ချင်း (ဂျင်း)၊ လက်ဖက်စိမ်း၊ ချာမိုမိုင်းတို့နဲ့ပြုလုပ်ထားတဲ့ ရေနွေးကြမ်းကို အအေးခံထားတဲ့သောက်စရာတွေက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အသားအရေကို အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ အူမကြီးကို သန့်စင်ပေးနိုင်သလို အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အရေပြားကို အတွင်းပိုင်းအထိကြည်လင်စေပြီး အဆီပိုတွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။
Green Smoothie
လက်ဖက်စိမ်း၊ ဂျပန် လက်ဖက်စိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန်၊ သစ်တော်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီးတို့ကိုရောစပ်ပြီး ကြိတ်ထားတဲ့ smoothie လေးကိုသောက်သုံးပေးတာက အမျှင်ဓာတ်ကြွယ်ဝစွာရရှိစေနိုင်တာကြောင့် အူမကြီးက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားနိုင်သလို အသားအရေကိုကြည်လင် စေပြီး ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်ပါတယ်။ ဒါတွေတင်မကပါဘူး။ ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါသေးတယ်။
ဖရဲသီး ဖျော်ရည်
အရည်ရွှမ်းတဲ့ ဖရဲသီးလေးက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်သလို အမျှင်ဓာတ်လည်းကြွယ်ဝပါတယ်။ အူမကြီးကို သန့်စင်စေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ကယ်လ်လိုရီပါဝင်မှုနည်းတာကြောင့် ဝိတ်မတက်စေနိုင်သလို အသားအရေကိုလည်း ကြည်လင်စေမှာပါ။ အရသာရှိတဲ့ ဖရဲသီးလေးကို ဒီအတိုင်းစားတာဖြစ်ဖြစ် ဖျော်သောက်တာဖြစ်ဖြစ်လုပ်ပြီး အသားအရေနဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းလိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။