backup og meta

ကျောက်ကပ်လှူမယ့် အလှူရှင်တိုင်း ဒါလေးတွေ သိထားသင့်တယ်နော်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ကပ်လှူမယ့် အလှူရှင်တိုင်း ဒါလေးတွေ သိထားသင့်တယ်နော်။

    ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ယောက်ရဲ့ ေကျာက်ကပ် မကောင်းတော့ဘူး။ အလုပ်မလုပ်တော့ဘူး ပျက်စီးနေပြီ စတဲ့ သတင်းဆိုး ကြားလိုက်ရတဲ့အချိန် စိတ်မကောင်းဖြစ်ကြမယ့် သူချည်းပါပဲ။ တကယ်လို့ အဲလို ကျောက်ကပ်ပျက်စီးနေတဲ့သူက ကိုယ့်မိဘတွေဖြစ်နေမယ်ဆိုရင် ပိုဆိုးတာပေါ့။ ဒါပေမယ့် အဆိုးချည်းပဲ တော့မဟုတ်ပါဘူး။ မိဘတွေဖြစ်နေတော့ သားသမီးဖြစ်တဲ့ကိုယ်တွေက ကျောက်ကပ်လှူနိုင်ဖို့ အခွင့်အရေးရှိသေးတာပေါ့။ ဒါကလည်း မိဘကျေးဇူးကို ဆပ်ခြင်းတစ်မျိုးပဲလေ။

    ဒီတော့ အခြား အလှူရှင်တွေကို မရှာချင်ဘူး။ လူရင်းဖြစ်တဲ့ ကိုယ်ကပဲ ကျောက်ကပ်လှူမယ်လို့ ဆုံးဖြတ်ထားပြီးပြီဆိုရင် ပြင်ဆင်စရာရှိတာတွေ ဆင်ခြင်သင့်တာတွေက အရေးကြီးလာပါပြီ။ လှူမယ်ဆိုပြီး ကျောက်ကပ်ထုတ်ပေးလိုက်ရုံနဲ့ မပြီးသေးဘူးလေ။ ခွဲစိတ်မှုတစ်ခု လုပ်ရမှာဆိုတော့ ခုပြောမယ့် အချက်လေးတွေ သိထားဖို့လိုလာပြီပေါ့ ။

    ကျောက်ကပ်လှူမယ်လို့ စဉ်းစားထားရင် ဒါလေးတွေ သိထားဖို့လိုပါတယ်။

    • အလှူရှင်တွေအတွက် အဓိကကတော့ ကျောက်ကပ်ရောဂါတစ်ခါမှ မဖြစ်ဖူးတဲ့သူမျိုး ဖြစ်ရပါမယ်။ နောက်ပြီး အချိန်ကြာလတာနဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်မယ့် ရောဂါဝေဒနာ ( သွေးတိုး၊ ဆီးချို) ခံစားနေရတဲ့သူမျိုး မဖြစ်ဖို့လည်း အရေးကြီးပါတယ်။
    • မိသားစုဝင်တွေထဲက တစ်ယောက်ယောက်ကိုပဲ ဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းအရင်းကြီးတွေကိုပဲ ဖြစ်ဖြစ် ကိုယ်နဲ့ မသိတဲ့သူတစ်ယောက်ကို ဖြစ်ဖြစ် ကျောက်ကပ်လှူပေးလို့ရပါတယ်။ ကိုယ့်အမည်ကိုထုတ်ပြောပြီး လှူနိုင်သလို အမည်မသိအလှူရှင်တစ်ယောက်အနေနဲ့လည်း ကျောက်ကပ်လှူပေးလို့ရပါတယ်။ ကိုယ်လှူလိုက်တဲ့ ေကျာက်ကပ်တစ်လုံးနဲ့ အခြားသူတစ်ယောက်ရဲ့ အသက်ရှင်ခွင့်ရတာလောက် မွန်မြတ်တဲ့ အလှူမရှိပါဘူး။
    • ကျောက်ကပ်တစ်လုံးလှူလိုက်ပြီးရင် ကျန်ခဲ့တဲ့ ကျောက်ကပ်တစ်လုံးက ၂ လုံးစာကို အလုပ်လုပ်ပေးနိုင်တာဖြစ်လို့ ကိုယ်ခန္ဓါရဲ့ စွန့်ထုတ်ခြင်းလုပ်ငန်းစဉ်တွေ အရမ်းကြီးထိခိုက်သွားတာမျိုး မရှိပါဘူး။ ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲပြဿနာတွေရှိတတ်ပေမယ့် ခြုံပြောရရင် ကျောက်ကပ်တစ်လုံးထုတ်လှူပေးခြင်းဟာ ကျန်းမာရေးကို သိပ်မထိခိုက်နိုင်တဲ့ အလှူတစ်ခုပါ။
    • နောက်အရေးကြီးတာတစ်ချက်ကတော့ အလှူရှင်နဲ့ လက်ခံရမယ့်သူ ရဲ့ ေသွးအမျိုးအစားနဲ့ တစ်ရှူး အမျိုးအစားတွေ တူညီဖို့လိုပါသေးတယ်။ မဟုတ်ရင် တစ်ရှူးမတူ၊ သွေးမတူတာတွေကို ခုခံအားကတိုက်ထုတ်တာကြောင့် အစားထိုးခွဲစိတ်မှု အောင်မြင်မှုနည်းတတ်ပါတယ်။ ဒါပေမယ့် ကျောက်ကပ်ကလုံးဝ အလုပ်မလုပ်နိုင်တော့ဘူး။ ကျောက်ကပ်အစားထိုးဖို့ကလည်း အချိန်နဲ့ အမျှအရေးကြီးနေပြီဆိုရင်တော့ အလှူရင်နဲ့ လက်ခံသူနှစ်ဘက်သဘောတူရင် ကိုက်ညီမှု မရှိလည်း အစားထိုးတဲ့ခွဲစိတ်မှုတွေ လုပ်ပေးလေ့ရှိကြပါတယ်။ မရှိတာထက်စာရင် အတိုက်အခံခံပြီးတစ်ခုရှိနေတော့လည်း မဆိုးဘူးပေါ့။
    • ကျောက်ကပ်လှူပြီးရင် အစားရှောင်စားဖို့ မလိုပါဘူး။ ပုံမှန်စားနေကျ အာဟာရ ဖြစ်တာတွေ အကုန်စားပေးလို့ရပါတယ်။
    • ကျောက်ကပ်လှူတဲ့ ခွဲစိတ်မှု လုပ်ပြီး တစ်ချို့ဆို ၃ ရက်လောက်နဲ့အိမ်ပြန်လို့ရပေမယ့် ဆေးရုံတွေက သတ်မှတ်ထားတဲ့ အလှူရှင်တစ်ယောက် ဆေးရုံမှာနေသင့်တာကတော့ ၂ ပတ်ကနေ ၈ပတ် လောက်အထိဖြစ်ပါတယ်။ ခွဲစိတ်မှုလုပ်ထားတယ်ဆိုတော့ အလေးအပင်တွေ ၆လလောက် မ မဖို့တော့ အရေးကြီးတာပေါ့။
    • နောက်ပြီး ကျောက်ကပ်လှူထားတဲ့ သူတစ်ယောက်ရဲ့ သက်တမ်းဟာ အခြားသူတွေထက်တိုသွားမှာလည်း မဟုတ်သလို ကျောက်ကပ်တစ်လုံးကျန်ခဲ့တာကြောင့် ကျန်ခဲ့တဲ့ ကျောက်ကပ်ကြီးပင်ပန်းပြီး ခဏလေး ပျက်စီးသွားမှာလည်း မဟုတ်ပါဘူး။
    • ကျောက်ကပ်လှူပြီးရင် ကလေးမရနိုင်တော့ဘူး၊ ကလေးမမွေးနိုင်တော့ဘူးဆိုတာ လုံးဝ မှားပါတယ်။ ကျောက်ကပ်လှူတဲ့ခွဲစိတ်မှုဟာ မျိုးပွားခြင်းလုပ်ငန်းစဉ်တွေကို ထိခိုက်ခြင်းမရှိတာကြောင့် လှူပြီးနောက်ပိုင်း ယောက်ျား မိန်းမမရွေး ကလေးရနိုင်ပါတယ်။
    • အလှူရှင်တွေ အနေနဲ့ နောက်ပိုင်း ကံမကောင်းခဲ့လို့ တစ်လုံးတည်းကျန်ခဲ့တဲ့ ကျောက်ကပ်လေး ပျက်စီးသွားတယ် အစားထိုးဖို့လိုအပ်ခဲ့တယ်ဆိုရင်တော့ UNOS ရဲ့ ပေါ်လစီအရ အခြားသူတွေထက် အလှူရှင်တွေကို ဦးစားပေး အစားထိုးခွဲစိတ်မှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်လိုအပ်တဲ့အချိန် မစောင့်ရဘဲ ကျောက်ကပ်ကအဆင်သင့်ရှိနေမှာ ဆိုတော့ ကိုယ့်စေတနာ ပြန်အကျိုးပေးတယ်ပဲ ပြောရမလား။

    ဒါတွေကတော့ ကျောက်ကပ်လှူ တော့မယ်ဆို စဉ်းစားထားတဲ့သူတိုင်း သိထားသင့်တဲ့ အချက်လေးတွေပါ။ နှစ်ခုရှိနေတဲ့အရာကနေ တစ်ခု ဖဲ့ပေးလိုက်ရလို့ ကျန်းမာရေးထိခိုက်တတ်တာမျိုးတွေ မရှိတဲ့အပြင် ကိုယ့်လှူပေးလိုက်တဲ့ တစ်ခုတည်းသော ကျောက်ကပ်လေးနဲ့ အခြားသူတစ်ယောက် ဆက်ပြီး အသက်ရှင်နေထိုင်ခွင့်ရမယ်ဆိုတဲ့ အလှူလောက် ဝမ်းသာပီတိဖြစ်ဖို့ကောင်းတာ မရှိဘူးနော် ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    .

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement