backup og meta

မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thant Zin မှ ရေးသားသည်။ · 11/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ

    အမျိုးသမီးအများစုဟာ အချိန်နဲ့အမျှ မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ပြဿနာတချို့ကို ကြုံတွေ့နေရပါတယ်။ ဒီပြဿနာတွေဟာ ရာသီစက်ဝန်း၊ လိင်မှုကိစ္စ၊ ရောဂါပိုးကူးစက်ခြင်း၊ သန္ဓေတားခြင်း၊ အိုမင်းလာခြင်း၊ တားဆေးများသုံးစွဲခြင်း၊ ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်း ပြောင်းလဲလာခြင်း စတာတွေနဲ့ သက်ဆိုင်ပါတယ်။

    ပုံမှန်မဟုတ်တဲ့ အဖြူတွေ၊ အရည်တွေ ဆင်းခြင်းကလည်း မိန်းမကိုယ်မှာ ပြဿနာရှိကြောင်းပြတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဆီးသွားရာမှာ ပြောင်းလဲလာတာ ဥပမာ မကြာခဏသွားနေတာ၊ ဆီးသွားရင် ပူတာ စတာတွေဟာ မိန်းမကိုယ်ပြဿနာရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ ကို ပြောပြပေးချင်ပါတယ်။

    မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ

    မိန်းမကိုယ်ပြဿနာများနှင့် ဖြေရှင်းခြင်းများ အကြောင်း အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    • မိန်းမကိုယ် ပတ်လည် နာကျင်ခြင်း

    ရောဂါပိုးကူးစက်ခြင်းနဲ့ တခြားရောဂါတွေကြောင့် မဟုတ်ဘဲ မိန်းမကိုယ်ပတ်လည်တဝိုက် နာတာရှည်နာကျင်ခြင်းကို vulvodynia လို့ ခေါ်ပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ သေချာမသိရပေမယ့် ဟော်မုန်းတွေ ပြောင်းလဲခြင်း၊ ရောင်ရမ်းခြင်း၊ အာရုံကြောဆိုင်ရာ ပြဿနာများရှိခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်စုံတစ်ခုနဲ့ ထိုးသွင်းသလို နာကျင်မှုကို ပေါ်လိုက်ပျောက်လိုက် ခံစားရပြီး ပူခြင်း၊ ယားယံခြင်း၊ သက်သောင့်သက်သာ မရှိခြင်းစတဲ့ ခံစားမှုမျိုးတွေလည်း ကြုံတွေ့နိုင်ပါတယ်။

    တစ်ခါတလေ ဘာမှန်းမသိတဲ့ အဖုအလုံးတစ်ခုခုကို စမ်းမိနိုင်ပါတယ်။ တစ်ခါတစ်ရံ အမွေးဟာ အတွင်းဘက်ကို လှည့်ပြီးထွက်တာကြောင့် အမွေးအိတ်ရောင်ရမ်းပြီး အဖုအကျိတ် ဖြစ်တတ်ပါတယ်။ မကြာသေးမီက ရိတ်ထားတာ ရှိမရှိ ပြန်စဉ်းစားပါ။ ဒါမှမဟုတ် Bertholin အိတ်တည်ခြင်း ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်ထဲမှာ Bertholin ဂလင်း ၂ခုရှိပါတယ်။ သူတို့ဟာ ချောမွေ့စေတဲ့ အရည်တွေ ထုတ်ပေးပါတယ်။ တစ်ခါတရံမှာ ပိုးဝင်တာမျိုးဖြစ်ရင် ဂလင်းလမ်းကြောင်း ပိတ်သွားပြီး ရောင်လာနိုင်ပါတယ်။ Skene လို့ခေါ်တဲ့ မိန်းမကိုယ်တွင်း ဂလင်းတစ်မျိုးရောင်ရင်လည်း ဖြစ်တတ်ပါတယ်။

    ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်စတဲ့ ပိုးတစ်မျိုးမျိုးကြောင့် မိန်းမကိုယ်ပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်ရဲ့ အက်ဆစ်ဓာတ်ကို လျော့နည်းစေတဲ့အရာတွေကလည်း မိန်းမကိုယ်ပိုးဝင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ တချို့ရောဂါပိုးတွေကတော့ လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်ပါတယ်။

    မိန်းမကိုယ်ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကတော့

    • ပုံမှန်မဟုတ်သော အရည်များဆင်းခြင်း (အရောင်အနံ့ကွာပါတယ်)
    • မိန်းမကိုယ်ပတ်လည် ရောင်ရမ်းယားယံခြင်း၊ မိန်းမကိုယ်ယားယံခြင်း
    • လိင်ဆက်ဆံစဉ် နာကျင်ခြင်း၊ လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
    • ဗိုက်အောင့်ခြင်း
    • မိန်းမကိုယ်ပတ်လည်နှင့် စအိုတဝိုက် ရောင်ရမ်းခြင်း၊ အဖုပေါက်ခြင်း၊ အနာဖြစ်ခြင်း
    • ဆီးသွားစဉ်နာကျင်ခြင်း စတာတွေဖြစ်ပါတယ်။ ဒီလက္ခဏာတွေ တွေ့ရရင် ဆရာဝန်ပြသဖို့ လိုပါတယ်။
    • မိန်းမကိုယ် မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်း

    ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ် ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက် အရည်ဆင်းတာဟာ ပုံမှန်ကိစ္စပဲ ဖြစ်ပါတယ်။ ရာသီစက်ဝန်းအတွင်း၊ လိင်စိတ်နိုးကြားချိန်အတွင်းနဲ့ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ ဆင်းတဲ့ပမာဏနဲ့ အရောင်ပြောင်းတတ်ပါတယ်။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်းဟာ ရောဂါပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    • Trichomoniasis ကူးစက်ခြင်း

    Trich လို့လည်းခေါ်တဲ့ ဒီရောဂါပိုးဟာ Trichomonas vaginalis လို့ခေါ်တဲ့ ရောဂါပိုးကြောင့် ဖြစ်တတ်ပါတယ်။ အမြှုပ်ထနေတဲ့ အဝါရောင်၊ အစိမ်းရောင်အရည် ဆင်းတတ်ပြီး မိန်းမကိုယ်မှာ ယားယံတာ ခံစားရတတ်ပါတယ်။ တစ်ခါတစ်လေမှာ လက္ခဏာလုံး၀ မပြတာလည်း ဖြစ်တတ်ပါတယ်။

    လိင်မှတစ်ဆင့်ကူးစက်တတ်ပြီး လက္ခဏာပြနေပြီ ထင်ရတဲ့အခါ အောက်ပါအချက်တွေ လိုက်နာသင့်ပါတယ်။

    • လိင်ဆက်ဆံခြင်း မပြုပါနဲ့။ ဒါက ရောဂါပိုးပြန့်ပွားခြင်းကို ဟန့်တားနိုင်ပါတယ်။
    • မိန်းမကိုယ်အတွင်းထဲထိ မဆေးကြောပါနှင့်။ ဒီလိုဆေးကြောခြင်းဟာ မိန်းမကိုယ်အတွင်း ဘက်တီးရီးယားများရဲ့ ဟန်ချက်ညီမှုကို ပျက်ပြားစေနိုင်ပါတယ်။ ရောဂါပိုးဝင်တဲ့ အချိန်ဆိုရင် သားအိမ်နဲ့ မျိုးဥပြွန်ဆီ ကူးစက်သွားနိုင်ပြီး တင်ပဆုံတွင်း အင်္ဂါများ ရောင်ရမ်းတဲ့ရောဂါ ဖြစ်နိုင်ပါတယ်။
    • မိန်းမကိုယ် အထိမခံနိုင်ခြင်း

    မိန်းမကိုယ်တွင်း တစ်ခုခုဝင်ရောက်တဲ့အခါ (tampon၊ စမ်းသပ်ရာတွင် သုံးသည့် ဘဲနှုတ်သီး၊ ယောက်ျားတန်ဆာ စသည်တို့) နာကျင်တာမျိုး ဖြစ်ပါတယ်။ တစ်ခါတရံမှာ မိန်းမကိုယ်ပတ်လည်က ကြွက်သားတွေ လှုပ်ရှားရင်တောင် နာကျင်နေတတ်ပါတယ်။ ဒီရောဂါကြောင့် အမျိုးသမီးများ အတူနေတဲ့အခါ ပြဿနာရှိတတ်ပါတယ်။ တစ်ခါတရံမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်အသုံးချတာတွေ၊ ထိခိုက်ဒဏ်ရာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

    မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ ကို သိလောက်ပြီ ထင်ပါတယ်။ အမျိုးသမီး ကျန်းမာရေးအတွက် အရေးပါတဲ့ မိန်းမကိုယ်လေး ကျန်းမာနေစေဖို့ သေချာ ဂရုစိုက်စောင့်ရှောက်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Dr. Thant Zin မှ ရေးသားသည်။ · 11/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement