မီးယပ်သွေးဆုံးခြင်း

မီးယပ်သွေးဆုံးခြင်း ဆိုတာ အမျိုးသမီးတွေရဲ့ သဘာဝပါ။ ၁၂ လဆက်တိုက် ရာသီမလာဘူးဆိုရင် သွေးဆုံးတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒီစာမျက်နှာမှာ မီးယပ်သွေးဆုံးပုံအဆင့်ဆင့်နဲ့ မီးယပ်သွေးဆုံးကိုင် လက္ခဏာတွေကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ မျှဝေပေးပါ့မယ်။

ကျန်းမာရေးဗဟုသုတ

မီးယပ်သွေးဆုံးခြင်း

သွေးဆုံးချိန်မှာ ဝမ်းချုပ်တာဘာကြောင့်များလဲ! ဘယ်လို သက်သာအောင် လုပ်ရမလဲ!

သွေးဆုံးတယ်ဆိုတာက အမျိုးသမီးတိုင်း ခံစားရနိုင်တဲ့ ဇရာရဲ့ ပြယုဂ် တစ်ခုပါ။ သွေးဆုံးချိန်မှာ အသားခြောက်တာ၊ ခန္ဓာကိုယ်မှာ ပူစပ်ပူလောင် ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို သွေးဆုံးချိန်မှာ နေရထိုင်ရ အဆင်မပြေတာတွေကို ခံစားရတာကြောင့် အမျိုးသမီးတိုင်းက သွေးဆုံးချိန်ကို ကြောက်ကြပါတယ်။  သွေးဆုံးချိန်မှာ အများသိကြတာက ပူစပ်ပူလောင် ဖြစ်တာမျိုးပါ။  တကယ်ကတော့ သွေးဆုံးချိန်မှာ ပူစပ်ပူလောင်ဖြစ်တာတင် မဟုတ်ဘဲ ခံစားရနိုင်တဲ့ လက္ခဏာတွေက အများကြီးပါ။ ဒီလို သွေးဆုံးချိန်မှာ အရေပြားတွေ ပူစပ်ပူလောင် ဖြစ်တာအပြင် ဝမ်းချုပ်တာကိုလည်း ခံစားရနိုင်ပါတယ်။  အခုတစ်ခေါက်မှာတော့ သွေးဆုံးချိန်မှာ ဝမ်းချုပ်တာဘာကြောင့်များလဲ! ဘယ်လို သက်သာအောင် လုပ်ရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။  https://hellosayarwon.com/digestive-health/constipation-digestive-health/best-exercises-to-ease-constipation/ သွေးဆုံးချိန်မှာ ဝမ်းချုပ်တာဘာကြောင့်များလဲ! သွေးဆုံးချိန်မှာ ဝမ်းချုပ်တာဘာကြောင့်များလဲ! ဆိုတော့ သွေးဆုံးချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့်ပါ။ သွေးဆုံးချိန်မှာ အမျိုးသမီးတွေရဲ့ ကိုယ်တွင်းက […]

မီးယပ်သွေးဆုံးခြင်း ကို ရှာဖွေမည်။

မီးယပ်သွေးဆုံးခြင်း

သွေးဆုံးနေချိန် ကြုံရတတ်တဲ့ လိင်မှုကိစ္စအခက်အခဲလေးတွေ

အမျိုးသမီးတွေရဲ့ ဘဝမှာ သွေးဆုံးချိန်ဟာလည်း မဖြစ်မနေ ကျော်ဖြတ်ရမယ့် အခက်အခဲကာလတစ်ခုပါပဲ။ ဒီအချိန်ဆိုရင် ဟော်မုန်းအပြောင်းအလဲဖြစ်တာအပြင် ပုံမှန်ဖြစ်နေကျ ရာသီစက်ဝန်းရဲ့ ရပ်တန့်တော့မယ့်အချိန်ဖြစ်တာရော၊ တခြားကျန်းမာရေးပြဿနာတွေအနေနဲ့ ကိုယ်လက်အရိုးအဆစ်ကိုက်ခဲတာ၊ ကိုယ်အလေးချိန် တက်တာ၊ ကျတာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲမြန်တာ စတာတွေအပြင် လိင်ကိစ္စဆက်ဆံတဲ့အခါမှာလည်း အမျိုးသမီးတွေအတွက် ပြဿနာအများအပြား ကြုံလာရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သွေးဆုံးနေချိန် ကြုံရတတ်တဲ့ လိင်မှုကိစ္စအခက်အခဲလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ သွေးဆုံးနေချိန် ကြုံရတတ်တဲ့ လိင်မှုကိစ္စအခက်အခဲလေးတွေ သွေးဆုံးနေချိန် ကြုံရတတ်တဲ့ လိင်မှုကိစ္စအခက်အခဲလေးတွေ ကတော့ ၁။ လိင်စိတ်ဆန္ဒနည်းခြင်း လိင်စိတ်ဆန္ဒဆိုတာ အသက်ကြီးလာတာနဲ့အမျှ နည်းလာတတ်တဲ့အရာပါ။ အထူးသဖြင့် အမျိုးသမီးတွေအတွက် သွေးဆုံးခါနီးအချိန်ဆိုရင် ကိုက်ခဲနာကျင်နေတဲ့ ဝေဒနာအပြင် ဟော်မုန်းမျှခြေ ကမောက်ကမဖြစ်နေခြင်းကြောင့် လိင်ဆက်ဆံဖို့ကို လုံးဝစိတ်မပါနိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမြဲတမ်းလိုလို အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေနဲ့ ပိနေတဲ့ အမျိုးသမီးတွေ၊ စိတ်ဖိစီးမှုနဲ့ တစ်ခုခုဆို […]


မီးယပ်သွေးဆုံးခြင်း

Early menopause (အချိန်မတိုင်ခင်သွေးဆုံးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အချိန်မတိုင်ခင်သွေးဆုံးခြင်း ဆိုတာဘာလဲ။ သွေးဆုံးခြင်းဆိုတာ ရာသီသွေးမပေါ်တော့တဲ့အချိန်ကို ခေါ်တာပါ။ ဆေးပညာမှာ ၁၂လဆက်တိုက် ရာသီမလာခြင်းလို့ အဓိပါယ်ဖွင့်ပါတယ်။ မိန်းမအများစုက အသက်၄၅နဲ့၅၅လောက်မှာ သွေးဆုံးခြင်းစတင်ပါတယ်။ တချို့မိန်းမတွေက မျိုးရိုးဗီဇ၊ နာမကျန်ခြင်းနဲ့ ဆေးကုသမှုတွေကြောင့် အသက်၄၀မတိုင်ခင် သွေးဆုံးကြပါတယ်။ ထိုအရွယ်မတိုင်ခင် သွေးဆုံးခြင်း (သဘာဝအတိုင်း သို့မဟုတ် အကြောင်းအရင်းတစ်ခုခုကြောင့်ဖြစ်ခြင်း)ကို အချိန်မတိုင်ခင်သွေးဆုံးခြင်းလို့ခေါ်ပါတယ်။ အချိန်မတိုင်ခင်သွေးဆုံးခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချိန်မတိုင်ခင်သွေးဆုံးခြင်းက အဖြစ်မများပါဘူး။ အသက်၁၅နှင့်၂၉ကြားမိန်းကလေး အယောက်၁၀၀၀မှာ ၁ယောက်နှုန်နဲ့ အသက်၃၀နှင့်၃၉ကြားမိန်းမ အယောက်၁၀၀မှာ ၁ယောက်နှုန်းဖြင့် ဖြစ်ပွားလျက်ရှိပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများအချိန်မတိုင်ခင်သွေးဆုံးခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အချိန်မတိုင်ခင်သွေးဆုံးခြင်းခံစားရတဲ့မိန်းမတွေဟာ သဘာဝအတိုင်း သွေးဆုံးတဲ့မိန်းမတွေနဲ့ တူညီတဲ့လက္ခဏာတွေရှိကြပါတယ်။ စိတ်အပြောင်းအလဲမြန်ခြင်း မအင်္ဂါခြောက်သွေ့ခြင်း သိမြင်နိုင်စွမ်းနှင့်မှတ်ဉာဏ်ပြောင်းလဲခြင်း ရုတ်ချည်းပူနွေးလာခြင်း လိင်စိတ်လျော့ကျခြင်း အိပ်မပျော်ခြင်း၊လန့်နိုးခြင်း ကိုယ်အလေးချိန်တက်ခြင်း ချွေးထွက်ခြင်း လိင်ဆက်ဆံစဉ် မအင်္ဂါနာကျင်ခြင်း သွေးဆုံးခြင်းဖြစ်တဲ့အခါ ရာသီသွေးမမှန်တာတွေဖြစ်ပေါ်လာပါတယ်။ ရာသီလုံးဝမလာတော့တဲ့အချိန်ထိ နှစ်နဲ့ချီပြီး ကြိုတင်ဖြစ်ပွားလာနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးခြင်းနဲ့ ပတ်သတ်ပြီး သိကောင်းစရာမှန်သမျှ စုစည်းမှု

သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတစ်ယောက် ၁၂ လ ဆက်တိုက် ဓမ္မတာ မလာတော့ဘဲ သဘာဝတရားအရ ပဋိသန္ဓေ မရနိုင်တဲ့ သဘာဝ ဖြစ်စဉ်ကို ခေါ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သွေးဆုံးချိန်ဟာ အမျိုးသမီးတစ်ယောက် အသက် ၄၅ နှစ်မှ ၅၅ နှစ်အတွင်း ဖြစ်ပွားလေ့ရှိပြီး တစ်ယောက်ချင်းစီအလိုက် ဒီ အသက်အရွယ် မတိုင်ခင်ဖြစ်နိုင်သလို ဒီ အသက်အရွယ်ကို ကျော်လွန်သွားမှလည်း ဖြစ်နိုင်ပါတယ်။ သွေးဆုံးချိန်ရောက်ပြီဆိုရင် ခန္ဓာကိုယ်မှာ ပူလောင်ခြင်းနဲ့ ကိုယ်အလေးချိန် တက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ အမျိုးသမီး အများစု အနေနဲ့ သွေးဆုံးချိန်ရောက်ရင် ဘာဆေးဝါး ကုသမှုမှ ခံယူစရာမလိုအပ်ပါဘူး။ ဒီဆောင်းပါးလေးထဲမှတော့ သွေးဆုံးခြင်းနဲ့ ပတ်သတ်ပြီး သိကောင်းစရာ အချက်များကို Hello ဆရာဝန်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးသွားမှာပါ။ သွေးဆုံးချိန်က ဘယ်အချိန်မှာ စပြီး အချိန်ဘယ်လောက် […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးတော့မယ်ဆိုတဲ့ လက္ခဏာများ

အမျိုးသမီးတွေရဲ့ခန္ဓါကိုယ်တွေဟာ ဘဝရဲ့ အသက်အပိုင်းအခြားတိုင်း၊ အခြေအနေတိုင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေကို ခံစားကြရပါတယ်။ အရွယ်ရောက်ခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းဟာ ဘဝရဲ့ အထင်ရှားဆုံး အပြောင်းအလဲ နှစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးအများစုကတော့ နောက်ဆုံးပြောင်းလဲမှုဖြစ်ပေမယ့် အထက်ပါအခြေအနေနှစ်ခုလို အရေးကြီးတဲ့ ကာလအပိုင်းအခြားတစ်ခုဖြစ်တဲ့ သွေးဆုံးခြင်းကိုတော့ သေချာသိလေ့မရှိပါဘူး။ သွေးဆုံးတယ်ဆိုတာဘာလဲ။ အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်းတွေရဲ့ နိဂုံးကိုရောက်တဲ့အခါ သူမတို့ရဲ့ ခန္ဓါကိုယ်ဟာ အီစထရိုဂျင်နဲ့ Progesterone ထုတ်လုပ်မှုကိုဖြည်းဖြည်းချင်းရပ်လိုက်ပါတယ်။ ဒါကပဲ သူမကို ကလေးမရစေနိုင်တော့တာပါ။ ဒီကာလအပိုင်းအခြားကို သွေးဆုံးတယ်လို့ခေါ်ပါတယ်။ သွေးဆုံးခြင်းဆိုတာ တစ်ညတည်းမှာ ဖြစ်ပျက်ပြီးဆုံးသွားတာမဟုတ်ပါဘူး။ သွေးဆုံးတဲ့အဆင့်ကိုရောက်ဖို့ အမျိုးသမီးတွေဟာ perimenopause (အကြိုသွေးဆုံးခြင်း) ဆိုတဲ့ကာလကိုဖြတ်သန်းရပါတယ်။ ဒီအချိန်ဟာ အမျိုးသမီး တစ်ယောက်ချင်းစီရဲ့ ခန္ဓါကိုယ်ပေါ်လိုက်ပြီး လအနည်းငယ်သာကြာနိုင်သလို နှစ်ပေါင်းများစွာလည်း ကြာသွားနိုင်ပါတယ်။ ဖြစ်ခဲတဲ့အခြေအနေအချို့မှာတော့ သွေးဆုံးဖို့ပြင်ဆင်တဲ့ ဒီကာလဟာ ၁၀နှစ်အထက်တောင် ကြာနိုင်ပါသေးတယ်။ သွေးဆုံးခြင်းအများစုဟာ သူမတို့ အသက် ၅၁ဝန်းကျင်ကိုရောက်တဲ့အခါ အမျိုးသမီးတွေရဲ့ […]


မီးယပ်သွေးဆုံးခြင်း

Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) ကဘာလဲ။ သွေးဆုံးခါနီးကာလ ကိုခေါ်သည်။ ထိုအချိန်တွင်သင့်ခန္ဓါကိုယ်သည် သွေးဆုံးခြင်းဖြစ်ရန်သဘာဝပြောင်းလဲခြင်းများဖြစ်သည်။ မျိုးပွားနိုင်သောနောက်ဆုံးအချိန်များလဲဖြစ်သည်။ မိန်းမမျာ်း အသက်အရွယ်မျိုးစုံတွင်ဖြစ်နိုင်သည်။ သွေးဆုံးခါနီး လက္ခဏာများဖြစ်သော ရာသီပုံမှန်မလာခြင်း များကို အသက် လေးဆယ်နှောင်းပိုင်းတွင်စခံစားရတတ်သည်။ အချို့သူများတွင် အသက်သုံးဆယ်တွင်စတင်သတိထားမိတတ်သည်။ မဟော်မှန်းပမာဏ သည် သွေးဆုံးခါနီးကာလတွင် တက်ခြင်း ကျခြင်းများမညီမျှစွာဖြစ်သည်။ ရာသီလာမှု ကြာခြင်းတိုခြင်း သို့မဟုတ် သင့် သားဥအိမ်မှ သားဥကိုမထုတ်တော့ခြင်းများဖြစ်တတ်သည်။ သွေးဆုံးခြင်းလက္ခဏာများ(ပူခြင်း မျက်နှာရခြင်း အိမ်ရေးမဝခြင်း နှင့် မအဂါၤခြောက်ခြင်းများကိုခံစားရနိုင်သည်။ လက္ခဏာများသက်သာစေရန်ကုသမှုများရှိသည်။။ ဆယ့်နှစ်လကျော်အောင်ရာသီမလာပါက သွေးဆုံးခြင်းဖြစ်ပြီး သွေးဆုံးကာလပြီးဆုံးပြီးဖြစ်သည်။ Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPerimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးဆုံးခါနီးကာလရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ပုံမမှန်ရာသီလာခြင်း။ဥကြွေခြင်းကမှန်းဆရပိုခက်တတ်သည်။ ရာသီချိန် တိုခြင်း ရှည်ခြင်း များခြင်းနည်းခြင်း နှင့် ရာသီမလာတော့ခြင်းများဖြစ်တတ်သည်။ ရာသီ ခုနှစ်ရက်ထက်ပိုပြောင်းလဲခြင်း ရာသီချိန်ရှည်လျားခြင်းများဖြစ်ပါက စောစီးစွာသွေးဆုံးနိုင်သည်။ အကယ်၍ သင့် […]


မီးယပ်သွေးဆုံးခြင်း

Menopause (သွေးဆုံးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Menopause (သွေးဆုံးခြင်း) ကဘာလဲ။ တစ်ဆယ့်နှစ်လကြာအောင် ရာသီလာခြင်းမရှိတော့ပါက ရာသီသွေးဆုံးသည်ဟုခေါ်သည်။ သွေးဆုံးကာလ သည် မျိုးပွားခြင်းရပ်တန့်သောအချိန်(ကလေးမရနိုင်တော့သောကာလ) ဖြစ်သည်။ သို့သော် သင်သည် ကျန်းမာစွာနေနိုင်သည်။ လိင်ဆက်ဆံမှုများလည်းလုပ်ဆောင်နိုင်သေးသည်။ သွေးဆုံးခြင်းကာလသည် သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်သဖြင့်စိတ်ပူစရာမလိုအပ်ပါ။ Menopause (သွေးဆုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ မိန်းကလေးတိုင်းသည် သွေးဆုံးခြင်းကာလကိုတွေ့ကြုံရမည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲမရသော သဘာဝဖြစ်စဉ်တခုဖြစ်သောကြောင့်ဖြစ်သည်။ သွေးဆုံးကာလသည်တစ်ဉ်းနှင့်တစ်ဦးမတူနိုင်ပါ။ ထပ်မံသိရှိလိုသည်များအတွက်သင်၏ဆရာဝန်ဖြင့်တိုင်ပင်ပါ။ လက္ခဏာများMenopause (သွေးဆုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးဆုံးခြင်းတွင်များသောအားဖြင့်တွေ့ရသောလက္ခဏာများမှာ မျက်နှာနီမြန်းခြင်း(အဖြစ်အများဆုံး) ပုံမှန်မဟုတ်ပဲရာသီသွေးဆင်းခြင်း ညဘက်ချွေးစီးများထွက်ခြင်း ညဘက်အိပ်မပျော်ခြင်း စိတ်အပြောင်းအလဲမြန်ခြင်း ဝလာခြင်း နှင့်အထိုင်အထခက်ခြင်း ဆံပင်များပါးခြင်း အသားအရည်ခြောက်သွေ့ခြင်း စိတ်ဓါတ်ကျခြင်း ဒေါသထွကလွယ်ခြင်း ခေါင်းကိုက်ခြင်းတို့ဖြစ်သည်။ အထက်တွင်မဖော်ပြထားသောရောဂါလက္ခဏာများရှိ၍ ဆရာဝန်ဖြင့်တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်တွင်အောက်ပါအချက်အလက်များရှိနေပါကဆရာဝန်ဖြင့်တိုင်ပင်ပါ ရာသီသွေးမဆုံးမီမှ သွေးဆုံးသည်အထိ ဆရာဝန်ဖြင့်ပြလေ့ရှိသော အချိန်ဇယားရှိလျင် သွေးမဆုံးမီ ကျန်းမာရေးဂရုစိုက်မှုလိုအပ်သူဖြစ်လျင် နောက်ဆက်တွဲပြဿနာများ ဥပမာ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်းများရှိသော် ဆရာဝန်ဖြင့်တိုင်ပင်ပါ။ အကြောင်းရင်းများMenopause (သွေးဆုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ သွေးဆုံးခြင်းဖြစ်စေသောအကြောင်းအရာထဲမှတခုမှာ မျိုးပွားဟော်မှန်းများ သဘာဝအလျောက်ကျဆင်းလာခြင်းကြောင်ဖြစ်သည်။ အသက်ကြီးလာချိန်( အသက်၃၀နှောင်းပိုင်း) တွင် သင်၏သားဥအိမ်မှထုတ်သော ဟော်မှန်းများကျဆင်းလာသည်။ ထိုဟော်မှန်းများက ရာသီသွေးလာမှုကိုပုံမှန်စေသည်။ ဟော်မှန်းနည်းသွားသောကြောင့် မျိုးပွားနိုင်နှုန်းများလဲကျလာသည်။ အသက်လေးဆယ်နှောင်းပိုင်းတွင် […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေစေဖို့ ဘာတွေစားသင့်လဲ

အမျိုးသမီးတွေ မလွဲမသွေ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေး အခြေအနေ တစ်ခုဖြစ်တဲ့ သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေအောင်လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ရင်ဆိုင်နေရချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ထပ်မဖြစ်လာစေဖို့ အစားအသောက်လေးတွေ စားရင်း သက်သာအောင် လုပ်လို့ ရပါတယ်။ ဒီတော့ သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေစေဖို့ ဘာတွေစားသင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ သွေးဆုံးချိန်မှာ သားဥအိမ်တွေက oestrogen ထုတ်လွှတ်မှုကို ရပ်တန့်လိုက်ပါတယ်။ ဒီအနေအထားက ခန္ဓါကိုယ်မှာ မအီမသာ ဖြစ်စေတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်လာစေတာပါ။ သွေးဆုံးချိန်မှာ ခန္ဓါကိုယ်မှာ ဖြစ်ပေါ်တဲ့ ဝေဒနာတွေက အမျိုးသမီးတွေ အတွက် တော်တော်လေး ခံရခက်ပါတယ်။ oestrogen ဟော်မုန်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးသလို အရိုးသိပ်သည်းဆကိုလည်း တိုးစေပါတယ်။ သွေးဆုံးချိန်မှာ ခန္ဓါကိုယ်မှာ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးချိန်မှာ ခံစားရမယ့် အရေပြားပြဿနာတွေကို ရင်ဆိုင်နည်း

အမျိုးသမီးတိုင်းလိုလိုက သွေးဆုံးတာကို မဖြစ်မနေရင်ဆိုင်ကြရမှာပါ။ သွေးဆုံးတယ်ဆိုတာက ရှုပ်ထွေးတဲ့ ပြောင်းလဲမှုတစ်ခုပါ။ ဒီလိုအချိန်မှာ အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်အတွင်းရော အပြင်ဘက်မှာပါ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး သေချာဂရုစိုက်ဖို့ လိုမှာလည်းဖြစ်ပါတယ်။ အရေပြားကတော့ အသိသာဆုံးထိခိုက်တဲ့ အစိတ်အပိုင်းပါ။ ဒီဆောင်းပါးလေးထဲမှာ သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အရေပြားပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာပြောပြပေးပါရစေ။ သွေးဆုံးခြင်းနဲ့ အသားအရေ သွေးဆုံးတာက အသားအရေကို ပြောင်းလဲမှု တော်တော်လေးဖြစ်စေနိုင်ပါတယ်။ သွေးဆုံးချိန်မှာ ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပါတယ်။ ကော်လာဂျင်ထုတ်လုပ်မှုကို ရပ်တန့်လိုက်တာနဲ့ တစ်ဆက်တည်းမှာပဲ အရေပြားအောက်က အဆီအချို့က လျော့ရဲလာပြီး အရေပြားရဲ့ ကျုံ့ဆန့်အားလည်း ကျဆင်းသွားပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် အရေပြားခြောက်သွေ့မှုကိုလည်း ခံစားရမှာဖြစ်ပါတယ်။ လည်ပင်း၊ မေးရိုးနဲ့ ပါးတွေမှာ အသားအရေတွဲကျတာတွေ ဖြစ်လာမှာပါ။ မျက်နှာပေါ်မှာ အရေးအကြောင်းတွေနဲ့ မျက်လုံးထောင့်မှာ အရေပြားတွန့်တာတွေ၊ အပေါ်နှုတ်ခမ်းအထက်ပိုင်းမှာ အရေပြားတွန့်တာတွေ ဖြစ်လာမှာလည်း ဖြစ်ပါတယ်။ သွေးဆုံးချိန်မှာ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးချိန်မှာဖြစ်တတ်တဲ့လက္ခဏာတွေကို ဘယ်လိုရင်ဆိုင်မလဲ

သွေးဆုံးတယ်ဆိုတာက ကျွန်မတို့အမျိုးသမ်းတိုင်းမလွဲမသွေတွေ့ကြုံခံစားကြရမယ့် အတွေ့အကြုံတစ်ခုပါ။ သွေးဆုံးတယ်ဆိုတာက ဘယ်ချိန်မှာသွေးဆုံးမလဲ ကြိုတင်တွက်ချက်ပြင်ဆင်ထားလို့မရပါဘူး။ ဒါပေမယ့်သွေးဆုံးတာကနေ့ချင်းညချင်းဖြစ်ပေါ်လာတာမျိုးမဟုတ်ဘဲလပိုင်း ဒါမှမဟုတ် နှစ်ပိုင်း အလိုလောက်ကတည်းကလက္ခဏာတွေကြိုတင်ပြသတတ်ပါတယ်။ လက္ခဏာတွေကို သိရှိပြီး ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက်သွေးဆုံးတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။   သွေးဆုံးတယ်ဆိုတာ ကိုယ်ဝန်ရှိတာလည်းမဟုတ်၊ ဖျားနာတာလည်းမဟုတ်ဘဲနဲ့ ၁၂ လဆက်တိုက် ရာသီသွေးမဆင်းဘူးဆိုရင်တော့သွေးဆုံးပြီလို့ဆို လို့ရပါတယ်။ အမျိုးသမီးတော်တော်များများက အသက် ၄၀ ကနေ ၅၀အရွယ်လောက်မှာသွေးဆုံးတတ်ကြပါတယ်။ သားအိမ်ထုတ်တဲ့ ခွဲစိတ်မှု တစ်ရပ်ခံယူဖူးရင်ပဲဖြစ်ဖြစ် ကင်ဆာလိုမျိုးရောဂါတစ်ရပ်ရပ်ကြောင့် သားအိမ် (သို့) မျိုးဥအိမ်ထုတ်တဲ့ ခွဲစိတ်မှုကို ခံယူဖူးရင်ပဲဖြစ်ဖြစ်သွေးဆုံးချိန်မှာ ခံစားရတဲ့လက္ခဏာတွေကို ခံစားရမှာမဟုတ်ပါဘူး။ ပုံမှန်အားဖြင့်သွေးဆုံးတဲ့ အသက်က ၅၁ နှစ်ဆိုပေမယ့် အချို့မှာ အသက် ၃၀ အရွယ်လောက်မှာဖြစ်တတ်ပြီး အချို့မှာတော့ အသက် ၆၀နောက်ပိုင်းလောက်မှာဖြစ်တာမျိုးတွေလည်းရှိပါတယ်။ အမျိုးသမီးတစ်ဦးဘယ်အရွယ်မှာသွေးဆုံးမလဲဆိုတာကို ခန့်မှန်းတွက်ချက်ပေးနိုင်တဲ့ စမ်းသပ်မှုတွေတော့ အခုချိန်ထိမရှိသေးပါဘူး။ အမျိုးသမီးတစ်ဦးရဲ့ အပျိုဖော်ဝင်ချိန်က ဘယ်အချိန်မှာသွေးဆုံးမလဲဆိုတာနဲ့ ဆက်စပ်မှုမရှိပါဘူး။ ရာသီသွေးဆုံးတဲ့လက္ခဏာတွေအနေနဲ့ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးခြင်းနှင့်ပတ်သတ်ပြီး သိသင့်သိထိုက်သော အချက်၅ချက်

သွေးဆုံးတယ်ဆိုဟာ မိန်းမတွေရဲ့ဘဝမှာ ရှောင်လွဲလို့ မရပါဘူး။ ပြီးတော့ အပြောင်းအလဲတွေ အများကြီး ဖြစ်စေပါတယ်။ အဲဒီ စိတ်ရောကိုယ်ပါ အပြောင်းအလဲတွေကို မိန်းမတွေ ကြုံတွေ့ရမှာပါ။ သွေးဆံးုတယ်ဆိုတာ စိတ်ဖိစီးမှုတော်တော် ဖြစ်တယ်ဆိုတာတောင်မှ တချို့မိန်းမတွေက ဝါသနာအသစ်တွေနဲ့ အခြားလုပ်ငန်းဆောင်တာတွေကို သူတို့ ဖြတ်လတ်တက်ကြွနေစေဖို့ လုပ်နေတတ်ကြပါတယ်။ သွေးဆုံးခြင်းနဲ့ ပါလာတဲ့ အပြောင်းအလဲအခက်အခဲတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲဆိုတာ ကို ယနေ့ဖော်ပြမဲ့ ဆောင်းပါးမှာ လေ့လာကြည့်ပေးပါ။ ကိုယ်အလေးချိန် တက်လာမယ်။ ဟော်မုန်းအပြောင်းအလဲက အဆီတွေကို သင့်ခန္ဓါကိုယ် သိမ်းဆည်းနေကျ မဟုတ်တဲ့ နည်းလမ်းနဲ့ သိမ်းဆည်းစေလိမ့်မယ်။ ဒါ့အပြင် စိတ်ဖိအားနဲ့အတူ ခန္ဓါကိုယ်က ကယ်လိုရီတွေကို သိုလှောင်လာလိမ့်မယ်။ အဲဒါတွေကြောင့် ဝကာ ကိုယ်အလေးချိန် တက်လာပါလိမ့်မယ်။ စားနေကျဓါတ်စာက သွေးဆုံးနေတဲ့အချိန်မှာ သိပ်အလုပ်မဖြစ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ခန္ဓါကိုယ်က ကယ်လိုရီတွေကို လိုတာထက်ပို သိုလှောင်နေလို့ပါ။ အဲဒါကြောင့် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်