backup og meta

ရင်သားကင်ဆာ မဖြစ်စေဖို့ အမူအကျင့်လေးတွေဂရုစိုက်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာ မဖြစ်စေဖို့ အမူအကျင့်လေးတွေဂရုစိုက်ကြမယ်

    မိန်းကလေးတွေ အတွက် အကြောက်ရဆုံး ရောဂါတွေထဲမှာ ရင်သားကင်ဆာ က ထိပ်ဆုံးက ပါဝင်နေတာ သိကြပြီး ဖြစ်မှာပါ။ ဟိုးအရင်က ကင်ဆာ ဆိုတာ လူတစ်ရာမှာ နှစ်ယောက်လောက်ပဲ ဖြစ်တာ တွေ့ရတဲ့အထိ ကြားရခဲတဲ့ ဝေါဟာရပါနော်။ ခုများတော့ ကိုယ်သိကျွမ်းတဲ့လူတွေထဲ အကောင်းကြီး ကနေ ကင်ဆာတဲ့ ဆိုပြီး ရုတ်တရက် သိလိုက်ရတာတွေ အများကြီးကို တွေ့နေရပါတယ်။ ကင်ဆာဖြစ်ပွားမှုမှာ နိုင်ငံတကာကို မီလာခဲ့တဲ့ အဖြစ်ပါပဲ။ ရင်သားကင်ဆာ ဆိုတာ မျိုးဗီဇကြောင့် ဖြစ်ရတာကလွဲလို့ ကြိုတင်ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မိသားစုမှာ မျိုးရိုးရှိတယ်ဆိုရင်တောင် ရင်သားကင်ဆာ မဖြစ်စေဖို့ အမူအကျင့်လေးတွေဂရုစိုက်ကြမယ် ဆိုရင် ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။

    ရင်သားကင်ဆာ မဖြစ်စေဖို့ အမူအကျင့်လေးတွေဂရုစိုက်ကြမယ်

    ရင်သားကင်ဆာ မဖြစ်စေဖို့ ဆိုရင် အရင်ဆုံး –

    • အစားအသောက်ကို ဟန်ချက်ညှိပါ

    အစားအသောက်ကြောင့် ဒီရောဂါကို ဘယ်လို သက်ရောက်မှု ရှိနေလဲ ဆိုတာကို သုတေသန ပညာရှင်တွေက လေ့လာနေဆဲ ဖြစ်ပေမယ့် အစားအသောက်ကို ချင့်ချိန်ဆင်ခြင်မယ်ဆို ဖြစ်နိုင်ခြေ နည်းစေမှာတော့ အမှန်ပါပဲ။ အသီးအရွက်၊ သစ်သီးတွေ၊ ပဲနဲ့ ပြောင်းနှံတွေကို အဓိကထား စားသုံးဖို့ လိုပါတယ်။ အသား သို့မဟုတ် ငါးလည်း ထိုက်သင့်သလောက်ပါရမယ်ဆိုပေမယ့် အသီးအရွက်တွေ၊ သစ်သီးတွေနဲ့ တစ်နေ့တာကို ဝန်းရံဖို့လိုပါတယ်။ ပြင်ပ အစားအစာတွေ၊ အသင့် အမြန်စားတွေကို တတ်နိုင်သလောက် လျှော့ပါ။

  • အယ်လ်ကိုဟော သတိပြုပါ
  • လေ့လာမှုတွေ အရ ဝိုင်၊ ဘီယာ ဒါမှမဟုတ် အရက် တစ်ခုခုကို တစ်နေ့ နှစ်ခွက်၊ သုံးခွက်သောက်တဲ့ အမျိုးသမီး တစ်ယောက်ဟာ အယ်လ်ကိုဟော မသောက်တဲ့သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုများပါတယ်။ လုံးဝ မရှောင်နိုင်ရင်တောင် တစ်နေ့ကို တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူးလို့ ပညာရှင်တွေက သတိပေးပါတယ်။ မဟုတ်ရင် တဖြည်းဖြည်းနဲ့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါလိမ့်မယ်။

    • ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

    ပုံမှန် လေ့ကျင့်ခန်း လုပ်တာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။ သိပ်အကြမ်းမဟုတ်တဲ့ တော်တန်ရုံကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေကို တစ်နေ့ ၁၀ မိနစ်၊ မိနစ်၂၀ လောက်နဲ့ လုပ်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူတွေဆို ဒီရောဂါဖြစ်နိုင်ခြေပိုများပါတယ်။

  • ကိုယ်အလေးချိန်ကို မေ့မထားပါနဲ့
  • ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းထားမယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်များတဲ့သူတွေ ဒါမှမဟုတ် အဝလွန်သူတွေမှာ ဖြစ်နိုင်တဲ့အန္တရာယ်ပိုများပါတယ်။ သွေးဆုံးထားတဲ့အမျိုးသမီးတွေအတွက် ဒီအချက်ကပိုအရေးကြီးပါလိမ့်မယ်။

    • အမျှင်ဓာတ်များတာပိုစားပါ

    အမျှင်ဓာတ်က ဂျုံကြမ်း၊ အသီးအရွက်၊ အသီးအနှံနဲ့ ပဲအမျိုးမျိုး မှာပါဝင်တတ်ပါတယ်။ အမျှင်ဓာတ်များများစားတဲ့မိန်းကလေးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေပိုနည်းတယ်လို့ သုတေသနအများကြီးရှိပါတယ်။ အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေကြောင့် ဆီးချိုနဲ့နှလုံးရောတွေကိုတောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။

    • ဗီတာမင် ဒီ ရရဲ့လား

    အရေပြားကို နေရောင်ခြည်ထိတွေ့တဲ့အခါ ခန္ဓါကိုယ်ထဲမှာ ဗီတာမင်ဒီဖြစ်ပေါ်လာပါတယ်။ ဗီတာမင် ဒီကို ဆယ်လ်မွန်ငါး၊ ကမာ၊ ဆာဒင်းငါးနဲ့ ဖြည့်စွက်နို့တွေကနေလည်း ရရှိနိုင်ပါတယ်။ ဒီဓါတ်ကို လုံလောက်အောင်မရနိုင်ဘူးဆိုရင် ရင်သားကင်ဆာအန္တရာယ်ကပိုများလာနိုင်ပါတယ်။

    • လေ့လာပါ

    ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို လေ့လာပါ၊ ဖတ်ရှုပါ၊ မှတ်သားပါ။ အယူအဆမှားတွေလား၊ အမှန်တကယ်သတိထားသင့်တာလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ပါ။ ကိုယ့်ရင်သားကို အမြဲစစ်ဆေးစမ်းသပ်ပါ။ မသေချာရင် ကျန်းမာရေးစစ်ဆေးမှုကို ခံယူဖို့ မနှေးပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement