backup og meta

သွေးဆုံးတော့မှာလား

သွေးဆုံးတော့မှာလား

အမျိုးသမီး တိုင်းလိုလိုဟာ သွေးဆုံးတဲ့ ကာလကို ရှောင်လွှဲဖို့ မဖြစ်နိုင်ပါဘူး။ သွေးဆုံးတာက ချက်ချင်းသလို ဖြစ်လာတာ မဟုတ်ဘဲ သွေးမဆုံးခင်မှာ လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။ ဒါတွေကို ကြည့်ပြီး သွေးဆုံးတော့မှာလား ဆိုတာကို ဆုံးဖြတ်တာပါ။ ဒီ လက္ခဏာတွေက အမျိုးသမီး တစ်ဦး နဲ့ တစ်ဦးမှာ ကွာခြားနိုင်သလို သွေးဆုံး လက္ခဏာ ခံစားရတဲ့ ကာလလည်း မတူကြပါဘူး။

သွေးဆုံးတော့မှာလား

များသောအားဖြင့်တော့ သွေးဆုံးတဲ့ လက္ခဏာတွေကို သွေးမဆုံးခင် လ အနည်းငယ် ဒါမှမဟုတ် နှစ် အနည်းငယ် အလိုမှာ စခံစား ရတတ်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ သွေးဆုံး လက္ခဏာက သွေးမဆုံးခင် ၄ နှစ် လောက် အလိုမှာ စပြတတ် ပါတယ်။ အချို့ အမျိုးသမီးတွေဆို သွေးမဆုံးခင် ၁၂ နှစ်လောက်အလိုကနေစပြီး သွေးဆုံးတော့မယ့် အရိပ်အယောင်တွေကို ခံစားကြရတာပါ။

သွေးဆုံး တာက ရုတ်တရက် မဖြစ်နိုင်ဘူး ဆိုပေမယ့် ကင်ဆာ ကုသမှုလိုမျိုး ကုသမှု တစ်ရပ်ရပ်ကို ခံယူမယ်၊ သားအိမ်ကို ဖယ်ထုတ် ရတာမျိုး ဖြစ်မယ် ဆိုရင်တေ့ ရုတ်တရက် သွေးဆုံးတာမျိုး၊ အရွယ်မတိုင်ခင် သွေးဆုံးတာမျိုး ဖြစ်နိုင်ပါတယ်။

သွေးဆုံးတော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ။

အသက် ၄၀ ကျော် ကနေ အသက် ၅၀ ကျော် ကာလတွေမှာ သွေးဆုံးခါနီး လက္ခဏာတွေ ဖြစ်ကြတဲ့ အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ ပြမလဲ။

အသက်ကလည်း ၄၀ ကျော် ၅၀ ဝန်းကျင် ဖြစ်နေမယ်။ ရာသီသွေး ဆင်းတာ မမှန်ရင် ဒါမှမဟုတ် ရာသီသွေးတွေ အများကြီး ဆင်းနေမယ်။ ပုံမှန် သွေးဆင်းတဲ့ ကာလထက် ရက်ပိုများနေမယ်။ ရက်က အရမ်း နည်းနေမယ်။ ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ ပြောပါရစေ။

တစ်ခါတလေမှာ ဒီ လက္ခဏာတွေက သွေးဆုံး ခါနီးလို့ဆိုတာထက် ကင်ဆာ၊ သားအိမ်ထဲမှာ ရေအိတ်တည်တာ၊ အလုံးတည်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်နေနိုင် တာကြောင့်ပါ။

အမျိုးသမီးတွေ အနေနဲ့ သွားဖွားမီးယပ် ဆရာဝန် ဆီကို ပုံမှန် သွားပြီး စစ်ဆေးမှုတွေ လုပ်ဆောင် သင့်ပါတယ်။ ဒါမှ အမျိုးသမီးရောဂါ ကင်းပြီး သွေးဆုံးတာရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုပါ အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Menopause https://www.nhs.uk/conditions/menopause/symptoms/ Accessed Date 4 August 2020

Menopause https://www.mayoclinic.org/diseases-conditions/menopause/symptoms-causes/syc-20353397 Accessed Date 4 August 2020

What Are the Signs and Symptoms of Menopause? https://www.nia.nih.gov/health/what-are-signs-and-symptoms-menopause Accessed Date 4 August 2020

ယခုပုံစံ

01/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ

သွေးဆုံးခြင်းဖြစ်စဉ်ဟာ သဘာဝပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement