backup og meta

နှုတ်ခမ်းနီမလေးတွေ သိထားသင့်တဲ့အချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှုတ်ခမ်းနီမလေးတွေ သိထားသင့်တဲ့အချက်လေးများ

    နှုတ်ခမ်းနီတွေက လူကိုပိုမိုဆွဲဆောင်မှုရှိသွားစေနိုင်တယ်ဆိုပေမယ့် နှုတ်ခမ်းနီ အများစုမှာ ခဲဓာတ်၊ cadmium၊ chromium၊ aluminum နဲ့ အခြားအဆိပ်ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်း ၅ မျိုးပါဝင်နေတယ်လို့ ကယ်လ်လီဖိုးနီးယားက သိပ္ပံပညာရှင်တွေရဲ့လေ့လာမှုအရသိရပါတယ်။ နှုတ်ခမ်းနီက အမျိုးသမီးအများစုအတွက် အရေးပါလှတဲ့ အလှကုန်တစ်မျိုးဖြစ်သလို အနှစ်သက်ဆုံး အလှပြင်ပစ္စည်း တစ်မျိုးလို့ဆိုလို့ရပါတယ်။

    နှုတ်ခမ်းနီ တော်တော်များများ ခဲဓာတ်တွေပါဝင်နေပြီး ခန္ဓာကိုယ်အတွက် အရမ်းအန္တရာယ်များသလို ခန္ဓာကိုယ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ နှုတ်ခမ်းနီ ကြိုက်နှစ်သက်တဲ့ နှုတ်ခမ်းနီမလေးတွေ အနေနဲ့ အန္တရာယ်ကင်းကင်းနဲ့ လှပနိုင်စေဖို့အတွက် သိထားသင့်တဲ့ အချက်လေးတွေကို လက်လှမ်းမီသလောက် စုဆောင်းဖော်ပြပေးလိုက်ပါတယ်။

    နှုတ်ခမ်းနီမှာပါတဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်ခြင်း

    နှုတ်ခမ်းနီတွေကို တာရှည်အထားခံအောင် အသုံးပြုထားတဲ့ ဖော်မယ်လ်ဒီဟိုက် နဲ့parabens လိုမျိုးဓာတုပစ္စည်းတွေက မျက်လုံးတွေကို ကျိန်းစပ်စေတာ၊ချောင်းဆိုးတာနဲ့ အရေပြားမှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေခံစားရစေနိုင်ပါတယ်။

    ခဲဓာတ်က အာရုံကြောစနစ်ကို ပျက်စီးစေနိုင်ခြင်း

    နှုတ်ခမ်းနီ တော်တော်များများမှာ ခဲဓာတ်က အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့အထိ ခဲဓာတ်ပမာဏတွေများစွာပါဝင်နေတတ်ပါတယ်။ ခဲဓာတ်က အာရုံကြောကိုအဆိပ်ဖြစ်စေနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး ခဲဓာတ်နဲ့ အလွန်အကျွံထိတွေ့မှုက အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်ပျက်စီးတာ၊ ဟော်မုန်း မညီမျှတာနဲ့ မြုံတာမျိုးအထိဖြစ်စေနိုင်ပါတယ်။

    ကျောက်ကပ်ကို ပျက်စီးစေနိုင်ခြင်း

    နှုတ်ခမ်းနီမှာ Cadmium၊ Magnesium နဲ့ Chromium လိုမျိုးဓာတ်တွေက အန္တရာယ်ဖြစ်စေလာက်တဲ့ ပမာဏအထိပါဝင်နေပါတယ်။ အဆိုပါ ဓာတ်ပစ္စည်းတွေ ပေါင်းစည်းမိသွားတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးတာလိုမျိုး အန္တရာယ်ရှိစေနိုင်တဲ့ရောဂါမျိုးတွေခံစားရနိုင်ပါတယ်။

    Cadmium ပါဝင်မှုများတာကကျောက်ကပ်ပျက်စီးသည်အထိဖြစ်စေနိုင်ပါတယ်။

    Petrochemicalsတွေက ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ခြင်း

    နှုတ်ခမ်းနီ တော်တော်များများမှာ petrochemicals ကမပါမဖြစ်ပါဝင်လေ့ရှိတဲ့ အရာတစ်မျိုးပါ။petrochemicals က ကိုယ်ခန္ဓာကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။petrochemicals က ရေနံစိမ်းနဲ့ သဘာဝဓါတ်ငွေ့ကနေထွက်ရှိတဲ့ ဓာတ်ပစ္စည်းတစ်မျိုးပါ။ petrochemicalsတွေက endocrine ဂလင်းတွေကို ထိခိုက်စေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု၊ မျိုးပွားမှုနဲ့ မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပါတယ်။

    ဓာတုဗေဒပစ္စည်းတွေက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ခြင်း

    နှုတ်ခမ်းနီတွေမှာ တာရှည်ခံအောင်bismuth oxychloride ဆိုတဲ့ ဓာတုပစ္စည်းတစ်ခုအသုံးပြုကြပါတယ်။ အဆိုပါ ဓါတုပစ္စည်းတွေက ခန္ဓါကိုယ်ကို ထိခိုက်စေပါတယ်။ နှုတ်ခမ်းနီ ထဲမှာပါဝင်တဲ့carcinogenicတွေကြောင့်လည်း ခန္ဓါကိုယ်ကိုထိခိုက်တာဖြစ်ပါတယ်။ နှုတ်ခမ်းနီတွေမှာ ပါဝင်လေ့ရှိတဲ့ propylparabens ကလည်း ဖော်မယ်လ်ဒီဟိုက်လိုမျိုး တာရှည်ခံအောင် လုပ်ဆောင်ပေးပါတယ်။

    နှုတ်ခမ်းနီ ဆိုးခြင်းက ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်တွေ ဝင်ရောက်စေနိုင်ခြင်း

    နှုတ်ခမ်းနီကို အချိန်ပြည့်နီးပါး ဆိုးထားမယ်ဆိုရင် အစားစားတဲ့အခါ မိမိစားလိုက်တဲ့ အစာတွေမှာ နှုတ်ခမ်းနီတွေ စွန်းပေသွားပြီး စားမိလိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ အချိန် ကြာလာတဲ့အခါ ခန္ဓာကိုယ်တွင်းကို နှုတ်ခမ်းနီရဲ့ အဆိပ်ဓာတ်တွေ အများအပြား ဝင်ရောက်သွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နှုတ်ခမ်းနီတောင့်နဲ့ နှုတ်ခမ်းနီ အဆီတွေကို နေ့စဉ်စားသုံးမိတဲ့အခါ ခန္ဓာကိုယ်တွင်းမှာ aluminium၊ cadmium၊ chromium နဲ့ manganeseတွေနည်းနည်းချင်းစီ ရောက်ရှိသွားပြီး အချိန်ကြာလာတာနဲ့အမျှ ပမာဏတွေ တိုးလာပြီး အဆိပ်သင့်တာမျိုးတွေ ခံစားလာရစေပါတယ်။

    နှုတ်ခမ်းနီမှာပါတဲ့ ဓာတုပစ္စည်းတွေနဲ့ ၎င်းတို့ရဲ့ ဆိုးကျိုးများ

    အောက်မှာဖော်ပြထားတဲ့ အရာတွေက နှုတ်ခမ်းနီ အများစုမှာပါဝင်လေ့ရှိတဲ့ အဆိပ်ဖြစ်စေနိုင်တဲ့ ဓာတုဓာတ်ပစ္စည်းတွေဖြစ်ပါတယ်။

    • Chromium – ကာစီနိုဂျင်တစ်မျိုးဖြစ်ပြီး အစာအိမ်မှာ အကျိတ်အဖုတွေဖြစ်စေနိုင်ပါတယ်။
    • ခဲဓာတ် – နှုတ်ခမ်းနီအများစုမှာ ခဲဓာတ်ပမာဏများစွာပါဝင်ပြီး အာရုံကြောတွေကို အဆိပ်သင့်စေနိုင်သလိုဟော်မုန်းတွေကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။
    • Cadmium –  ပမာဏများလာတဲ့အခါကျောက်ကပ်တွေကို ထိခိုက်ပျက်စီးစေနိုင်သလို အရိုးတွေကို ကျိုးလွယ်စေပါတယ်။
    • မဂ္ဂနိက ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပေမယ့် ပမာဏအရမ်းများလွန်းရင်တော့ ပါကင်ဆန်ရောဂါလိုမျိုးရောဂါတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
    • Aluminum ကအာရုံကြောစနစ်ကို အဆိပ်သင့်စေနိုင်ပြီး လူ့ခန္ဓာကိုယ်အတွက် အကျိုးမပြုပါဘူး။

    အမျိုးသမီးတွေအနေနဲ့ တစ်နေ့တာအတွင်း နှုတ်ခမ်းနီကို အကြိမ်ကြိမ်ဆိုးနေမယ်ဆိုရင် အန္တရာယ်ကင်းတဲ့ပမာဏထက်ကျော်ပြီး ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာကနေတဆင့် ခန္ဓာကိုယ်ကို ထိခိုက်အဆိပ်သင့်တာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    ဘေးကင်းတဲ့ နှုတ်ခမ်းနီတစ်တောင့် ဘယ်လိုဝယ်ယူမလဲ

    နှုတ်ခမ်းနီမလေးတွေ အနေနဲ့ အန္တရာယ်ကင်းတဲ့ နှုတ်ခမ်းနီတစ်တောင့် ဝယ်ယူလိုတယ်ဆိုရင်တော့

    • phenol၊ menthol နဲ့ salicylic အက်ဆစ်တွေပါဝင်တဲ့နှုတ်ခမ်းနီတွေက ခန္ဓာကိုယ်က နှုတ်ခမ်းတစ်ဝိုက်မှာ အစိုဓာတ်ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးမှုကို ရပ်တန့်သွားစေတာမျိုးဖြစ်စေနိုင်တာကြောင့် အဆိုပါ အက်ဆစ်တွေပါဝင်နေတဲ့ နှုတ်ခမ်းနီကို မဝယ်သင့်ပါဘူး။ အလွန်အကျွံသုံးစွဲမယ်ဆိုရင် နှုတ်ခမ်းအပေါ်ယံလွှာတွေခြောက်သွေ့ပြီး ကွာကျတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
    • အနံ့အရသာထည့်ထားတဲ့ နှုတ်ခမ်းဆိုးဆေးအဆီတွေက အနံ့နဲ့အရသာအတွက် ဓာတုပစ္စည်းတွေကို ပုံမှန်ထက်ပိုထည့်သွင်းပြုလုပ်ထားတာကြောင့် အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်သလို အရေပြားဓာတ်မတည့်မှုတွေကိုလည်းဖြစ်စေနိုင်ပါတယ်။
    • SPF 30 ပါတဲ့နှုတ်ခမ်းဆိုးဆေးအဆီတွေကို ဝယ်ယူပါ။ နှုတ်ခမ်းနီအရောင်တောက်တောက်တွေက နှုတ်ခမ်းသားကိုနေရောင်တိုက်ရိုက်ထိုးဖောက်စေနိုင်တာကြောင့် အရေပြားကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် နေရောင်ပြင်းပြင်းထဲထွက်မယ်ဆိုရင် နှုတ်ခမ်းကိုလည်းနေလောင်ကာခရင်မ်လူးပေးပါ။ နှုတ်ခမ်းသားမှာလည်း အရေပြားကင်ဆာဖြစ်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement