သူ့ဟာသူ လာနေတဲ့ ရာသီရက် ကို ဘာကြောင့် ရွှေ့ချင်တာတုန်းလို့ မေးစရာ ရှိပါတယ်။ ဒါပေမယ့် ရာသီတစ်ခါလာရင် ဘယ်လောက်ပင်ပန်းလဲဆိုတာ အမျိုးသမီးတွေ အသိဆုံးပါ။ မလာခင်လည်း စိတ်တွေတိုရ၊ လာနေတော့လည်း ကိုယ်လက်တွေကိုက်၊ ဗိုက်တွေအောင့်၊ ဒီpadတွေလဲရတာလည်း အလုပ်တစ်လုပ်ဆိုတော့ စိတ်ရှုပ်စရာပါ။ သာမန်အချိန်ဆို ပြဿနာ မရှိပေမယ့် တစ်ခုခု အရေးကြီးတာ လုပ်စရာရှိတယ်ဆို သွားပြီပဲ။
ရာသီစက်ဝန်းကို တွက်ချက်ပါ။