home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အကောင်းဆုံး Feminine wash ရွေးချယ်ကြမယ်

အကောင်းဆုံး Feminine wash ရွေးချယ်ကြမယ်

တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် သန့်ရှင်းရေးသုံးပစ္စည်းအမျိုးစုံကိုရွေးချယ်ကြရပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်းအတွက် ထုတ်ထားတဲ့ပစ္စည်းကတော့အများကြီးပါ။သေချာရွေးချယ်ဖို့ကတော့ ကိုယ်တိုင်မှာ တာဝန်အရှိဆုံးပါ။ ဒီနေရာမှာလေဒီေတာ်တော်များများက မလိုဘူးထင်ပြီးမေ့ထားတဲ့အရာတစ်ခုရှိနေပါတယ်။ ဒါကတော့လေဒီတွေမေ့မထားသင့်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးပါ။ မိန်းမကိုယ်သန့်ရှင်းကျန်းမာမှ ကျန်းမာလှပတဲ့လေဒီလေးဖြစ်မှာပါ။ ဒီတော့ပြီးပြည့်စုံပြီးကျန်းမာတဲ့ မိန်းကလေးဖြစ်ဖို့ ဘယ်လိုနေရမလဲ။ခေါင်းအစခြေအဆုံး အသုံးပြုတဲ့ ပစ္စည်းတွေကိုသေချာရွေးမှာပေါ့။

ခေါင်းလျှော်ရည်ဆိုလည်း ဆံသားနဲ့ ကိုက်ညီမှုရှိအောင်၊ မျက်နှာသစ်ဆေးဆိုလည်း အသားအရေနဲ့ ကိုက်အောင်၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဆိုရင်လည်း အသားအရေနဲ့လိုက်ဖက်မယ့် ဟာမျိုးကိုရွေးချယ်ပေးရမှာပါ။ အမျိုးသမီးသန့်စင်ဆေးရည်ဆိုလည်း ကိုယ်နဲ့ကိုက်ညီမယ့် အမျိုးအစားဖြစ်ဖို့လိုတာပေါ့။ ဒီဆောင်းပါးလေးထဲမှာလေဒီတွေအတွက်လိုအပ်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကိုဘယ်လိုရွေးချယ်ရမလဲပြောပြပေးမယ်နော်။

လေဒီတိုင်း သိထားသင့်တဲ့အကြောင်းအရင်းလေးတွေ

တစ်နေ့တာလုံး အနံ့အသက်ဆိုးကင်းစင်ပြီး လတ်ဆတ်တဲ့ ကိုယ်သင်းနံ့နဲ့ ကျန်းမာလန်းဆန်းတဲ့လေဒီလေးဖြစ်နေစေဖို့ အမျိုးသမီးသန့်စင်ဆေးရည်ကို အသုံးပြုကြပါတယ်။ လစဉ်ကြုံတွေ့နေကျပြဿနာကိုခံစားရချိန်မှာဆိုရင် အနံ့အသက်ဆိုးကြောင့် ကိုယ်တိုင်မှာရော အခြားသူတွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်မှာကို မလိုလားတဲ့အတွက် အမျိုးသမီးသန့်စင်ဆေးရည်ကို အသုံးပြုကြပါတယ်။ အမျိုးသမီးသန့်စင်ဆေးရည်အသုံးပြုတဲ့အခါ အရေးအကြီးဆုံးအချက်ကရွေးချယ်မှုမှန်ကန်ဖို့နဲ့အသုံးပြုနည်းမှန်ကန်ဖို့ပါ။ မိန်းမကိုယ်ကို သန့်စင်တဲ့နည်းလမ်းမမှန်ဘူး။ရွေးချယ်မှုမှားမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကပိုများလာနိုင်ပါတယ်။ နောက်တစ်ခုက မိန်းမကိုယ်သန့်စင်တဲ့နည်းလမ်းက မမှန်ဘူးဆိုရင် မှိုပိုးကူးစက်ခံရနိုင်ခြေပိုများသလို ၊ ဆီးလမ်းကြောင်းပိုးဝင်တာမိန်းမကိုယ်ခြောက်သွေ့တာ နဲ့ ဘက်တီးရီးယားတွေပေါက်ဖွားမှုကြောင့် အနံ့အသက်ဆိုးဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။

အမျိုးသမီးသန့်စင်ဆေးရည်ရွေးချယ်တဲ့အခါ

ခန္ဓါကိုယ်ရဲ့ နူးညံ့တဲ့အစိတ်အပိုင်းကို သန့်စင်ဆေးကြောမှာဖြစ်တဲ့အတွက် သေချာရွေးချယ်ပေးပါ။ အမျိုးသမီးသန့်စင်ဆေးရည်ရွေးတဲ့အခါ သေချာသတိထားနိုင်မှတော်ကာကျမှာပါ။ ဒီအချက်လေးကို သတိထားရွေးချယ်မယ်ဆိုရင် ကျန်းမာလန်းဆန်းတဲ့လေဒီလေးအဖြစ်နေ့ရက်တိုင်းကိုပေါ့ပါးစွာနဲ့ဖြတ်သန်းနိုင်မှာပါ။

သဘာဝဆန်တာကိုရွေးချယ်ပါ – အလှကုန်ဖြစ်ဖြစ်၊ သန့်စင်ဆေးရည်တွေဖြစ်ဖြစ်ရွေးချယ်တဲ့အခါ သဘာဝနဲ့နီးစပ်လေလေ အဆင်ပြေလေလေပါ။ Organic Productsတွေက Chemical Based Productsတွေထက်ကောင်းကျိုးများပါတယ်။ ဓါတ်မတည့်မှုဖြစ်နိုင်ခြေနည်းစေပါတယ်။ ဒါကြောင့် အမျိုးသမီးသန့်စင်ဆေးရည်ရွေးချယ်တဲ့အခါ သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတာမျိုးကိုရွေးချယ်ပေးပါ။

pH ပမာဏ သင့်တင့်မျှတတာကိုရွေးချယ်ပေးပါ – pH ပမာဏကများလည်း မကောင်းသလို နည်းလွန်းရင်လည်း အဆင်မပြေပါဘူး။ ဒါကြောင့် အစိုဓါတ်ထိန်းပေးပြီး ဘက်တီးရီးယားပေါက်ဖွားမှုတွေကနေ ကာကွယ်ဖို့အတွက် pH ပမာဏ သင့်တင့်မျှတတဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကိုရွေးချယ်ဝယ်ယူပေးပါ။

Povidone Iodine ပါတာကိုရွေးချယ်ပေးပါPovidone Iodine 10% က ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ ဒါကြောင့်Povidone Iodine 10% ပါတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေက မိန်းမကိုယ်မှာ ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေဖြစ်ပေါ်မှုကြောင့် အနံ့အသက်ဆိုးဖြစ်တာကို ကာကွယ်ပေးနိုင်မှာပါ။

Prebiotics (အကျိုးပြုဘက်တီးရီးယားအာဟာရ) ပါဝင်တာကိုရွေးချယ်ပါ – ဘက်တီးရီးယားဆိုတိုင်း မကောင်းတာမဟုတ်ပါဘူး ။ အကျိုးပြုဘက်တီးရီးယားတွေ ရှိသလို အကျိုးမပြုတဲ့ဘက်တီးရီးယားတွေလည်းရှိပါတယ်။ ဒီတော့ အကျိုးပြု ဘက်တီးရီးယားလေးတွေကောင်းကောင်းရှင်သန်ပြီး မလိုလားအပ်တဲ့အခြေအနေတွေကနေ ကာကွယ်နိုင်ဖို့အတွက် အမျိုးသမီးသန့်စင်ဆေးရည်ဝယ်ယူတဲ့အခါ အကျိုးပြုဘက်တီးရီးယားအာဟာရပါတာမျိုးကိုရွေးချယ်ပေးပါ။

အရောင်မပါတာကိုရွေးချယ်ပါ – အရောင်မပါတာက ဓါတုဆိုးဆေးမပါဝင်ဘူးလေ။ ဒါကြောင့် အရောင်မပါတာက ပိုအဆင်ပြေမှာပါ။ အရောင်တောက်လေလေ ဓါတုပစ္စည်းပါဝင်မှုများလေလေပါ။ ဒါကြောင့် အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းကင်းစင်စေဖို့ဆိုရင် အရောင်မပါတာကိုရွေးပေးပါ။

အနံ့ပြင်းတာကိုရှောင်ပါ -မွှေးရနံ့ကိုလေဒီတိုင်းကြိုက်တာသိပေမယ့် အမျိုးသမီးသန့်စင်ဆေးရည်ရွေးချယ်မယ်ဆိုရင်တော့ အနံ့ပြင်းတာမျိုးကိုရှောင်ပါ။ အနံ့ပြင်းတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေမှာ မိန်းမကိုယ်ကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေပါဝင်နေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးသန့်စင်ဆေးရည်ဝယ်ယူတဲ့အခါ အနံ့လုံးဝမပါတာမျိုး ဒါမှမဟုတ် အနံ့ခပ်ပျော့ပျော့လေးပါတာမျိုးကိုပဲရွေးချယ်ဝယ်ယူပေးပါ။

Lactic acid ပါတာကိုရွေးချယ်ပေးပါ –Latic acid က သန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိသလို pH ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဘက်တီးရီးယားပေါက်ဖွားမှုကို ထိန်းညှိပေးပြီးရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးသန့်စင်ဆေးရည်ဝယ်ယူ တဲ့အခါ ပါဝင်ပစ္စည်းထဲမှာ Latic acid ပါဝင်တာကိုရွေးချယ်ပေးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Feminine Hygiene Tips: How to look after your intimate areahttps://www.softandgentle.com/skin-advice/intimate-hygiene/feminine-hygiene-tips-how-to-look-after-your-intimate-area Accessed Date 5 October 2018

5 expert tips for choosing the right vaginal washhttps://www.thehealthsite.com/diseases-conditions/expert-tips-for-choosing-the-right-vaginal-wash-b0316/ Accessed Date 5 October 2018

Five things you need to know about feminine washeshttps://blog.healthpost.co.nz/2016/five-things-need-know-feminine-washes/ Accessed Date 5 October 2018

Povidone Iodine 10% Solutionhttps://www.practo.com/medicine-info/povidone-iodine-10-solution-14764 Accessed Date 5 October 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 2 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။