မိခင်များကို အလုပ်နဲ့မိသားစုကြား ချိန်ခွင်လျှာညီစေဖို့အတွက် ကူညီပေးနိုင်မယ့် အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

မိသားစုဆိုတာ အချိန်တိုင်းမှာ ပျော်ရွှင်ရယ်မောဖွယ်ရာတွေ နဲ့ အေးအေးသက်သာအနားယူခြင်းတွေပြည့်ဝမနေနိုင်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုးပျော်ရွှင်နေနိုင်ခြင်းကို ထိန်းသိမ်းနိုင်ဖို့ ကျွန်မတို့ဟာ မြောက်များလှစွာသော အချိန်တွေအင်အားတွေစိုက်ထုတ်ခြင်း၊ အလုပ်ကြိုးစားခြင်းနဲ့ တစ်ခါတလေမှာ အနစ်နာခံရခြင်းတွေကိုတောင် ပြုလုပ်ရလေ့ရှိပါတယ်။ ဒါကြောင့် အလုပ်လုပ်နေတဲ့မိခင်တွေအတွက် အလုပ်နဲ့ မိသားစုကြားမှာ ချိန်ခွင်လျှာမျှတအောင် ရောနှောပြီးနေနိုင်မယ့် ဘဝနေထိုင်မှုပုံစံဖန်တီးဖို့ဆိုတာ အကြီးမားဆုံး စိန်ခေါ်မှုကြီးပါပဲ။ အလုပ်ကိုမထိခိုက်ဘဲ ပျော်ရွှင်ရင်းနှီးတဲ့အိမ်ကလေးကို တည်ဆောက်နိုင်ဖို့ အလုပ်နဲ့မိသားစုကြားဘဝကို စီမံခန့်ခွဲနိုင်မယ့် ရိုးရှင်းတဲ့အချက်၇ချက်ကို ဖော်ပြပေးထားပါတယ်။

၁။ အစီအစဉ်တစ်ခုရေးဆွဲပါ။

  • ကောင်းမွန်တဲ့မိသားစုအစီအစဉ်ဟာ သင်နဲ့သင့်ရဲ့လက်တွဲဖော်တို့ကို အချိန်ဇယားကွဲလွဲမှုတွေ၊ အချိန်းအချက်လွဲချော်မှုတွေနဲ့ သင့်ကလေးရဲ့ကျောင်းပွဲတွေ ဥပမာ- ဆရာမိဘအစည်းအဝေးမျိုးကို သွားနိုင်စွမ်းမရှိတာတွေ ၊ ပြင်ပလှုပ်ရှားမှုတွေ သို့မဟုတ် နှစ်ပတ်လည်အထိန်းအမှတ်တွေ မဖြစ်စေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။
  • မိခင်ရောဖခင်ပါအလုပ်လုပ်တဲ့မိသားစုတစ်ခုမှာ အပတ်စဉ်၊ လစဉ်နဲ့ နှစ်စဉ်ဆိုပြီး ပြက္ခဒိန် ၃ခု ရှိသင့်ပါတယ်။ သင်နဲ့ သင့်ရဲ့မိသားစုဝင်တွေဟာ ပြက္ခဒိန်တွေကို download ဆွဲတာ (app ပြုလုပ်ခြင်း) ပဲဖြစ်ဖြစ် ပြက္ခဒိန်အကြီးမှာပဲ အလွယ်တကူသတိပြုမိနိုင်တဲ့ အစီအစဉ်တွေချရေးတာပဲဖြစ်ဖြစ် ပြုလုပ်ထားနိုင်ပါတယ်။
  • မိသားစုအချိန်ဇယားကို တတ်နိုင်သမျှ အသေးစိတ်လိုက်နာပြီး သင့်တစ်ကိုယ်ရည်အချိန်စာရင်းအပြောင်းအလဲတွေကို တတ်နိုင်သမျှအမြန်ဆုံး သတိပေးနိုင်ဖို့ ကြိုးစားပါ။ အသင်းအဖွဲ့နဲ့အလုပ်လုပ်ခြင်းမှာ ထိရောက်စေဖို့နဲ့ စီစဉ်ထားတဲ့အတိုင်းအလုပ်တစ်ခုကို ပြီးမြောက်ခြင်းတို့အတွက် ဆက်သွယ်ရေးက မရှိမဖြစ် အရေးကြီးပါတယ်။

၁။ ပိုပြီးထက်မြက်တဲ့ လုပ်သားဖြစ်နေပါစေ။

  • သင့်ရဲ့အလုပ်ချိန်တွေကို အနည်းဆုံးဖြစ်အောင်ချုံ့ပစ်နိုင်ပြီး ပေးထားတဲ့တာဝန်တွေကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ သင့်ရဲ့ ဇီဝနာရီကို လိုက်နာဖို့ပါပဲ။ သင်က morning person (နံနက်ခင်းအလုပ်လုပ်သူ)လား ဒါမှမဟုတ် night person (ညဘက်အလုပ်လုပ်နိုင်သူ)လား။ ဖြစ်နိုင်မယ်ဆိုရင် သင့်ဦးနှောက်ကသူ့ရဲ့အကောင်းဆုံး အတက်ကြွဆုံးအခြေအနေမှာအလုပ်လုပ်ပြီး တက်ကြွမှုအနည်းဆုံးအချိန်တွေမှာ အနားယူပြီး ကလေးတွေနဲ့ကစားတာ သို့မဟုတ် အိမ်အလုပ်လုပ်တာတွေ လုပ်ပေးပါ။
  • အလုပ်လုပ်နေချိန်မှာ အလုပ်ကိုအချိန်မှီပြီးနိုင်ဖို့အတွက် တတ်နိုင်သမျှ အာရုံစိုက်လုပ်ပါ။ ဒါမှသာ အလုပ်တွေ အိမ်ကိုပါမသွားနိုင်မှာပေါ့။ တကယ်လို့ သင်နဲ့ သင့်ရဲ့လက်တွဲဖော်က အကျိုးအပြစ်ကိုချိန်ကြည့်လို့ အကျိုးများနေမယ်လို့ ခံစားရမယ်ဆိုရင် အလုပ်နဲ့နီးရာနေရာကို ရွှေ့ပြောင်းနေထိုင်ပါ။

၃။ ပိုပြီးထက်မြက်တဲ့ မေမေဖြစ်ပါစေ ။

  • ဖြစ်နိုင်မယ်ဆိုရင် မိသားစုအချိန်တွေပိုရရှိနိုင်မယ့် အကြံဉာဏ်တွေကို လိုက်နာပါ။ အိမ်အလုပ်တွေကလည်း သင်ရနိုင်မယ့်အချိန်တွေထဲက အချိန်တွေတော်တော်များများကို ထုတ်နုတ်ယူသွားနိုင်ပါတယ်။ အိမ်အလုပ်တွေကို ကောင်းမွန်မြန်ဆန်စွာ စီမံခန့်ခွဲနိုင်မယ့် အသုံးဝင်တဲ့အချက်၅ချက်ကို ဖော်ပြထားပါတယ်။
  • စနေ၊တနင်္ဂနွေလို အားလပ်ရက်တွေအတွက် စားစရာတွေကို ပြင်ဆင်ထားတာက စားစရာတွေဝယ်ဖို့ တစ်နေကုန်လုံးအချိန်တွေ ဖြုန်းနေစရာမလိုတော့ဘူးပေါ့။ အချိန်ကုန်တာနည်းသွားဖို့အတွက် ကြိုတင်လှီးဖြတ်ထားတဲ့စားစရာတွေကို တစ်နပ်စာစီအတွက် ခွဲခြားပြင်ဆင်ထားပါ။ ထပ်လုပ်လို့ရသေးတာက ချက်ပြုတ်ပြီးကြိုတင်ပြင်ဆင်ထားတဲ့စားစရာတွေကို ရေခဲသေတ္တာထဲထည့်ထားလိုက်မယ်ဆိုရင် သင့်မိသားစုဝင်တွေမစားမှီ အပူပေးလိုက်ဖို့ပဲလိုတော့မှာပါ။
  • မြေအောက်ရထား၊ ဘတ်စ်ကား သို့မဟုတ် အငှားကားတွေနဲ့ခရီးသွားတာက အလုပ်အတွက်ပြင်ဆင်မှုတွေ သို့မဟုတ် emails တွေပြန်ဖြေဖို့ အချိန်ပိုတွေထွက်လာစေပါတယ်။
  • အိမ်လုပ် ပရိုတိန်းဖျော်ရည် (protein smoothie) သို့မဟုတ် sandwich တွေလို မြန်ဆန်ပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့နံနက်စာတွေကိုစားပါ။
  • အရာရာ အစီအစဉ်တကျဖြစ်နေစေဖို့ အိမ်ကိုပြန်လည်ပြင်ဆင်ပါ။ ဥပမာ- မိသားစုဝင်တစ်ယောက်ချင်းစီအတွက် တစ်နေ့ပြီးတစ်နေ့ ဘာတွေဝတ်မယ်ဆိုတာကြိုစီစဉ်ထားတာမျိုးပေါ့။ ဒီလိုလုပ်မယ်ဆိုရင် အပြင်ထွက်ခါနီး အဝတ်အစားရွေးနဲ့ လိုက်ဖက်တဲ့ accessories တွေရွေးချယ်နေစရာမလိုဘဲ အလွယ်တကူချက်ချင်းထွက်သွားနိုငပါတယ်။
  • အလုပ်ချိန်တွေမှာ နေ့လည်စာကို အပြင်စာတွေဝယ်စားတဲ့အကြိမ်အရေအတွက်ကို လျှော့ချပါ။ အိမ်မှာလုပ်တဲ့စားစရာတွေကို အလုပ်ကိုယူသွားပြိးစားတာက အပြင်ထွက်ပြီးစားသောက်ဆိုင်သွားရမယ့်အချိန်တွေ ပြန်လာရမယ့်အချိန်တွေ၊ ခုံရှာရမယ့်အချိန်၊ မီနူးကြည့်ပြီးမှာရမယ့်အချိန်၊ စောင့်ဆိုင်းရမယ့်အချိန်တွေနဲ့ ကျသင့်ငွေရှင်းရမယ့်အချိန်တွေ အားလုံးကို သက်သာသွားစေနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ တကယ်လို့ စားနေတုန်းမှာ အလုပ်မလုပ်ချင်ဘူးဆိုရင် ကုမ္ပဏီရဲ့နေ့လည်စာစားတဲ့နေရာတွေမှာပဲဖြစ်ဖြစ် နီးစပ်ရာပန်းခြံကိုသွားပြီးတော့ပဲဖြစ်ဖြစ် သင့်ထမင်းချိုင့်ကိုယူသွားပြီး စားနိုင်ပါတယ်။
  • မိဘတွေဟာ အိမ်အလုပ်တွေကို ကလေးတွေနဲ့ဝေမျှပြီးလုပ်ကိုင်သင့်ပါတယ်။ ကလေးတွေရဲ့ အသက်အရွယ်နဲ့လိုက်ဖက်မယ့် အလုပ်တွေကို ရွေးချယ်ခိုင်းဖို့တော့လိုတာပေါ့။
  • ဖြစ်နိုင်မယ်ဆိုရင် သန့်ရှင်းရေးဝန်ထမ်းကို သင့်ရဲ့ ဝင်ငွေပေါ်မူတည်ပြီး နေ့စဉ်၊ အပတ်စဉ် သို့မဟုတ် လစဉ် လာခိုင်းသင့်ပါတယ်။

၄။ သင့်ကိုယ်သင် ကျန်းမာအောင်နေပါ။

  • စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို အရှုံးမပေးလိုက်ပါနဲ့။ ဒါတွေက ပိုဆိုးတဲ့အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အိပ်ပါ။ အလွယ်တကူရနိုင်တယ်ဆိုပြီး junk food တွေပုံမှန်စားဖြစ်နေတာမျိုးကို ရှောင်ပါ။ စိတ်ဖိစီးမှုတွေများလာတယ် စိတ်ပင်ပန်းလာတယ်လို့ ခံစားရရင် သင့်ကိုယ်သင်အနားပေးပါ။ နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ နည်းနည်းလေးမှအတိမ်းစောင်းမခံနိုင်တဲ့ အရာရာပြီးပြည့်စုံတဲ့သူမျိုး ၊ ကိစ္စသေးသေးမွှားမွှားလေးအတွက်တောင် အလွယ်တကူစိတ်ဖိစီးခံနေရတဲ့သူမျိုးမဖြစ်ပါစေနဲ့။ သင့်မှာအလုပ်လုပ်စရာတွေအများကြီးရှိနေသေးတာကြောင့် အချို့သောမလိုအပ်တဲ့နေရာတွေမှာ သင့်ရဲ့မာနတွေကို လျှော့ချဖို့ကြိုးစားတာက သင့်အတွက်ရော သင့်လက်တွဲဖော်အတွက်ပါ ဒီလိုဘဝနေထိုင်မှုပုံစံမှာ သက်တောင့်သက်သာရှိစေမှာပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ်ထွက်နိုင်ခြေ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ များသောအားဖြင့် ...

ရေးသားသူ Ye Myo Myat
အရေပြားကျန်းမာရေး, အလှအပ နိုဝင်ဘာ 30, 2020 . 3 mins read

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုးကြီး ပြီးဆုံးသွားပြီလား

Facebook တစ်ခွင်မှာ လူတော်တော်များများကို ကြည့်လိုက်ရင် အပြင်မှာ သူငယ်ချင်းတွေနဲ့ ...

ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 နိုဝင်ဘာ 30, 2020 . 2 mins read

ကိုယ်ဝန်ဆောင်ချိန် ကိုက်ခဲတာကို သက်သာစေဖို့

ကိုက်ခဲတာက မိခင်တိုင်းလိုလို ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ပြဿနာတစ်ခုပါ။ ကိုယ်ဝန်ဆောင် မေမေတို့ နာကျင်ကိုက်ခဲတဲ့အခါ သက်သာစေဖို့ ဘယ်လို လုပ်ဆာင်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သတိ ကိုဗစ် ရှိသေးသည်

သတိ ကိုဗစ်ရှိသေးသည်

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read
ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 7, 2020 . 3 mins read