လိင်ဆက်ဆံမှုမပြုဘဲ မိန်းမကိုယ်ပိုးဝင်နိုင်ပါသလား
လိင်ဆက်ဆံမှုမပြုဘဲ မိန်းမကိုယ်ပိုးဝင်နိုင်ပါသလား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
မိန်းမကိုယ် ကူးစက်ရောဂါ ဖြစ်ပွားခြင်း ကို ဘယ်လိုသိရှိမလဲ။
မိန်းမကိုယ် ကူးစက်ရောဂါ ဖြစ်ပွားခြင်းရဲ့ လက္ခဏာ အများစုကတော့ မိန်းမကိုယ် တစ်ဝိုက်မှာ ယားယံခြင်း၊ ပူလောင်ခြင်း၊ နာကျင်ခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်း တွေပဲ ဖြစ်ပါတယ်။ သင်ဟာ လိင်ဆက်ဆံမှုများပြီး မကြာသေးမီက လူတစ်ယောက်ယောက်နဲ့ လိင်ဆက်ဆံခဲ့ပြီး အထက်ဖေါ်ပြပါ လက္ခဏာတွေကို ကြုံတွေ့နေရပြီဆိုရင် သင့်မှာ လိင်မှ တစ်ဆင့် ကူးစက်ရောဂါဖြစ်ပွားနေဖို့ များပါတယ်။
မိန်းမကိုယ် ကူးစက်ရောဂါ ဖြစ်ပွားခြင်းဟာ လိင်မှုဆိုင်ရာ ပတ်သက်မှု များသူတွေမှာ မက လိင်မဆက်ဆံတဲ့သူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ အထက်ဖေါ်ပြပါ လက္ခဏာတွေ ရှိနေပြီဆိုရင် မိန်းမကိုယ် ကူးစက်ရောဂါ ဖြစ်ပွားခြင်း၊ လိင်မှတစ်ဆင့်ကူးစက်ရောဂါ ဖြစ်ပွားခြင်းတွေ ဖြစ်ဖို့ ရာခိုင်နှုန်း အလွန်များပါတယ်။ ဒါကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်ခင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
မိန်းမကိုယ်ကူးစက်ရောဂါ အမျိုးအစားများ
Bacterial vaginosis ဟာ မိန်းမကိုယ် အတွင်း ဘက်တီးရီးယားတစ်မျိုး အပွားလွန်မှုကြောင့် ဖြစ်ပွားပါတယ်။ လက္ခဏာတွေကတော့ မိန်းမကိုယ်အတွင်း ငါးညှီနံ့နံခြင်း၊ ပုံမှန်ထက်ပိုပြီး မိန်းမကိုယ် အတွင်း အရည်များခြင်းနဲ့ မိန်းမကိုယ် ပတ်လည်တွင် ယားယံခြင်းတို့ပဲဖြစ်ပါတယ်။ ဒီရောဂါဟာ လိင်ဆက်ဆံတဲ့သူတွေမှာရော၊ လိင်မဆက်ဆံတဲ့သူတွေမှာပါ ဖြစ်ပွားနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။