ဘယ်သူတွေ ဟော်မုန်း အစားထိုး ကုသမှု မခံယူသင့်ဘူးလဲ။
- သွေးခဲတတ်တဲ့ ပြဿနာ ရှိသူတွေ
- ကင်ဆာ ရောဂါဖြစ်ဖူးသူ/ ရှိသူ (ဥပမာ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ)
- နှလုံးရောဂါ သို့မဟုတ် အသည်းရောဂါ
- နှလုံး သွေးကြောကျဉ်း ရောဂါ
- ကိုယ်ဝန်ရှိသူ သို့မဟုတ် ကိုယ်ဝန်ရှိတယ်လို့ သံသယရှိရင်
- လေဖြတ်ဖူးရင်
- အကြောင်းရင်း မရှိဘဲ မိန်းမကိုယ်က သွေးဆင်းရင်
ဟော်မုန်း အစားထိုး ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးများ
သာမန် အပရိက လက္ခဏာတွေကတော့
- အစာမကြေတာ
- ရင်သားတွေ တင်းပြီး နာတာ
- ခေါင်းကိုက်တာ
- စိတ်အတက်အကျ မြန်တာ
- ပျို့တာ
- မိန်းမကိုယ်က သွေးဆင်းတာတွေပဲ ဖြစ်ပါတယ်။
ရေရှည်ကုသမှု ခံယူမယ်ဆိုရင်
- ရင်သားကင်ဆာ
- နှလုံးသွေးကြောကျဉ်းတာ
- ခြေထောက် သွေးခဲပိတ်တာ
- လေဖြတ်တာ စတာတွေ ဖြစ်လာနိုင်ချေ ရှိပါတယ်။
ဒါက လူတိုင်းဖြစ်မှာတော့ မဟုတ်ပါဘူး။ သွေးဆုံးပြီး ၁၀နှစ်၊ နှစ်၂၀ကျော်မှ ဟော်မုန်းကုသမှု ခံယူသူတွေ၊ အသက် ၆၀ ကျော်မှ ကုသမှု ခံယူသူတွေက ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ သွေးဆုံပြီး ၁၀နှစ် အတွင်း ကုသမှု ခံယူသူ၊ အသက် ၆၀မတိုင်ခင် ကုသမှု ခံယူသူကတော့ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများပါတယ်။
တခြား နည်းလမ်းများ
ဟော်မုန်းအစားထိုး ကုသတယ်ဆိုတာ ရေတိုပဲ အဆင်ပြေပါတယ်။ ရေရှည်ကျရင် ဘေးထွက်ဆိုးကျိုးတွေ များလာပါလိမ့်မယ်။ ဒါကြောင့် အချိန်တိုတိုနဲ့ မြန်မြန်သက်သာလာဖို့ အောက်က စားသောက်နေထိုင်မှု ပြောင်းလဲတာတွေကို တွဲလုပ်ပေးပါ။ ဒီနည်းလမ်းတွက သွေးဆုံးပြီးလို့ ဟော်မုန်း ကုသမှု လုပ်လုပ် မလုပ်လုပ် လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒါမှ သွေးဆုံးကိုင်လက္ခဏာတွေ မြန်မြန် သက်သာလာမှာပါ။ ဒါတွေကတော့
- လေ့ကျင့်ခန်း လုပ်ပါ။
- အာဟာရပြည့်ဝအောင် စားပါ။
- ကိုယ်အလေးချိန်ထိန်းပါ။
- ဆေးလိပ်မသောက်ပါနဲ့။
- အရက်လျှော့ပါ။
- စိတ်ဖိစီးမှု မခံပါနဲ့။
- ရောဂါအခံရှိရင် ကောင်းကောင်းထိန်းပါ။ ဥပမာ ဆီးချို၊ သွေးတိုး
- ကျောပူ ရင်ပူ သက်သာဖို့အတွက် အေးတဲ့ နေရာမှာ နေပါ။ ကဖင်းပါတာတွေ လျှော့ပါ။
- မိန်းမကိုယ်ခြောက်သွေ့လို့ လိင်ဆက်ဆံစဉ် နာကျင်ရင် မိန်းမကိုယ် အစိုဓာတ်ထိန်းကရင်မ် ဒါမှမဟုတ် ချောဆီသုံးပါ။
အကြံပြုရရင်တော့ သွေးဆုံးတဲ့ အမျိုးသမီးတိုင်း ဟော်မုန်း အစားထိုး ကုသစရာ မလိုပါဘူး။ သာမန် စားသောက်နေထိုင်မှု ပြောင်းလဲတာနဲ့တင် သက်သာလာကြပါတယ်။ ဟော်မုန်းကုသမှု ခံယူဖို့ တွေးထားရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကောင်းကျိုး၊ ဆိုးကျိုးကို ချိန်ဆပါ။ ကုသမှု ခံယူတယ်ဆိုရင်လည်း မြန်မြန်သက်သာအောင် အပေါ်က နည်းလမ်းတွေ လိုက်နာပါ။ ဘေးထွက်ဆိုးကျိုးတွေကို စစ်ဆေးဖို့ ဆရာဝန်နဲ့ ရက်ချိန်း မှန်မှန်ပြပါ။ သွေးဆုံးချိန်နဲ့ ဟော်မုန်း အစားထိုး ကုသမှု အကြောင်း သိရှိလောက်ပြီ ထင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။