မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကို ကျန်းမာလှပနေစေဖို့ ဂရုစိုက်ရတဲ့ အချက်တွေကတော်တော်လေးတော့များသားနော်။ အသားအရေ၊ ဆံသားကနေစလို့ ခန္ဓါကိုယ်အနံ့အသက်အပြင် လစဉ်ရာသီသွေးပုံမှန်ဆင်းဖို့ကိုရော အစစအရာရာကိုဂရုစိုက်ရပါတယ်။ ကိုယ်တိုင်ဂရုစိုက်မှလည်းဖြစ်မှာကိုး။ ဒီလိုဂရုစိုက်ရတဲ့အထဲမှာ အဖြူဆင်းတာလည်းပါပါတယ်။ တကယ်တော့ ဒါက ကျန်းမာရေးပြဿနာတစ်ခုလို့ဆိုရမှာပါ။ ဒီတစ်ခေါက်တော့ အဖြူဆင်းတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းလို့ရလဲဆိုတာကိုပြောပြပေးပါရစေနော်။
ဒီအစားအစာတွေက အဖြူဆင်းတာကိုသက်သာစေနိုင်ပါတယ်
ပဲနံ့သာစေ့ – အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ရေနွေးပူပူထဲကို ရေစင်စင်ဆေးထားတဲ့ ပဲနံ့သာစေ့ထည့်ပြီး နာရီဝက်လောက်စိမ်ထားပေးပါ။ပြီးရင် အအေးခံပြီးသောက်လိုက်ပါ။
ရုံးပတီသီး – အဖြူဆင်းတာကို သက်သာစေတဲ့ အသီးအနှံတစ်မျိုးပေါ့။ရေနွေးဆူဆူထဲမှာ ရုံးပတီသီးကိုထည့်ပြုတ်ပြီး တို့စားလို့ရသလို အချဉ်ရည်နဲ့တိုပစားလို့လည်းရပါတယ်။
ဒိန်ချဉ် – ဒိန်ချဉ်က အကျိုးပြုဘက်တီးရီးယားတွေပါက်ဖွားစေဖို့ အားဖြည့်ပေးပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားကြောင့် အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။
နံနံစေ့ – နံနံစေ့က အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ နံနံစေ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုရေတစ်ခွက်ထဲမှာ တစ်ညစိမ်ထားပြီးနောက်နေ့မနက်စောစော ဘာမှမစားရသေးခင်မှာသောက်ချလိုက်ပါ။
ဇီးဖြူသီး – အဖြူဆင်းတာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဇီးဖြူသီးကို ခပ်သေးသေးလေးတွေလှီးပြီးနေရောင်အောက်မှာ အခြောက်ခံပေးပါ။ခြောက်သွားပြီဆိုရင် အမှုန့်လေးတွေဖြစ်အောင်ကြိတ်လိုက်ပါ။ ဇီးဖြူသီးမှုန့်လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ပျားရည်နဲ့ ဆတူရောပြီးရေနဲ့ရောစပ်ဖျော်သောက်ပေးလို့ရပါတယ်။
သလဲသီး – သလဲသီးကအရသာရှိသလို ကျန်းမာရေးအကျိုးကျေးဇူးလည်းများပါတယ်။ အမျိုးသမီးတွေအနေနဲ့ အဖြူဆင်းတာကို သက်သာစေဖို့ သလဲသီးကို စားသုံးပေးလို့ရပါတယ်။ သလဲသီးကို အစေ့ကိုပါစားပေးလို့ရပါတယ်။
ပင်စိမ်း -ဆေးဖက်ဝင်တဲ့ အပင်အဖြစ်လက်ခံထားကြတာပါ။ ပင်စိမ်းရွက်ကိုရေနွေးထဲထည့်သောက်တာဖြစ်ဖြစ် ပျားရည်နဲ့ရောကြိတ်ပြီးသောက်တာဖြစ်ဖြစ်သောက်လို့ရပါတယ်။ အဖြူဆင်းတာကို သက်သာစေမှာပါ။
မာလကာရွက် –မာလကာရွက်ကလည်း အဖြူဆင်းတာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။
ချင်း – ချင်းလေးတွေကို ပါးပါးလှီးပြီးရေနွေးဆူဆူထဲ နာရီဝက်လောက်ထည့်စိမ်ပြီးသောက်ပေးမယ်ဆိုရင် အဖြူဆင်းတာကို သက်သာစေမှာပါ။
ငှက်ပျောသီး – ငှက်ပျောသီးမှာ သတ္တုဓါတ်တွေများစွာပါဝင်သလိုရောဂါတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။နေ့တိုင်း ငှက်ပျောသီးမှည့် တစ်လုံး ဒါမှမဟုတ် ၂ လုံးစားပေးပါ။
သဖန်းသီး – အဖြူဆင်းတာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပေါ့။ သဖန်းသီးခြောက် ၂ လုံး ၃ လုံးလောက်ကိုရေထဲမှာ တစ်ညစိမ်ထားပြီးသောက်ပေးပါ။
ကဲ အဖြူဆင်းနေရင် အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို သုံးပြီးဖြေရှင်းလိုက်ပါနော်လေဒီတို့ရေ
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။