backup og meta

လက်တွေကပြောပြနေတဲ့ သင့်ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်တွေကပြောပြနေတဲ့ သင့်ကျန်းမာရေး

    လက်တွေကပြောပြနေတဲ့ သင့်ကျန်းမာရေး

    ရောဂါတစ်ခုခုခံစားနေရလားဆိုတာကို ဆေးစစ်ကြည့်တာ၊ ခံစားနေရတဲ့ လက္ခဏာတွေကို ဆန်းစစ်ကြည့်တာကနေ သိနိုင်တယ်ဆိုတာက အထွေအထူးပြောပြနေစရာမလိုပါဘူး။ ဒီတစ်ခေါက်တော့ သင့်လက်ကလေးတွေကိုကြည့်ပြီး ရောဂါမှန်းပြမယ်ဆိုရင် ဘယ်လိုလဲ။ ကိုယ့်မှာ ဘယ်လိုရောဂါတွေဖြစ်နေလဲဆိုတာကို တူတူစစ်ဆေးကြည့်မလား Hello ဆရာဝန်ပရိသတ်ကြီးရေ…….

    လက်ချောင်းလေးတွေရဲ့ အလျား၊ လက်ရဲ့ဆုပ်ကိုင်နိုင်အား၊ လက်ဗွေကနေစလို့ လက်သည်းလေးတွေအထိ အားလုံးက ခန္ဓာကိုယ်ထဲမှာ ခံစားရနိုင်ခြေရှိနေတဲ့ ရောဂါတွေကို ဖော်ပြပေးနေပါတယ်။

    လက်ချောင်းလေးတွေရဲ့အလျားက သင့်မှာ အဆစ်ရောင်နာရောဂါခံစားရနိုင်ခြေရှိနေလားဆိုတာကိုဖော်ပြပေးနေပါတယ်။ လေဒီတွေအနေနဲ့လက်ချောင်းလေးတွေကိုကြည့်လိုက်လို့ လက်သူကြွယ်က လက်ညှိုးထက်ပိုရှည်နေမယ်ဆိုရင် သင့်မှာ အဆစ်ရောင်နာဖြစ်နိုင်ခြေက ပုံမှန်ထက် ၂ ဆလောက်ပိုများနေပါပြီ။ ဒါကဘာကို ထပ်ပြီးဖော်ပြပေးနေသလဲဆိုတော့ ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်းနည်းနေတယ်ဆိုတာကိုပါ။
    လက်သူကြွယ်နဲ့ လက်ချောင်းက တစ်တန်းတည်းဖြစ်နေမယ်ဆိုရင်တော့ ကျန်းမာကြံ့ခိုင်သူတစ်ဦးဖြစ်ပြီး  သက်လုံလည်းကောင်းပါတယ်။ အမျိုးသားတွေမှာတော့ လ်ကသူကြွယ်က လက်ညှိုးထက် ပိုမြင့်နေမယ်ဆိုရင် မျိုးအောင်နိုင်စွမ်းမြင့်ပြီး အိမ်ထောင်မှုသုခပြည့်စုံနိုင်ကြသူတွေပေါ့။ ဒါပေမယ့် မကောင်းတာတစ်ခုက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ များနေတာပါ။

    လက်တုန်တာက ဖော်ပြနေတဲ့ကျန်းမာရေး

    လက်တုန်တာက ကဖင်းစားသုံးမှုများလို့ ဒါမှမဟုတ် ပန်းနာရင်ကြပ်အတွက်သောက်ရတဲ့ ဆေးတွေ၊ စိတ်ကျရောဂါကြောင့် သောက်ရတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ လက်တုန်တတ်ပေမယ့် ဒါတွေတစ်ခုမှာမရှိဘဲ လက်တုန်နေတာဆိုရင်တော့ သင့်မှာ ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေများနေတယ်ဆိုတဲ့ လက္ခဏာပါ။ လကတွေတုန်နေတတ်သူ ၈၀ ရာခိုင်နှုန်းလောက်က ပါကင်ဆန်ရောဂါကို ခံစားရတတ်ကြပါတယ်။

    လက်သည်းအရောင်က ဖော်ပြနေတဲ့ကျန်းမာရေး

    လက်သည်းအောက်ခြေမှာပါတဲ့ အဖြူရောင် လခြမ်းဝိုင်းလေးက လက်သည်းရဲ့ ထက်ဝက်လောက်ထိရှိနေမယ်၊လက်သည်းအောက်​ခြေက ဖြူပြီး အပေါ်ဘက်က ပန်းရောင်မဟုတ်ဘဲ အညိုရောင်သန်းနေမယ်ဆိုရင်တော့ သင်က နာတာရှည်ကျောက်ကပ်ရောဂါ ခံစားရနိုင်ခြေ ပုံမှန်ထက်များနေပါတယ်။ လေ့လာမှုတွေအရ လက်သည်းမှာ အခုပြောခဲ့သလို ဖြစ်နေသူတွေရဲ့ ၃၆ ရာခိုင်နှုန်းလောက်က နာတာရှည်ကျောက်ကပ်ရောဂါခံစားနေရတာကိုတွေ့ရှိခဲ့ရပါတယ်။

    လက်သည်းလေးတွေကနောက်ထပ်ဘာတွေကိုဖော်ပြသေးလဲဆိုတော့ ကိုယ်တွင်းမှာ ဟေ်မုန်းများနေတယ်ဆိုတာနဲ့ သွးအားနည်းရောဂါခံစားရနိုင်တယ်ဆိုတာကိုပါဖော်ပြနေပါသေးတယ်။ လက်သည်းအောက်ခြေက ဖြူပြီး အပေါ်ပိုင်းက ညိုပုပ်ပုပ်ဖြစ်နေမယ်၊ လက်သည်းမှာ အစင်းကြောင်းတွေဖြစ်နေမယ်ဆိုရင်တော့ သင့်အနေနဲ့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ အကြောင်းကတော့ ဒီလက္ခဏာက သင့်မှာ အရေပြားကင်ဆာဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြနေတာကြောင့်ပါ။

    လက်မမြဲခြင်းက ဖော်ပြနေတဲ့ကျန်းမာရေး

    လက်ကတစ်ခုခုကိုင်တိုင်း မြဲမြဲမြံမြံကိုင်လို့မရဘူး။ လက်ကညှစ်နိုင်စွမ်းနည်းနေမယ်ဆိုရင် သင့်မှာ ရုတ်တရက်နှလုံးရပ်နိုင်ခြေများနေသလို လေဖြတ်နိုင်ခြေလည်းတော်တော်လေးများနေပါတယ်။ ဒီအခြေအနေက သွေးပေါင်ချိန်ထက်ပိုပြီးတိကျတဲ့ နှလု့းရောဂါဖြစ်နိုင်တယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာတစ်ရပ်ပါ။ ကြွက်သားတွေရဲ့ သန်စွမ်းမှုကနေတဆင့် ရောဂါခံစားရနိုင်ခြေကို ဖော်ပြပေးနေတာပါ။

    လက်ဖဝါးမှာထွက်တဲ့ ချွေးက ဖော်ပြနေတဲ့ကျန်းမာရေး

    လက်ဖဝါးမှာချွေးတွေအမြဲလိုလိုထွက်နေတာ သွေးဆုံးလက္ခဏာတစ်ရပ်ဖြစ်နိုင်သလို သိုင်းရွိုက်ပြဿနာရှိနေတယ်ဆိုတာကိုလည်း ဖော်ပြပေးနေပါတယ်။ လက်ဖဝါးတင်မဟုတ်ဘဲ ခြေဖဝါး၊ ချိုင်းကြားတွေမှာ ပုံမှန်ထက် ချွေးပိုထွက်နေမယ်ဆိုရင် သိုင်းရွိုက်ကို စစ်ဆေးကြည့်ဖို့ပြောပါရစေ။

    လက်ဗွေလေးက ဖော်ပြနေတဲ့ကျန်းမာရေး

    လက်အသားအရောင်ကဖော်ပြနေတဲ့ ကျန်းမာရေး

    လက်ရဲ့ အသားအရောင်လေးတွဖျော့တော့နေတာက သိုင်းရွိုက်အလွန်အကျွံအလုပ်လုပ်နေတယ်ဆိုတာကို ဖော်ပြနေသလို ကိုယ်တွင်းထဲမှာ ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်တွေပို့လွှတ်ဖို့ ကျန်းမာတဲ့ သွေးဆဲလ်တွေ အလုံအလောက်မရှိဘူးဆိုတာကို ဖော်ပြနေပါတယ်။ လက်အသားအရောင်ဖျော့တော့မယ် လက်သည်းလေးတွေက ဖြူဖျော့နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

    ခုံးနေတဲ့လက်သည်းလေးတွေကဖော်ပြနေတဲ့ ကျန်းမာရေး

    လက်သည်းလေးတွေက ပုံမှန်မဟုတ်ဘဲ ခုံးကြွနေမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ ရောဂါတွေဖြစ်လာနိုင်ခြေတော်တော်များများနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။ လက်သည်းလေးတွေခုံးနေရင် ဖြစ်နိုင်ခြေအများဆုံးကတော့ သွေးထဲမှာ အောက်ဆီဂျင်နည်းနေတာကြောင့် သင့်မှာ နာတာရှည် အဆုတ်ရောဂါခံစားရနိုင်များနေတယ်ဆိုတဲ့ လက္ခဏာပါ။ လက်သည်းခုံးတာက အူမကြီးရောင်ရမ်းတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အသည်းရောဂါနဲ့ AIDS ရောဂါတွေခံစားနေရတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

    လက်ဖဝါးအရောင်က ဖော်ပြနေတဲ့ကျန်းမာရေး

    လက်ဆစ်လေးတွေဖောင်းနေတာက ဖော်ပြနေတဲ့ကျန်းမာရေး

    လက်လေးတွေဖောင်းနေတာကချ်ဖို့ကောင်းတယ်ဆိုပေမယ့် ကျန်းမာရေးအတွက်တော့ သိပ်မကောင်းလှပါဘူး။ လက်ဆစ်လေးတွေမှာ ဖောင်းဖောင်းလေးတွေဖြစ်နေမယ်ဆိုရင် ဒါက သွေးတွင်းကိုလက်စထရောများနေတာပါ။ ဒီအခြေအနေက ပြင်းထန်တဲ့နောက်ဆက်တွဲရောဂါတွေကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ လက္ခဏာတစ်ရပ်ပေါ့။ အရွတ်တွေ၊ ပြန်ရည်ကျိတ်တွေမှာ အဆီတွေစုနေတယ်ဆိုတဲ့ လက္ခဏာပါ။ လက်ဆစ်တွေတင်မဟုတ်ဘဲ လက်ဖမိုး၊ တံတောင်ဆစ်၊ ဒူးခေါင်းတွေမှာ ဖောင်းနေရင်လည်း ဆရာဝန်နဲ့ပြကြည့်ဖို့ အကြံပြုပါရစေ။

    ကဲ..လက်လေးတွေကို စစ်ကြည့်လိုက်ဦးနော်။ ဘယ်တစ်ချက်မှ မကိုက်တာက ဝမ်းသာစရာနော်။ တကယ်လို့ တစ်ချက်ချက်နဲ့တူနေခဲ့မယ်ဆိုရင်လည်း ဆရာဝန်ဆီးသွားပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေလုပ်ပြီး ရောဂါကို မဖြစ်ခင်က ကာကွယ်လိုက်ပါလို့ အကြံပြုပါရစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement