ကျောက်ကပ် လှူပြီးသူတွေက ကိုယ်ဝန်ကို အန္တရာယ်ကင်းကင်း ဆောင်နိုင်ကြပါတယ်။ လေ့လာမှုတွေ အရကတော့ ကျောက်ကပ်လှူထားတဲ့ လေဒီလေးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အခြား အမျိုးသမီးတွေထက် ကိုယ်ဝန်ဆောင် ဆီးချို၊ ကိုယ်ဝန်ဆောင် သွေးတိုး နဲ့ ဆီးထဲမှာ ပရိုတင်း များတာတွေကို ခံစားရနိုင်ခြေ အနည်းငယ် များနေတာက လွဲလို့ ကျန်တာကတော့ ပုံမှန်ပါပဲ။
ဒီ ပြဿနာကင်းစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် အနေအထိုင်ကို သေချာလေး ဂရုစိုက်မယ်။ အိုဂျီကို ကျောက်ကပ် လှူထားတဲ့အကြောင်း သေချာလေး ပြောပြပြီး ထိုက်သင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူမယ်ဆိုရင် အန္တရာယ်ကင်းကင်း ကိုယ်ဝန်ဆောင်နိုင်မှာပါ။
-
ကျောက်ကပ်လှူတာက ကလေးရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိနိုင်မလား။
ကျောက်ကပ်လှူတာက သန္ဓေသားရဲ့ ကျန်းမာရေးအပေါ် ထိခိုက်မှု မရှိနိုင်ပါဘူး။ ကြီးထွားမှုကလည်း ပုံမှန်အတိုင်း ကြီးထွားမှာ ဖြစ်ပါတယ်။ ကျောက်ကပ်လှူထားတာကြောင့် ကိုယ်ဝန် လမစေ့ဘဲ မွေးဖွားတာ၊ မဖြစ်မနေ ခွဲမွေးဖို့ လိုတာမျိုး မဖြစ်နိုင်ပါဘူး။ ပေါင်မပြည့်ဘဲ မွေးတာမျိုး၊ မွေးရာပါ ရောဂါ ပါလာတာမျိုးလည်း မဖြစ်နိုင်ပါဘူး။
-
ကျောက်ကပ် လှူပြီး အန္တရာယ်ကင်းကင်း ကိုယ်ဝန်ဆောင်နိုင်ဖို့ ဘယ်အချက်တွေကို လိုက်နာဖို့ လိုမလဲ။
ကျောက်ကပ် လှူပြီးနောက်မှာ ကိုယ်တိုင်လည်း ကျန်းမာပြီး အန္တရာယ် ကင်းကင်း ကိုယ်ဝန်ဆောင်နိုင်စေဖို့ဆိုရင်
- ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်ပါ (တစ်နှစ်တစ်ကြိမ် ဒါမှမဟုတ် ၆ လတစ်ကြိမ် ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူတာမျိုးပါ)
- ဆေးလိပ် မသောက်ပါနဲ့
- တဆင့်ခံ ဆေးလိပ်ငွေ့ရှောင်ပါ
- လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပါ (အဆီ၊ အချို၊ အငန် ကဲတာတွေ မစားပါနဲ့)
- သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
- ခန္ဓာကိုယ်က ပြည့်ပြည့်ဝဝ ပြန်လည် ကျန်းမာလာမှသာ ကိုယ်ဝန်ဆောင်ပါ စတဲ့ အချက်တွေကို သေချာလေး လိုက်နာဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။