မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက လေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ဒီပြဿနာကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုပြီး တွေးရခက်နေပြီလား………
ရာသီစက်ဝန်းကို တွက်ချက်ပါ။
ထွက်မှာ သေချာပြီလား။
မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက လေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ဒီပြဿနာကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုပြီး တွေးရခက်နေပြီလား………
ဒါဆိုရင်တော့ မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံသက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။
မိန်းမကိုယ်မှာ ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။
ဒါတွေအပြင်
မိန်းမကိုယ်မှာ ပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့ဆိုရင်
မိန်းမကိုယ်မှာ ဝက်ခြံထွက်တဲ့အခါ ရေပူနဲ့ ရေချိုးတာက ဝက်ခြံကို ပိုဆိုးစေနိုင်တယ်ဆိုပေမယ့်။ အဝတ်စ၊ ဒါမှမဟုတ် ဂွမ်းစ သန့်သန့်လေးမှာ ရေနွေးဆွတ်ပြီး ဝက်ခြံပေါ် ဖိကပ်ပေးတာက ဝက်ခြံကိုသက်သာစေမှာပါ။
ဒါကြောင့် ဝက်ခြံဖြစ်တဲ့အခါ အရင်ဆုံး ရေနွေးဝတ် ကပ်ပေးပါ။
ဝက်ခြံထွက်တာက စိုထိုင်းမှု များတာကြောင့် ဖြစ်နိုင်ပါတယ်။ ဝက်ခြံ သက်သာအောင် အစိုဓာတ် ထိန်းပေးရတယ်ဆိုပေမယ့် မိန်းမကိုယ်မှာ ပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့ကတော့ မိန်းမကိုယ်ကို ခြောက်သွေ့အောင် ထားဖို့ လိုပါမယ်။
မိန်းမကိုယ်မှာ ဝက်ခြံ ထွက်တဲ့အခါ ယားယံတာ၊ နေရတာ သက်တောင့်သက်သာ မရှိတာမျိုး ခံစားရနိုင်ပေမယ့် ကုတ်ဖဲ့တာမျိုး၊ ညှစ်ထုတ်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက ဝက်ခြံကို ပိုဆိုးစေနိုင်လို့ပါ။
မိန်းမကိုယ်မှာ ဝက်ခြံ ဖြစ်တဲ့အခါ ဘက်တီးရီးယားတွေကြောင့် ဖြစ်တာ သန့်သွားအောင်ဆိုပြီး ဆပ်ပြာနဲ့ သန့်စင်တာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ယားယံတာကို ပိုဆိုးစေသလို ဝက်ခြံတွေ ထပ်ဖြစ်လာစေနိုင်ပါတယ်။
နုနယ်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ မိန်းမကိုယ်မှာ ဝက်ခြံဖြစ်လာပြီဆိုရင် ဓာတုပစ္စည်းတွေအစား သဘာဝ ပစ္စည်းလေးတွေက ပိုအဆင်ပြေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ် အနှစ်၊ သခွားသီးအရည်စတာတွေကို လိမ်းပေးလို့ရပါတယ်။
ဝက်ခြံဖြစ်တဲ့အခါ ဝက်ခြံ သက်သာစေဖို့နဲ့ နေရထိုင်ရ သက်တောင့်သက်သာဖြစ်စေဖို့အတွက် ချည်သား ပွပွချောင်ချောင်လေးတွေကို ဝတ်ဆင်ပေးပါ။ ဒီလို ဝတ်ဆင်ပေးတာက ဝက်ခြံသက်သာစေဖို့ရော ထပ်မဖြစ်စေဖို့ပါ ကာကွယ်ပေးနိုင်ပါတယ်။
နောက်ဆုံး သတိပေးချင်တာ တစ်ခုက ဒီလိုမျိုး မိန်းမကိုယ်မှာ ဝက်ခြံပေါက်နေချိန်မှာ ဆီးခုံမွှေးဖယ်ရှားတာမျိုး၊ ရိတ်ပစ်တာမျိုးတွေ၊ အဝတ်အစား ကြပ်ကြပ်တွေ ဝတ်တာမျိုး မလုပ်ပါနဲ့။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်း ရက်အရေအတွက်
(days) ရက်
ရာသီရက်စုစုပေါင်း
(days) ရက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Yes, That’s Acne On Your Vagina. Here’s How To Treat It. https://www.prevention.com/health/a20471293/treatment-for-vaginal-acne/ Accessed Date 21 December 2020
An Overview of Vaginal Pimples https://www.verywellhealth.com/vaginal-pimples-overview-4685090 Accessed Date 21 December 2020