံးသော ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်ချိန်က အသက် ၂ ကနေ ၉ နှစ်တာ အတွင်းပါ။ ဒီကာလမှာ သားသားမီးမီးတို့က ရုပ်ပိုင်းဆိုင်ရာ အားဖြင့် အရပ်တွေ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးက ရိုးရိုးဖျားတာလား သွေးလွန်တုပ်ကွေးလား

ကလေးဆိုတာက ထိခိုက်လွယ်ကြပါတယ်။ ဒီတော့ ရာသီ အကူးအပြောင်းမှာ ဖြစ်ဖြစ်၊ အချို့သော အခြေအနေတွေမှာ လူကြီးတွေလို ခံနိုင်ရည် မရှိဘဲ ခဏခဏ ဖျားနာတတ်ကြတာပေါ့။ ဒီလို ဖျားနာတာက ခဏခဏ ဆိုတော့ မေမေတွေက ကလေးဖျားပြီဆိုရင် ရိုးရိုးဖျားနာမှုလို့ပဲ ယူဆလိုက်ကြတာ များပါတယ်။ တကယ်ကတော့ ကလေးတွေမှာ ကိုယ်ပူတာ ဖျားနာတာတွေက ရိုးရိုးဖျားနာတာမျိုး ဖြစ်နိုင်သလို တစ်ခါတလေမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးမှာ ကိုယ်ပူဖျားနာတာကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေ ၂ ခု ခပ်ဆင်ဆင်ဆိုတော့ မေမေဖေဖေတို့က အမှုမဲ့အမှတ်မဲ့ ထားလိုက်ရင်း အချိန်လွန်မှ ကလေးမှာ သွေးလွန်တုပ်ကွေး ဖြစ်နေတာကို သိရှိပြီး မလိုအပ်ဘဲ အဖိတ်အစဉ် ဖြစ်တာမျိုးတွေ တွေ့ကြုံရတော့တာပေါ့။ ဒါကြောင့် သတိထားနိုင်စေဖို့ ကလေးက ရိုးရိုးဖျားတာလား သွေးတုပ်ကွေးလား ဆိုတာကို ခွဲခြားနိုင်စေဖို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သားသားမီးမီးတို့ ဘယ်အချိန်မှာ စာစရေးလို့ ရပြီလဲ!

မေမေဖေဖေတွေမှာ သားသားမီးမီးတို့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေချင်တဲ့ စိတ်ကူး အပြင် နောက်ထပ် စိတ်ကူးလေး တစ်ခု ရှိကြပါသေးတယ်။ ဒါကတော့ သားသားမီးမီးတို့ကို ပညာတတ်ကြီး ဖြစ်စေချင်တာပါ။ ဒီစိတ်ကူးလေး အထမြောက်စေဖို့ ကြိုးပမ်းကြရာမှာ လွဲမှားနေတဲ့ အချက်လေးတစ်ခု ရှိနေပါတယ်။ ဒါကတော့ ကလေးကို လက်ချောင်းကြွက်သားလေးတွေ လုံလောက်အောင် မသန်မာသေးတဲ့အချိန်မှာ စာရေးတတ်အောင် သင်တာပါ။ ကလေးကို အခြားကလေးတွေထက် နောက်ကျနေတာမျိုး မဖြစ်စေဖို့ စာကို စောစောစီးစီး ရေးတတ်အောင် သင်ပေးတာက ကလေးကို တကယ်ပဲ ကောင်းကျိုး များစေမလား။ ကလေးအတွက် ဘယ်အချိန်က စာရေးတတ်အောင် သင်ပေးဖို့ အကောင်းဆုံးဖြစ်မလဲ။ သားသားမီးမီးတို့ ဘယ်အချိန်မှာ စာစရေးလို့ ရပြီလဲ! ဆိုတာကို မေမေတို့ သိရှိနိုင်စေဖို့ ဝေမျှပေးလိုက်ရပါတယ်။  သားသားမီးမီးတို့ရဲ့ စာရေးစာဖတ်စွမ်းရည် ဘယ်လိုများ တိုးတက်လာသလဲ! သားသားမီးမီးတို့က […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)