-ညှပ်ရိုးရဲ့ အပေါ်နဲ့အောက်မှာလည်း အကြိတ်ရှိမရှိစမ်းပါ။
-လက်တစ်ဖက်ကို ခေါင်းပေါ်ကကျော်ပြီး တောင့်ထားပါ။ ကျန်တဲ့တစ်ဖက်နဲ့ ရင်သားတစ်ခုလုံးကို စမ်းပါ။ ညှပ်ရိုးရောက်တဲ့အထိစမ်းပါ။ နောက်ရင်သားတစ်ဖက်ကိုလည်း ဒီတိုင်းစမ်းပေးပါ။
လှဲပြီးစမ်းနည်း
-လှဲပြီး ခေါင်းအုံး ဒါမှမဟုတ် အဝတ်ထူထူကိုခေါက်ပြီး ဂုတ်အောက်မှာထားပါ။ ညာဖက်လက်ကို ခေါင်းအောက်မှာခုထားပါ။ ဘက်ဖက်လက်နဲ့ ညာဖက်ရင်သားကို စမ်းပါမယ်။ လိုးရှင်းတစ်ခုခုလိမ်းထားရင် ပိုပြီးစမ်းရလွယ်ပါတယ်။
-လက်ကို စက်ဝိုင်းပုံစံလှည့်ပြီး ရင်သားတစ်ခုလုံးကို နှံ့နှံ့စပ်စပ်စမ်းပါ။ ချိုင်းထဲထိရောက်အောင်စမ်းပါ။
-နောက်ဆုံးနို့သီးခေါင်းကို ဖိကြည့်ပါ။ အောက်မှာအလုံးတစ်ခုခုခံနေလား။ နို့သီးခေါင်းအလွယ်တကူနစ်ဝင်သွားလားဆိုတာကို စမ်းကြည့်ပါ။
ရင်သားကို ရာသီစလာပြီး ၁ပတ် ၁၀ရက်လောက်နေမှ စစ်တာ ကောင်းပါတယ်။ ရာသီလာခါနီးရင် ရင်သားတင်းပြီး နာနေတာကြောင့် သေချာမစမ်းမိဘဲ လွတ်သွားနိုင်ပါတယ်။ ရင်သားဓာတ်မှတ်ရိုက်တာက အကျိတ်သေးသေးလေးတွေကို တွေ့နိုင်တယ်ဆိုပေမယ့် ဒီလို မရိုက်နိုင်ဘူးဆိုရင်တောင် တစ်လတစ်ခါလောက်တော့ ကိုယ်တိုင်စစ်ဆေးသင့်ပါတယ်။
မှဲ့ကလည်း အခန့်မသင့်ရင် ကင်ဆာပြောင်းနိုင်ပါတယ်။ မှဲ့တွေက အရေပြားပေါ်မှာ ထင်းနေပြီး သိသာတဲ့အတွက် ပုံမှန်ဂရုတစိုက် စစ်ဆေးပေးမယ်ဆိုရင် မှဲ့ကင်ဆာကို စောစောစီးစီး သတိထားမိမှာပါ။ နဂိုမှဲ့က ပုံစံပြောင်းလာတာလား။ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ မှဲ့အသစ်ထွက်လာတာဆိုတာ စစ်ဆေးဖို့ လိုပါတယ်။ အနည်းဆုံး တစ်လ တစ်ခါလောက် စစ်ပေးပါ။
မှဲ့တစ်ခု ပုံမှန် ဟုတ်လား မဟုတ်ဘူးလား ဆိုတာကို အောက်က လက္ခဏာတွေနဲ့ တိုက်စစ်လို့ရပါတယ်။ အလွယ် ‘ABCDE ‘ လို့ မှတ်ထားပါ။ တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုတဲ့ လက္ခဏာတွေ ရှိနေရင် ဆရာဝန်နဲ့ သွားပြပါ။
- A (asymmetrical shape) – မှဲ့က ပုံစံမမှန်ဘူး။ ဥပမာ နှစ်ခြမ်းကွဲနေပြီး တစ်ခြမ်းနဲ့ တစ်ခြမ်း မတူတာ
- B ( irregular border) – အနားသတ်တွေ မညီဘူး။ အဖုတွေ ထနေတယ်။ ချိုင့်နေတယ် စသဖြင့်။
- C (changes in color) – မှဲ့က အရောင်မညီဘူး။
- D (diameter) – မှဲ့ရဲ့ အရွယ်က ၆မီလီမီတာ (ခဲတံနောက်က ခဲဖျက်ဆိုဒ်) ထက် ပိုကြီးတယ်။
- E (evolving) – မှဲ့က အရင်ကနဲ့ မတူတော့ဘူး။ အရွယ်တွေ ပြောင်းတာတယ်။ အရောင်တွေ ပြောင်းလာတယ်။ ယားလာတယ်။ သွေးထွက်လာတယ် စတဲ့ လက္ခဏာ အသစ်တွေ ပေါ်လာရင် သတိထားရပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။