နေလောင်ဒဏ်ကနေကာကွယ်ပါ – ခရမ်းလွန်ရောင်ခြည်က အသားအရေကို အမည်းစက်တွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေကိုနေလောင်ကြောင့်ထိခိုက်မှုနည်းစေဖို့ ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့နေလောင်ကာခရင်မ်တစ်မျိုးမျိုးကိုပုံမှန်လူးပေးပါ။
ဗီတာမင် Cပြည့်ဝစေဖို့ ဂရုစိုက်ပါ – ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကြောင့်အသားအရေထိခိုက်မှုတွေကို ကာကွယ်ဖို့နဲ့ အသားအရေကို ထိခိုက်စေနိုင်တဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားစေနိုင်ဖို့နေ့စဉ် ဗီတာမင် Cပြည့်ဝနေစေဖို့ ဂရုစိုက်ရပါမယ်။
အိပ်ရေးဝဝအိပ်ပါ – အိပ်ရေးဝဝအိပ်တာကလည်း အသားအရေကို ကျန်းမာစေနိုင်တဲ့အချက်တွေထဲကတစ်ခုပါ။ ဒါကြောင့် ညစဉ် အိပ်ချိန် ၈ နာရီပြည့်အောင် အိပ်စက်ဖို့မမေ့ပါနဲ့။
တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ – တစ်နေ့ကို နှစ်ကြိမ်မျက်နှာကို ညင်ညင်သာသာသစ်ပေးပါ။ မျက်နှာသစ်တဲ့အခါ အပျော့စား မျက်နှာသစ်ဆေးကိုပဲ အသုံးပြုပေးတာအကောင်းဆုံးပါ။
အစိုဓါတ်ထိန်းခရင်မ်လူးပါ – အသားအရေခြောက်သွေ့မှုကင်းစေဖို့ မျက်နှာသစ်ပြီးတိုင်းမှာ အစိုဓါတ်ထိန်းခရင်မ်ပုံမှန်လူးပေးပါ။
မျက်နှာကိုပုံမှန်ပေါင်းတင်ပေးပါ – ကိုယ်ဝန်ဆောင်နေချိန်မှာ တစ်ပတ်တစ်ခါလောက် သဘာဝပစ္စည်းတွေနဲ့ မျက်နှာကိုပေါင်းတင်ပေးပါ။ ဥပမာ သခွားသီး၊ပျားရည်၊ ကြက်ဥအကာတို့လိုမျိုး သဘာဝပစ္စည်းတွေနဲ့ မျက်နှာပေါင်းတင်ပေးပါ။
ရေများများသောက်ပါ – ကိုယ်ဝန်ဆောင်ချိန်မှာဆီးခဏခဏသွားရမှာစိုးပြီးရေမသောက်ဘဲနေတာမျိုးမလုပ်ပါနဲ့။ အသားအရေကျန်းမာစေဖို့ကရေဓာတ်ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။
ကဲ…လေဒီလေးတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေလေး Glowပြီးလှနေစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်လိုက်ပါနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။