ခုဆက်ပြောသွားမှာကတော့ သွေးဆုံးခြင်းနဲ့ သိုင်းရွိုက်ဂလင်းအကြား ဆက်နွယ်မှု ဘယ်လိုရှိသလဲဆိုတာနဲ့ သွေးဆုံးခြင်းလက္ခဏာနဲ့ နောက်ဆက်တွဲပြဿနာတွေကို သိုင်းရွိုက်အားနည်းခြင်းက ဘယ်လိုအကျိုးသက်ရောက်စေသလဲဆိုတာပါပဲ။
အီစထရိုဂျင်ဟော်မုန်းနှင့် သိုင်းရွိုက်ဂလင်းလုပ်ငန်းတာဝန်
သွေးဆုံးချိန်မှာ အီစထရိုဂျင်ဟော်မုန်းပမာဏက သိသိသာသာ ကျဆင်းသွားပါတယ်။ ဒါကြောင့် သွေးဆုံးခြင်းနဲ့ ပတ်သက်တဲ့ လက္ခဏာများ ပေါ်လာတတ်ပါတယ်။ အီစထရိုဂျင်ပမာဏက သိုင်းရွိုက်ဂလင်းနဲ့ လုပ်ငန်းတာဝန်တွေကိုလည်း သက်ရောက်မှုရှိပါတယ်။
၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ အီစထရီုဂျင်ပမာဏ ကျဆင်းလာခြင်းက သိုင်းရွိုက်ရဲ့ အလုပ်လုပ်နိုင်အားကိုလည်း ကျဆင်းစေပြီး သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်တာကိုလည်း လျော့နည်းစေပါတယ်။ ဒီဟော်မုန်းနှစ်ခုကြားက ဆက်နွယ်မှုကို ပိုမိုသိရှိနိုင်ဖို့ သုတေသနတွေ ထပ်မံလုပ်ဆောင်ဖို့တော့ လိုအပ်ပါသေးတယ်။
သိုင်းရွိုက်အားနည်းခြင်း က သွေးဆုံးချိန်လက္ခဏာတွေအပေါ် သက်ရောက်မှု ဖြစ်စေသလား
သိုင်းရွိုက်အားနည်းခြင်းက သွေးဆုံးချိန် လက္ခဏာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ သိုင်းရွိုက်ပြဿနာနဲ့ သွေးဆုံးခြင်းကို တွေ့ကြုံရသူ အမျိုးသမီးတွေဟာ သိုင်းရွိုက်အတွက် ကုသမှုခံယူလိုက်ရင် သွေးဆုံးချိန်ဖြစ်ပေါ်တဲ့ လက္ခဏာတွေပါ သက်သာသွားကြောင်း တွေ့ရပါတယ်။