ကိုယ်အလေးချိန်ကျစေနိုင်တယ်
ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ် နဲ့ သကြားဓါတ်ပါဝင်မှုနည်းတာကြောင့် ဝိတ်တက်တာမျိုးကို မဖြစ်စေနိုင်ပါဘူး။ အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင်စေတဲ့အတွက် ဝိတ်ချနေသူတွေနဲ့ အထူးသင့်တော်မှာပါ။
နှလုံးကျန်းမာစေနိုင်တယ်
မျှစ်မှာ သွေးတွင်းက အကျိုးမပြုကိုလက်စထရော (LDL)တွေကို ချေဖျက်ပေးနိုင်တဲ့ phytosterolsနဲ့ phytonutrients တို့ ပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရောကို ကျစေပြီး သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကို ကောင်းမွန်စေမှာ အသေအချာပါ။ ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု ကောင်းစေနိုင်ပြီး နှလုံးအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေနိုင်မှာပါ။
သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးနိုင်တယ်
သုတေသနပြု လေ့လာမှုတွေအရ မျှစ်ကို စားသုံးပေးတာက သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး ကိုယ်တွင်းအဆီတွေကိုချေဖျက်ပေးနိုင်ပါတယ်။
ကင်ဆာ ကာကွယ်ပေးနိုင်တယ်
မျှစ်မှာပါဝင်နေတဲ့ phytosterols က ကင်ဆာကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပြီး အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်သလို အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလည်း အထိရောက်ဆုံးလျှော့ချပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။