ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဦးရေပြားနဲ့ ဆံသားထိန်းသိမ်းမှုတွေက ဆံသားနဲ့ ပတ်သက်နဲ့ ဆံပင်ကြမ်းတာ၊ ကျွတ်တာတွေကို သက်သာစေသလို ဦးရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း

ဆံသား အပါအဝင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ အကြောင်းကို တော်တော်များများ သိထားတယ်လို့ ကိုယ့်ကိုယ့်ကိုယ် ယူဆနေပါသလား။ ဒါဆိုရင်တော့ နောက်ထပ် တစ်ကြိမ် စဉ်းစားပြီးမှ အဖြေပေးပါလို့ ပြောချင်ပါတယ်။ တကယ်ကတော့ အခု ဒီစာကို ဖတ်နေတဲ့ ပရိသတ်ကြီးရော ဒီစာကိုရေးတဲ့ ကျွန်တော် ကိုယ်တိုင်ပါ မွေးကတည်းက ဦးရေပြားမှာ ပါလာတဲ့ ဆံသား တွေနဲ့ ခန္ဓာကိုယ် အနှံ့မှာ ပေါက်တဲ့ အမွေးအမျှင် အကြောင်းကို မသိကြပါဘူး။ ကဲ .... ဒီနေ့တော့ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း လေ့လာလိုက်ရအောင်နော်။ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ # ဆံပင်တွေကို အဓိကအားဖြင့် Keratin နဲ့ […]

ဆံသားနှင့် ဦးရေပြားကျန်းမာရေး ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Male pattern baldness (ထိပ်ပြောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်။ထိပ်ပြောင်ခြင်းဆိုတာဘာလဲ။ ထိပ်ပြောင်ခြင်းဆိုတာကိုဆံပင်ပါးခြင်းတစ် မျိုးလို့ခေါ်ပြီးအမျိုးသားတွေမှာအတွေ့ရအများဆုံးဆံပင် ကျွတ်မှုတစ်ခုဖြစ်ပါတယ်။ ထိပ်ပြောင်ခြင်းကိုအတွေ့ရများသလား။ အရမ်းကိုအတွေ့ရများပါတယ်။ များသောအားဖြင့် အမျိုးသားတွေကအမျိုးသမီးတွေထက်ပိုဖြစ်တတ်ပါတယ်။ အခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ရောဂါလက္ခဏာများ။ထိပ်ပြောင်ခြင်းရဲ့ လက္ခဏာတွေ ကဘာတွေလဲ။ ထိပ်ပြောင်ခြင်းရဲ့ပုံစံကတော့ ဆံစပ်ကနေစတတ်ပါတယ်။ ဆံ ပင်ရဲဆံစပ်ကနေပြီး ခေါင်းနောက်ဘက်ကို ဆုတ်သွားတတ် ပါတယ်။ ပြီးတော့ Mပုံစံဖြစ်ပေါ်လာပါတယ်။ နောက်ပိုင်းကျ ရင် ဆံပင်က ပါးလာမယ် တိုလာမယ် ပြီးတော့ မြင်းခွာပုံလို မျိ ုးဖြစ်ပြီးဆံပင်တွေက ဘေးနှစ်ဘက်မှာပဲကျန်နေတဲ့ပုံဖြစ် လာပါလိမ့်မယ်။ (အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။) ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။ ဖြစ်ပွားမှုအကြောင်းရင်းများ။ထိပ်ပြောင်ခြင်းကို ဘယ်အကြောင်းအရင်းတွေကဖြစ်စေတာလဲ။ ထိပ်ပြောင်ခြင်းဆိုတာဟာ မျိ ုးရိုးလိုက်လို့ သို့မဟုတ် မိသား စုဝင်တွေထဲက ရှိလို့ဆိုပြီး ဖြစ်တာကတော့အကြောင်းတစ် ရပ်အနေနဲ့ရှိပါတယ်။ လေ့လာသူတွေတွေ့ရှိချက်အရကတော့ ထိပ်ပြောင်ခြင်းဟာ ယောင်္ကျားဟော်မုန်းတွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ဆိုပါတယ်။ အန်ဒရိုဂျင်လို့ခေါ်တဲ့ ယောင်္ကျားဟော် မုန်းဟာ လုပ်ငန်းတွေအများကြီးကို လုပ်ဆောင်ပါတယ် ဆံပင်ကြီးထွားမှုနေရာမှာပါဝင်နေပါတယ်။ သင့်ခေါင်းပေါ်က ဆံပင်တစ်မျှင်ချင်းစီဟာကြီးထွားမှု စက်ဝန်းတစ်ခုစီရှိကြပါတယ်။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Hair Loss (အမွှေးကျွတ်ခြင်း)

အမွှေးကျွတ်ခြင်း ဆိုတာဘာလဲ။ သင်၏ဦးရေပြား(သို့)သင်၏တစ်ကိုယ်လုံးတွင်အမွှေးကျွတ်နိုင်ပါသည်။ မျိုးရိုးကြောင့်ဖြစ်စေ၊ဟော်မုန်းပြောင်းလဲမှုများကြောင့်ဖြစ်စေ၊ကျန်းမာရေးအခြေအနေများကြောင့်ဖြစ်စေ(သို့)ဆေးဝါးများကြောင့်ဖြစ်စေ ဖြစ်ပွားတတ်ပါသည်။ အမျိုးသား၊အမျိုးသမီးနှင့် ကလေးများ မည်သူမဆို အမွှေးကျွတ်နိုင်ပါသည်။ အမွှေးသည် ဖြစ်ပွားရသည့်အကြောင်းအရင်းပေါ်မူတည်ပြီး နည်းမျိုးစုံကျွတ်နိုင်ပါသည်။ ရုတ်တရက်ဖြစ်စေ ဖြည်းဖြည်းဖြစ်စေဖြစ်လာနိုင်ပြီး ဦးရေပြား(သို့)တစ်ကိုယ်လုံးတွင်ဖြစ်ပွားလာနိုင်ပါသည်။ အချို့သောအမွှေးကျွတ်ခြင်းမှာ ယာယီသာဖြစ်ပြီး တခါတရံတွင် ထာဝရဖြစ်သွားနိုင်ပါသည်။ အမွှေးကျွတ်ခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။ အမွှေးကျွတ်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အမွှေးကျွတ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ခေါင်းထိပ်တွင် တဖြည်းဖြည်းပါးလားခြင်း – အဖြစ်အများဆုံးသောအမွှေးကျွတ်ခြင်းပုံစံဖြစ်ပြီး အသက်အရွယ်ကြီးလာသောအခါ အမျိုးသားအမျိုးသမီးများတွင်ဖြစ်ပွားသည်။ အမျိုးသားများတွင် အက္ခရာM ပုံစံဖြင့် ခေါင်းဦးပိုင်းမှ စ၍ အမွှေးကျွတ်လာတတ်သည်။ အမျိုးသမီးများသည် အများအားဖြင့် ခေါင်းဦးပိုင်းတွင် ဆံပင်များကျန်တတ်သော်လည်း ဆံပင်များကျဲလာတတ်သည်။ စက်ဝိုင်း(သို့)အကွက်လိုက်ထိပ်ပြောင်ခြင်း – အချို့သူများတွင် ချောမွတ်သော ဒဂါးပြားအရွယ်အစားရှိအကွက်လိုက်ဆံပင်ကျွတ်တတ်ပြီး ဦးရေပြားတွင်အများအားဖြင့် ဖြစ်ပွားတတ်သော်လည်း မုတ်ဆိတ်မွှေး(သို့)မျက်ခုံးမွှေးများတွင်လည်းဖြစ်တတ်သည်။ အချို့သောအခြေအနေများတွင် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) ကဘာလဲ။ ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းသည်အရေပြားရောဂါတမျိုးဖြစ်ပြီး ဆံပင်ရှိ အမွှေးအိတ်များရောင်ခြင်းကြောင့်ဖြစ်သည်။ အမျှင်ရှိသောနေရာ ဥပမာ မုတ်ဆိတ်မွှေး လက်မောင်း ကျော တင်ပါး ခြေထောက်အားလုံးတွင်ဖြစ်တတ်သည်။ ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းသည် အစတွင် အနီရောင်ဝက်ခြံပုံဖြင့်ပြတတ်သည်။ နောက်ပိုင်းတွင် ပိုဆိုးလာပြီးတစ်ကိုယ်လုံးပျံသွားတတ်သည်။ ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းသည် အန္ဓါရယ်မရှိတတ်သော်လည်း ယားခြင်းနေထိုင်မကေ ာင်းခြင်းမျိုးဖြစ်စေသည်။ ပြင်းထန်သောကိစ္စများတွင် ဆံပင်များကျွတ်ပြီး အမာရွတ်ထင်တတ်သည်။ Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ ကလေးများ အရွယ်ရောက်သူများတွင်ဖြစ်တတ်ပြီး အသက် နှစ်နှစ်အောက်တွင်မဖြစ်တတ်ပါ။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများFolliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အနီဖု သို့မဟုတ် ဝက်ခြံသည် ဆံပင်အလယ်တွင်ပေါလာမည်။ ထိုအဖုပေါက်ပြီး သွေးသို့မဟုတ် ပြည်ကျန်ခဲ့လိမ့်မည်။ နီယောင်သောအရေပြားဖြစ်ခြင်း ယားခြင်းသို့မဟုတ် ပူခြင်း နာခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ မပြင်းထန်သောကိစ္စများတွင် နှစ်ပါတ်အချိန်အတွင်း သူ့အလိုလိုကောင်းသွားနိုင်သည်။ အိမ်တွင်ဖြစ်သောအရေပြားပေါ်တွင် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ပျော့ပျောင်းတဲ့ ဆံသားလေးတွေ လိုချင်တယ်ဆိုရင်

ပျော့ပျောင်းတဲ့ ဆံသားလေးတွေ လိုချင်တယ်ဆိုရင် ဆံပင်ရှည်လေးတွေ ကျောမှာ ချထားရင် အကောက်ပဲဖြစ်ဖြစ်၊ အဖြောင့်ပဲ ဖြစ်ဖြစ် ဆံသားလေးတွေ ပျော့ပျောင်းနေတယ်ဆိုရင် လူတကာ ငေးရတဲ့ အလှပိုင်ရှင်လေး ဖြစ်နေမှာပါ။ ကောက်ထားတာပဲ ဖြစ်ဖြစ်၊ ဖြောင့်ထားတာပဲ ဖြစ်ဖြစ် သဘာဝအတိုင်းလေးပဲ ဖြစ်ဖြစ် ပျော့ပျောင်းအောင် လုပ်လို့ ရတယ်နော်။ အိမ်မှာတင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေမို့ ပျိုပျိုမေတို့ စရိတ်လည်း သက်သာ၊ လှလည်း လှမှာပါနော်။ ကြက်ဥ ပျိုပျိုမေလေးတို့ရေ ကြက်ဥကို အဓိကထားပြီး ပျော့ပျောင်းအောင် လုပ်မယ်နော်။ ပထမဆုံး ကြက်ဥတစ်လုံးကို ပန်းကန်တစ်လုံးထဲကို ဖောက်ထည့်လိုက်ပါ။ ပြီးရင် သံလွင်ဆီ လက်ဖက်စားဇွန်း (၂) ဇွန်း ဒါမှမဟုတ် အုန်းဆီ လက်ဖက်စားဇွန်း (၂) ဇွန်းကို ထည့်ပါ။ နောက်တော့ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ပြီး […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ပျိုပျိုမေလေးရဲ့ ဆံပင်ကို Hair Rebonding လုပ်မယ်လို့ စဉ်းစားထားရင်

ပျိုပျိုမေလေးရဲ့ ဆံပင်ကို Hair Rebonding လုပ်မယ်လို့ စဉ်းစားထားရင် ပျိုမဒီလေးရေ အလှအပဆိုင်ရာ အကြောင်းအရာတွေက ကုန်ကို မကုန်နိုင်ဘူးနော်။ ဆံပင်ကို အကောက်၊ အဖြောင့်၊ ဒစ်ဂျစ်တယ်အကောက်၊ ဆေးဖယောင်းသွင်း အစရှိသလို အကောက်၊ အဖြောင့်တွေ လုပ်ပြီးတဲ့နောက်မှာတော့ Hair Rebonding ဆိုတဲ့ ဆံပင်ပြန်လည်ပြုပြင်ခြင်းကလည်း ခေတ်စားလာတယ်နော်။ Hair Rebonding ဆိုတာကတော့ Chemical နည်းနဲ့ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာဖြစ်ပြီး ဖြောင့်ထားသလိုမျိုး စင်းစင်းလေး ဖြစ်နေတာပါပဲ။ ဖြောင့်ထားသလိုမျိုး ဆံပင်တော့ အရမ်းနာတာတွေ၊ ပျက်စီးတာတွေ မရှိဘူးပေါ့နော်။ ဆံပင်မှာ ရှိနေတဲ့ ပရိုတင်း မော်လီကျူလေးတွေမှာ သူ့နဂိုဗီဇ ရှိထားပြီး ဆံပင်တိုင်းမှာ ကောက်တာလေးတွေနဲ့ လှိုင်းအတွန့်လိုဖြစ်နေတာတွေတော့ ရှိနေတာပါပဲ။ ဒီလို ဆံပင်လေးတွေကို နည်းပညာသုံးပြီး Chemicalနဲ့ ဖြောင့်စင်းနေအောင် လုပ်ထားတာမျိုးပါ။ Hair Rebonding လုပ်တာကတော့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

မျက်ခုံးမွေးထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ

မျက်ခုံးမွေး ထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ယောက်ျားလေးရော မိန်းကလေးရော မျက်ခုံးမွေးလေးတွေ ထူပြီး နက်မှောင်နေရင် တော်တော်လေးကို ကြည့်ကောင်းပြီး လှတာကို သတိထားမိကြမှာပါ။ မိန်းကလေးတွေမှာဆိုရင် မျက်ခုံးမွေးလေး ထူနေတဲ့ပုံစံပေါက်အောင် မျက်ခုံးမွေးဆွဲခဲတံနဲ့ ဆွဲတာတွေ ရှိသလို တက်တူးလိုမျိုး ပုံဖော်ပြီးထိုးတာတွေလည်း ရှိလာပါပြီ။ ဒီတစ်ခါမှာတော့ ခဲတံမကူ၊ တက်တူးမလိုဘဲ သဘာဝအတိုင်းလေး ထူပြီး နက်မှောင်နေအောင် လုပ်လို့ရမယ့် သဘာဝနည်းလမ်းလေး မျှဝေချင်ပါတယ်။ https://hellosayarwon.com/skin-health/skin-care-cleansing/what-is-the-shelf-life-of-cosmetics/ မျက်ခုံးမွေးထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ မျက်ခုံးမွေးထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ ကတော့ အုန်းဆီ အုန်းဆီက ဆံပင်တင်မဟုတ်ဘူး၊ မျက်ခုံးမွေးအတွက်ပါ လိမ်းလို့ရတယ်နော်။ အုန်းဆီဟာ အစိုဓာတ်ပေးတဲ့ Moisturizer တွေလိုမျိုး ပေါင်းတင်ဆေးတစ်မျိုးဖြစ်ပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ အုန်းဆီထဲမှာ ပါဝင်တဲ့ Fatty acid ဟာ ဆံပင်လိုမျိုး မျက်ခုံးမွေးတွေ ကျိုးကြေ ပျက်စီးတာကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ကျွတ်တာကိုဘယ်လိုလုပ်မလဲ

လူတိုင်းသည်တစ်နေ့ကိုပုံမှန်ဆံပင် ၅၀ မှ ၁၀၀ကြားကျွတ် လေ့ရှိပါတယ်။ သို့သော်လည်း ဆံပင်ကွက်ခြင်း၊ ဆံပင်ပါး ခြင်း များဖြစ်ပါကသင့်ကိုစိတ်နှောင့်အယှက်ဖြစ်စေနိုင်ပါ တယ်။ ထိုပြဿနာများကိုအောက်ပါနည်းလမ်းများအတိုင်း ဖြေရှင်းနိုင်ပါတယ်။   ဆံပင်ထိန်းသိမ်းမှုအလေ့အထကိုပြုလုပ်ပါ။ ဆံပင်ကိုစနစ်တကျထိန်းသိမ်းခြင်းအားဖြင့်ဆံပင်ကျွတ်ခြင်း ကိုထိရောက်စွာလျှော့ချနိုင်ပါတယ်။ ဆံပင်လျှော်နည်း၊ အ ခြောက်ခံနည်း ပုံစံကိုပြောင်းလဲခြင်းအားဖြင့် ဆံပင်ကျွတ် တာနည်းလာနိုင်ပါတယ်။ အရေပြားဆိုင်ရာပညာရှင်များက ခေါင်းလျှော်သောအခါတွင် ဆံသားကိုပွတ်၍မလျှော်ဘဲ ဦး ရေပြားကိုနှိပ်နှယ်၍လျှော်ပါကဆံသားပျက်စီးခြင်းကိုလျော့ ကျစေနိုင်တယ်လို့ဆိုထားပါတယ်။ ထို့နောက်ဆံသားကိုမ ပွတ်ဘဲရေဆေးပြီးနောက် ပျော့ဆေးကိုအသုံးပြုနိုင်ပါသည်။   ဦးရေပြားကိုဆေးလိမ်းပါ။ Minoxidil (Rogaine) ဟုခေါ်သောလိမ်းဆေးသည်အမျိုးသ မီးများတွင်ဆံပင်ကျွတ်ခြင်းကိုလျော့နည်းစေပြီးဆံပင်သန်စေ ပါတယ်။ ဆေးကိုရေရှည်အသုံးမပြုဘဲရပ်လိုက်လျှင်တော့ အာနိသင်ပြမှာမဟုတ်ပါဘူး။   ဆံပင်ကျွတ်ခြင်းဟာခေတ္တခဏဖြစ်သည်ဆိုတာနားလည်ပါ။ ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းများစွာရှိပါတယ်။ နေမ ကောင်းချိန်၊ မီးဖွားချိန် နှင့် စိတ်ဖိစီးမှုများချိန်များတွင်ဆံပင် အကျွတ်များနိုင်ပါတယ်။ ထိုအခါမျိုးတွင်ဆံပင်အများကြီး ကျွတ်နိုင်ပြီး အလိုအလျောက်ပြန်ပေါက်နိုင်တာကိုသိထား သင့်ပါတယ်။ ထိုသို့နားလည်ထားခြင်းဖြင့်စိတ်ဖိစီးမှုများကို လျော့ချကာ အခြေအနေပိုမဆိုးလာအောင်ကာကွယ်နိုင်ပါ တယ်။   အရေပြားဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းကိုရှာမတွေ့လျှင် သင့် လျော်သော ကုသမှုခံယူနိုင်ရန်အရေပြားဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။   ကျန်းမာရေးနှင့်သင့်လျော်သောအစားအသောက်ကိုစားသုံးပါ။ ကျန်းမာရေးနှင့်သင့်လျော်သောအစားအစာကိုစားခြင်းဖြင့် ဆံပင်ကျွတ်စေနိုင်သောဓါတုပစ္စည်းများကိုလျော့နည်းစေနိုင် ပါတယ်။ ဆီကြော်မုန့်များ၊ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဗောက်ထခြင်းနဲ့အစားအသောက်ကြား ဆက်နွယ်မှုကို သင်သိပါသလား

ဗောက်ထခြင်းဟာ သင့်ရဲ့စားသောက်မှုပုံစံနဲ့ သက်ဆိုင်နေပါသလား။ ကျွမ်းကျင်ပညာရှင်တချို့ကတော့ သက်ဆိုင်နေတယ်လို့ဆိုကြပါတယ်။ လေ့လာမှုတွေက ထိုအချက်ကို သက်သေမပြနိုင်ကြသေးပေမယ့် အရေပြား အထူးကု အများစုကတော့ စားသောက်မှုပုံစံ ပြောင်းလဲခြင်းဟာ ဗောက်ထ သက်သာစေနိုင်တယ်လို့ အကြံပေးကြပါတယ်။   သကြားဓါတ် နှင့် ဗောက်ထခြင်း လူအများစုဟာ သကြားနဲ့အချိုဓါတ်တွေ အလွန်အမင်း စားသုံးနေကြပါတယ်။ သကြားဓါတ်စားသုံးမှု လျှော့လိုက်ခြင်းဟာ ရောင်ရမ်းမှုကို သက်သာစေပြီး ဗောက်ဖက်များ ဖြစ်ပေါ်ခြင်းကို နည်းပါးစေနိုင်ပါတယ်။ သကြား၊ ကာဗိုဟိုက်ဒရိတ်တွေဟာ ခန္ဓါကိုယ်မှာ ရောင်ရမ်းမှုတွေကိုအားပေးနိုင်တာကြောင့် သကြားဓါတ်နည်းသော၊ ဓါတ်တိုးဆန့်ကျင် ကြွယ်ဝသော စားစရာများစားသုံးပေးခြင်းဟာ ဗောက်ထခြင်းကို ထိန်းသိမ်း လျော့ကျစေနိုင်ပါလိမ့်မယ်။ အကြောင်းပြချက်ကတော့ မသေချာပေမယ့် အရေပြား အထူးကု တချို့ကတော့ ဒါဟာ ဟော်မုန်းဆက်စပ်မှု ဖြစ်နိုင်တယ်လို့ ဆိုကြတယ်။ သကြားဓါတ်များသော၊ အဆီဓါတ်များသော အစားအစာတွေဟာ အင်ဆူလင် ထွက်မှုများစေပြီး ထိုအင်ဆူလင်မှ ခန္ဓါကိုယ်မှာ အဆီထုတ်မှု […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင် ဆေးဆိုးတော့မယ်ဆိုရင်

ဆံပင်ဆိုးဆေးတွေမှာ ပါဝင်နေတဲ့ အန္တရာယ်ရှိစေနိုင်တဲ့ ဓာတုပစ္စည်းတွေ ဆံပင်ဆိုးဆေးတွေထဲမှာ PPD (သို့)para-phenylenediamine တို့လိုမျိုး အရေပြားမှာ ပူစပ်ပူလောင်ဖြစ်စေတဲ့ ဓာတ်မတည့်မှုတွေနဲ့ ခေါင်းကိုက်တာတွေကိုဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်နေသလို ကာစီနိုဂျင်တွေလည်းပါဝင်နေပါတယ်။ ဆံပင်ဆိုးဆေးတော်တော်များများက ဓာတ်မတည့်မှုတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ဆံပင်ဆိုးဆေးအများစုမှာ ဥရောပနိုင်ငံတွေမှာ အသုံးပြုခွင့်တားမြစ်ထားတဲ့ ခဲဓာတ်တွေ ပါဝင်နေတယ်လို့လည်းဆိုပါတယ်။ အဆိုပါ ခဲဓာတ်ကပြင်းထန်တဲ့ အာရုံကြောဆိုင်ရာပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆေးကို တာရှည်ခံအောင် လုပ်ဆောင်ထားတဲ့ DMDM hydantoin က ကိုယ်ခံအားစနစ်ဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ဆံပင်ဆိုးဆေးတွေထဲမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အမိုးနီးယားပါဝင်နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အရေပြားကို ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ resorcinol ဓာတ်လည်း ဆံပင်ဆိုးဆေးတွေမှာပါဝင်နေပါတယ်။ ဆံပင်ဆိုးဆေးဆိုးတာက ကြည့်လို့လှတယ်ဆိုပေမယ့် ဆံပင်ဆိုးဆေးတွေထဲမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိနေတယ်ဆိုတာကို စာဖတ်သူတွေသိရှိစေနိုင်ဖို့အတွက် လက်လှမ်းမီသလောက်မျှဝေပေးလိုက်ပါတယ်။ Allergy (ဓာတ်မတည့်ခြင်း) ဆံပင်ဖြူတွေကို ဖုံးကွယ်ဖို့ဖြစ်ဖြစ် (သို့) ဆံပင်အရောင်ပြောင်းချင်တာကြောင့်ဖြစ်ဖြစ် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ကျွတ်ခြင်း၊ဆံပင်ပါးခြင်းကို လေဆာနဲ့ ကုကြမယ်

ဆံပင်ကျွတ်ခြင်းဟာ အမျိုးသားရော၊အမျိုးသမီးတွေပါ စိုးရိမ်ပူပန်ရတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ ဟိုအရင်တုန်းကတော့ ဆံပင်ကျွတ်ခြင်းကို ကုသဖို့အတွက် စားသောက်နေထိုင်မှုတွေကို အတော်ပြုပြင်ဆင်ခြင်ရသလို အချိန်လည်း အများကြီးယူရပါတယ်။ ဒီခေတ်မှာတော့ ဆံပင်ကျွတ်ခြင်းကို နည်းပညာရဲ့ ကျေးဇူးနဲ့ အချိန်တိုတွင်းမှာ ထိထိရောက်ရောက် ကုသပေးနေနိုင်ပြီဖြစ်ပါတယ်။ လေဆာအပျော့စားကို အသုံးပြုပြီး ကုသခြင်းအားဖြင့် ဆံပင်ကျွတ်ခြင်းကို အလွန်ထိရောက်စွာ သက်သာစေသလို ဆံပင်ကိုလည်း ပြန်ထူလာစေပါတယ်။ လေဆာအပျော့စားကို သုံးပြီး ဘယ်လိုကုသမှုပေးသလဲ။ ဒီနည်းလမ်းဟာ ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်တဲ့ ခေတ်အမီဆုံးနည်းလမ်းတခု ဖြစ်ပြီး ထိပ်ပြောင်သူတွေအတွက် အားတက်စရာ ကုသမှုပဲ ဖြစ်ပါတယ်။ အနီအောက်ရောင်ခြည် (infrared) ကို အသုံးပြုခြင်းအားဖြင့် လေဆာအပျော့စားဟာ ဦးရည်ပြားကို နှိုးဆွပေးနိုင်တာမို့ ဆံပင်တွေတဖန်ပြန်လည် ပေါက်လာစေပါတယ်။ ဒီလေဆာဟာ တခြားဆေးဝါးကုသမှုတွေမှာ အသုံးပြုတဲ့ လေဆာလို မပူတဲ့အတွက် "လေဆာအအေး" ဒါမှမဟုတ် "လေဆာအပျော့စား" လို့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။   လေဆာအပျော့စားကို သုံးပြီး ကုသခြင်းရဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း