ဝက်ခြံ

ဝက်ခြံ သည် အဖြစ်များသည့် အရေပြားပြဿနာ ဖြစ်သည့်အတွက် ဝက်ခြံမဖြစ်အောင် နေထိုင်သားသောက်ပုံများ၊ ဝက်ခြံအမာရွတ်သက်သာအောင် ကုသနည်းများကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝက်ခြံ

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ (၁) သွားတိုက်ဆေး ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး […]

ဝက်ခြံ ကို ရှာဖွေမည်။

ဝက်ခြံ

မီဆိုကုထုံးက ဝက်ခြံတွေအတွက်ဘယ်လိုထိရောက်သလဲ

ဝက်ခြံတွေဟာ ဆယ်ကျော်သက်ဘဝမှာရော၊ အသက်ကြီးသည်ထိတိုင်အောင် ကြုံရအများဆုံး အရေပြားပြဿနာတစ်ခုပါ။ မြန်မြန်ကုလေလေ၊ ပိုသက်သာလေလေဆိုတာသိပါသလား။ Mesotherapy ဆိုတာ ဝက်ခြံတွေအတွက် လွယ်ကူပြီး ထိရောက်မှုရှိတဲ့ ကုသနည်းတစ်ခုပါ။ လေ့လာကြည့်ရအောင်- ဝက်ခြံဖြစ်စေသောအရာများ ဝက်ခြံတွေဟာနာမည်ကြီးလွန်းပြီးသားပါ။ သင်လည်းသိပြီးသားဖြစ်မှာပေါ့။ ဒါပေမယ့် ဘာတွေက ဝက်ခြံတွေဖြစ်လာစေနိုင်လဲဆိုတာရော သိပါသလား။ သင့်ချွေးပေါက်၊ အဆီပေါက်တွေမှာ အဆီတွေ၊ ဆဲလ်အသေတွေနဲ့ ပြည့်သွားတဲ့အခါ ဝက်ခြံတွေဖြစ်လာတတ်ပါတယ်။ ဆဲအသေတွေဟာ အပေါက်ငယ်တွေထဲမှာပြည့်နေမယ်၊ ဒါမှမဟုတ် မျက်နှာပြင်ပေါ်လျှံတက်လာပါလိမ့်မယ်။ ဝက်ခြံဖြစ်စေတဲ့အချက်တချို့ကတော့- · ဟော်မုန်းတွေ- ဟော်မုန်းတွေက အဆီတွေထွက်စေပါတယ်။ ဒါကြောင့် သင့်ဟော်မုန်းတွေ မငြိမ်ချိန် ဆယ်ကျော်သက်ဘဝမှာ ဝက်ခြံတွေပေါက်လေ့ရှိတာပေါ့။ · အစားအသောက်- နို့ထွက်ပစ္စည်း၊ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝတဲ့စားစရာတွေဟာ ဝက်ခြံတွေဖြစ်စေပါတယ်။ · ဆေးတွေ- တချို့ဆေးတွေဟာ ဝက်ခြံတွေပိုပေါက်စေတယ်။ ပိုသိရှိဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။ · အသားအရေညစ်ညမ်းတဲ့အခါ- ချွေးပေါက်၊ အဆီပေါက်တွေ လေမရတဲ့အခါ ဝက်ခြံတွေပိုဆိုးနိုင်ပါတယ်။ ချွေးထွက်ခြင်း၊ အရေပြားကိုထိတွေ့ကိုင်တွယ်ခြင်းတွေက ချွေးပေါက်၊ အဆီပေါက်တွေကိုမသန့်စေပါဘူး။ […]


ဝက်ခြံ

အပ်မသုံး မီဆိုကုထုံး နှင့် ဝက်ခြံများ

အန္တရာယ်မများတဲ့ ဝက်ခြံကုနည်းအမျိုးမျိုးဟာ ဘေးကင်းမှု၊ အာနိသင်ရှိမှုတွေကြောင့် လူကြိုက်များနာမည်ကျော်လာပါတယ်။ ဝက်ခြံတွေကိုကုချင်တယ်၊ ဒါပေမယ့် အပ်တော့ကြောက်တယ်ဆိုရင်တော့ အပ်မသုံးတဲ့ mesotherapy နည်းကိုစဉ်းစားကြည့်သင့်ပါတယ်။ ဘာကြောင့်ဝက်ခြံတွေဖြစ်ရသလဲ ဝက်ခြံတွေဟာ အဆီပေါက်၊ ချွေးပေါက်တွေပိတ်ခြင်းရဲ့ ရလဒ်ပါ။ သင့်အရေပြားဟာ ခြောက်သွေ့မှုကို ကာကွယ်ဖို့ အဆီတွေထုတ်ရပါတယ်။ ထိုအဆီတွေ၊ ဆဲလ်အသေတွေ၊ ဖုန်အညစ်အကြေးတွေနဲ့ မိတ်ကပ်တွေက အဆီပေါက်တွေ၊ ချွေးပေါက်တွေကို သွားပိတ်တဲ့အခါ ထိုအပေါက်ငယ်တွေရောင်ရမ်းပြီး ဝက်ခြံတွေဖြစ်လာရပါတော့တယ်။ အရေပြားပေါ်မှာမြင်ရတဲ့ အမည်းစက်လေးတွေနဲ့၊ အရေပြားအောက်မှာ ဝက်ခြံဖြစ်နေတာကြောင့် အဖြူဖုငယ်လေးတွေအဖြစ်သာ မြင်နေရာတွေကတော့ ဆားဝက်ခြံတွေဖြစ်တယ်။ အပ်မသုံး mesotherapy ဆိုတာဘာလဲ mesotherapy ဆိုတာ အပ်ငယ်လေးတွေနဲ့ အရေပြားထဲကို ဆေးထိုးထည့်သော နည်းတစ်နည်းဖြစ်ပါတယ်။ တိုးတက်လာတဲ့နည်းပညာအလျောက် ခုဆိုရင် အပ်မသုံးတဲ့ mesotherapy ရရှိနေပါပြီ၊ ထိုနည်းသစ်ကတော့ အပ်အစား လျှပ်စစ်ဓါတ်သုံးပြီး ဆေးတွေ၊ အာဟာရတွေကို သင့်အရေပြားထဲထည့်ပေးခြင်းဖြစ်တယ်။ ထိုနည်းဟာ အရေပြားအတွင်းပိုင်းထိ ဆေးထိုးထည့်ခြင်းဖြင့် အရေပြားအလယ်လွှာကို လှုံ့ဆော်ပေးခြင်းဖြစ်တယ်။ […]


ဝက်ခြံ

သင့်ရဲ့ ဆယ်ကျော်သက်အရွယ်ကလေးကို ဝက်ခြံပျောက်ကင်းအောင် ကူညီခြင်း

ဝက်ခြံဟာ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ အိပ်မက်ဆိုးတစ်ခုပဲဖြစ်ပါတယ်။ ဆယ်ကျော်သက်တစ်ယောက်ဟာ လူပျိုဖေါ်၊ အပျိုဖေါ် ဝင်လာချိန်မှာ ဟော်မုန်းပြောင်းလဲမှုတွေ၊ လူမှုနေထိုင်ပုံပြောင်းလဲမှုတွေကြောင့် ကြောက်စရာကောင်းတဲ့ ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ သင့်ရဲ့ ဆယ်ကျော်သက်ကို ဝက်ခြံပေါက်ခြင်းနဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွားမဖြစ်ခင် ကူညီသင့်ပါတယ်။ အိပ်ရာကို မကြာခဏ လျှော်ပြီး အသစ်လဲပါ။ ဝက်ခြံထွက်တတ်တဲ့ ဆယ်ကျော်သက်တစ်ယောက်အတွက် အကြီးမားဆုံးအကြောင်းရင်းက အိပ်ရာခင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ညစ်ပတ်တဲ့ ခေါင်းအုံးစွပ်တွေဟာ ဝက်ခြံထွက်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ တကယ်တမ်းတော့ ခေါင်းအုံးစွပ်တွေဟာ အရေပြားပေါ်က အဆီတွေ ဘက်တီးရီးယားပိုးတွေကို စုပ်ယူနိုင်ပါတယ်။ ဆယ်ကျော်သက်တစ်ယောက်ဟာ အိပ်စက်စဉ်မှာ တစ်ညလုံး ခေါင်းအုံးကို ဖိအိပ်မိတာကြောင့် ခေါင်းအုံးစွပ်က ဘက်တီးရီးယားတွေ အဆီတွေဟာ ဆယ်ကျော်သက်ရဲ့ အရေပြားမှာ ပိတ်မိနေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာခင်းကို ပုံမှန်လျှော်ဖွတ်ခြင်း၊ အသစ်လဲခြင်း၊ ညတိုင်းခေါင်းအုံးစွပ် […]


ဝက်ခြံ

Blackheads (ဆားဝက်ခြံ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Blackheads (ဆားဝက်ခြံ) ကဘာလဲ။ ဆားဝက်ခြံတွေဆိုတာဟာ open comedo လို့ခေါ်တဲ့ အရေပြားပေါ်မှ မွေးညင်းပေါက်တွေ ပိတ်နေသောကြောင့် ဆူထွက်နေသော အဖုလေးတွေပါ။ ဘက်တီးရီးယားတွေ ဆဲလ်သေတွေ အဆီတွေနဲ့ ပိတ်နေတဲ့ အခါမှာ ဖြစ်ပွားတတ်ပါတယ်။ ဖုန်မှုန့်တွေနဲ့ ပိတ်နေတယ်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ အဆီနဲ့ ဘက်တီးရီးယားတွေနဲ့ ပိတ်ပြီး လေနဲ့ထိတဲ့အခါမှာ အနက်ရောင်ပြောင်းသွားတာပါ။ Closed comedo လို့ခေါ်တဲ့ ပြည်တည်ဖုတွေနဲ့ ကွဲပြားခြားနားပါတယ်။ ဆားဝက်ခြံတွေဟာ ဝက်ခြံတွေရဲ့ အဖြစ်များတဲ့ လက္ခဏာဖြစ်ပြီး များသောအားဖြင့် မျက်နှာပေါ်မှာ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတစ်ရံ ကျောကုန်း၊ ရင်ဘတ်၊ လည်ပင်း၊ လက်နဲ့ ပခုံးပေါ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ Blackheads (ဆားဝက်ခြံ) က ဘယ်လောက်အဖြစ်များသလဲ ဆားဝက်ခြံတွေက ဝက်ခြံပေါက်တဲ့လူတွေမှာ အဖြစ်များတတ်ပါတယ်။ မိန်းမတွေက ယောက်ျားတွေထက်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဝက်ခြံအပေါက်များတဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ […]


ဝက်ခြံ

သင့်အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား

ဝက်ခြံပေါက်ခြင်းသည် သေစေလောက်သော ပြဿနာ မဟုတ်သော်လည်း ဝက်ခြံပေါက်ပြီးကျန်ခဲ့သော အမာရွတ်များသည် သင့် ရုပ်ရည်ကိုထိခိုက်စေသည်။ ထိုအမာရွတ်များကို ကုသရန် အိမ်တွင်းကုထုံးများဖြင့်သော်လည်းကောင်း အရေပြားဆရာဝန်ကိုသွားပြခြင်းဖြင့်သော်လည်းကောင်းကုသနိုင်သည်။   အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား။ ဝက်ခြံပေါက်ပြီးလျှင် အမာရွတ်များကျန်ခဲ့တတ်သည်။ ဝက်ခြံကို နောက်ဆက်တွဲဆိုးကျိုးများမရှိအောင် ကုနိုင်သော်လည်း အမာရွတ်များကိုမူ အပြီးပျောက်ရန်ကုဖို့ရာ မလွယ်ပါ။ ဝက်ခြံပေါက်လျှင် ရက်သတ္တပတ် အနည်းငယ်သာကြာမြင့်သော်လည်း ဝက်ခြံအမာရွတ်များသည် တသက်လုံးမပျောက်ဘဲရှိနေတတ်သည်။ သို့သော် သင့်တွင် ဝက်ခြံအမာရွတ်များရှိနေပါက မစိုးရိမ်ပါနှင့်။ ယခုခေတ်တွင် ကုသနိုင်သော ဝက်ခြံအမာရွတ်များ၏ အရောင်နှင့် ပုံစံကို ပြောင်းလဲနိုင်သောနည်းလမ်းများစွာရှိပါသည်။ သင်အသုံးပြုနေသော မိတ်ကပ်ဖြင့်လည်း သင့် အမာရွတ်ကိုမမြင်ရအောင်ဖုံးနိုင်ပါသည်။   ဝက်ခြံအမာရွတ်အတွက် ကုသမှုများ ယင်းကုသမှုများသည် အောက်ဖော်ပြပါ အချက်များအပေါ်မူတည်ပြီး လူတဦးနှင့် တဦး ကွဲပြားနိုင်သည်။ အသက် ကျန်းမာရေးအခြေအနေ ယခင် ဆေးမှတ်တမ်း ဝက်ခြံအမာရွတ်အမျိုးအစား […]


ဝက်ခြံ

ဆယ်ကျော်သက်များတွင် ပေါက်သော ဝက်ခြံအကြောင်းသိကောင်းစရာ

မြီးကောင်ပေါက်အချိန်တွင် ဝက်ခြံကြောင့် ပြသနာများစွာရှိတတ်ပါသည်။ ၎င်းသည် ဆယ်ကျော်သက်အရွယ်တွင် ပုံမှန်ဖြစ်သော ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ခြင်းဖြစ်သည်။ အထူးသဖြင့် ယောကျာ်းလေးများတွင် ဖြစ်တတ်ပြီး အသက် ၂၀ ျော်လျှင် ပြန်ပျောက်တတ်သွားတတ်သည်။ သို့သော် အမာရွတ်များကျန်ခဲ့တတ်သည်။ ဝက်ခြံကို အရေပြားဆရာဝန်များက ကုသကြပါသည်။ ဝက်ခြံကုရာတွင် ဝက်ခြံပျောက်ရန်နှင့် ထပ်မဖြစ်စေရန် ၂မျိုးရည်ရွယ်ပါသည်။ ဆယ်ကျော်သက်များသည် အောက်ပါသတိထားရမည့် အချက်များဖြင့် မိမိ အရေပြားကိုဂရုစိုက်သင့်သည်။ ၁။ နေ့စဉ် ဂရုစိုက်မှု · သင့်တော်သော မျက်နှာသစ်ဆေးဖြင့် တနေ့၂ ကြိမ် မျက်နှာသစ်ပါ။ အဆီများသော အသားရေပိုင်ရှင်များသည် သူတို့အတွက်အထူးထုတ်လုပ်ထားသော မျက်နှာသစ်ဆေးများကိုသုံးရမည်။ ဝက်ခြံကိုပြန့်မသွားစေရန် ညင်သာစွာပွတ်သစ်ရန် လိုအပ်သည်။ · မျက်နှာသစ်ပြီးပြီးချင်း အစိုဓါတ်ထိန်းခရင်မ်လိမ်းပေးခြင်းသည် အရေပြားကိုအားပြည့်စေပြီး ရေဓါတ်ကို ဖြည့်ပေးနိုင်သည်။ ကျန်းမာသောအရေပြားသည် ဘက်တီးရီးယားများကို တိုက်ထုတ်နိုင်ပြီး အသားရေတင်းရင်းစေသော ကော်လဂျင်ဓါတ်ကိုပိုများပြားစေသည်။ · အစိုဓါတ်ထိန်းခရင်မ်လိမ်းပြီး ဝက်ခြံပေါ်တွင်ဆေးလိမ်းပေးပါက ဝက်ခြံကိုသက်သာစေပြီး ဘေးတဝိုက်တွင် ထပ်မဖြစ်လာစေရန် […]


ဝက်ခြံ

မိတ်ကပ်သုံးစွဲမှုသည် ဝက်ခြံကုသမှုအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပါသလား

မကြာသေးမီက လေ့လာချက်များအရ ဘရာဇီးနိုင်ငံမှအမျိုးသမီးများ၏ ၄၅%သည် အလှကုန်ပစ္စည်းများကြောင့် အရေပြားရောဂါများ ခံစားနေကြရပြီး ၁၄% ခန့်သည် အလှကုန်ပစ္စည်းသုံး၍ဖြစ်သော ဝက်ခြံကြောင့်အရေပြားပျက်စီးမှုများဖြစ်နေသည်ကိုတွေ့ရသည်။ မိတ်ကပ်ပစ္စည်းများသုံးခြင်းသည် ဝက်ခြံကိုဖြစ်စေသည်။ သို့သော် ၎င်းတို့ကိုရှောင်ကြဉ်ခြင်းဖြင့်လည်း အသားရေပျက်စီးမှုကို လျှော့ချနိုင်ပါသည်။ အများစုက အလှကုန်ပစ္စည်းများသည် ဝက်ခြံပေါက်စေနိုင်ကြောင်းလက်ခံထားကြသည်။ အောက်ပါအချက်များသည် သင့်အရေပြားကို ထိန်းသိမ်းနိုင်ရန်ကူညီပေးလိမ့်မည်။ မိတ်ကပ်လိမ်းလျှင် ဝက်ခြံပေါက်ရခြင်းအကြောင်းရင်းများ အဓိကကြောင်းရင်းသည် မိတ်ကပ်နှင့် အလှကုန်ပစ္စည်းအချို့တွင်ပါဝင်သော ဓာတုဗေဒပစ္စည်းများသည် မွေးညင်းပေါက်များကိုပိတ်စေကာ ထိုအပေါက်များထဲမှ အဆီနှင့် အရေပြားဆဲလ်အသေများကိုမစွန့်ထုတ်နိုင်သောကြောင့် ဝက်ခြံပိုဖြစ်လာရခြင်းဖြစ်သည်။ မွေးညင်းပေါက်များ ပိတ်သွားသည်နှင့် တစ်ပြိုင်နက် ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားများသည် အရေပြားလွှာထဲတွင်ခိုအောင်းကာ ရောင်ရမ်းမှုကိုဖြစ်စေသည်။ အချို့သော မိတ်ကပ်များသည် ဂျုံမှရသော ဆီတစ်မျိုး၊ အနီရောင်ရေမှော် ၊ ရေညှိနှင့် Sodium chloride / potassium Chloride တို့ပါဝင်ပြီး ၎င်းတို့သည် မွေးညင်းပေါက်ပိတ်ခြင်းနှင့် အရေပြားဓာတ်မတည့်မှုဖြစ်ကာရောင်ရမ်းခြင်းတို့ဖြစ်စေကာ ဝက်ခြံပိုပေါက်စေပါသည်။ မိတ်ကပ်ကြောင့်ဖြစ်သော ဝက်ခြံများကို […]


ဝက်ခြံ

အရွယ်ရောက်ပြီးသူများတွင် ဖြစ်သော ဝက်ခြံအမာရွတ်များပျောက်ကင်းစေရန် ထိရောက်သောနည်းလမ်းများ

အလယ်လတ်နှင့် ပြင်းထန်အဆင့်ရှိ ဝက်ခြံများသည် အမာရွတ်များထင်ကျန်ခဲ့တတ်ကြသည်။ ဠင်းတို့ကို ဝက်ခြံချိုင့်ခွက်များဟုခေါ်သည်။ ဝက်ခြံပေါက်သောနေရာမှအရေပြား ပျက်စီးသွားခြင်းကြောင့် ထိုချိုင့်ခွက်များဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ၎င်းတို့သည် အမြင်ဆိုးသော်လည်း ကုသ၍ရနိုင်ကြောင်း အမေရိကန်နိုင်ငံမှ အရေပြားဆရာဝန်များကဆိုထားသည်။ လုံခြုံစိတ်ချရပြီး အာနိသင်ထိရောက်သော ကုသမှုများစွာရှိပါသည်။ အရေပြားတွင်းထဲသို့ချိုင့်ဝင်နေသော ဝက်ခြံအမာရွတ်များမှလွဲ၍ အခြားဖုထစ်နေသောအမာရွတ်များကို ဆိုးကျိုးမရှိဘဲဖယ်ရှားနိုင်ပါသည်။ လူတဦးနှင့် တဦးကုသမှုပုံစံခြင်းမတူညီပါ။ အမျိုးမျိုးသော နည်းလမ်းများဖြင့် အရွယ်ရောက်ပြီးသောလူများ၏ ဝက်ခြံအမာရွတ်များကို ကုသနိုင်ပါသည်။   အရေပြားဆရာဝန်များမှ ထောက်ခံထားသော ကုသမှုများ လုံခြုံစိတ်ချရပြီး အာနိသင်ထိရောက်သော ကုသမှုများရရှိရန် ဆရာဝန်နှင့် ပထမဦးစွာတိုင်ပင်သင့်ပါသည်။ ထိုအခါ ဆရာဝန်က သင့် အရေပြားနှင့် အမာရွတ်ပုံစံကိုသေချာစွာ သ်ရှိနိုင်ပေလိမ့်မည်။ သင့်ကိုဝက်ခြံပြသနာနှင့် ပက်သက်၍ခံစားရပုံနှင့် ဖြစ်စဉ်အချို့ကိုမေးမြန်းနိုင်သည်။ ဆရာဝန်နှင့် သွားမပြမီ သင်သည် ဘာကြောင့်ဝက်ခြံကိုကုဖို့လိုအပ်တယ်ထင်လဲ။ ဝက်ခြံကုပြီးရင် သင့်အသားအရေကို ဘယ်အတိုင်းအတာအထိကောင်းဖို့မျှော်လင့်ထားသလဲ။ သင်သည် ကုသမှုနှင့် ပက်သက်ပြီး ပိုက်ဆံဘယ်လောက်အသုံးပြုမလဲ။ စသဖြင့် ကြိုစဉ်းစားထားပါ။ အထက်ပါ အချက်များအပေါ်မူတည်ပြီး သင့်အရေပြားဆရာဝန်က […]


ဝက်ခြံ

ဝက်ခြံအတွက်အသုံးပြုသင့်သော အရေပြားထိန်းသိမ်းပေးသည့် ပစ္စည်းများ

လူတိုင်းကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်းဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်းပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်းလျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊ ကာကွယ်ပေးခြင်း စသည်တို့ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။ ဝက်ခြံမဖြစ်အောင်ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန်မလိုသလို ဈေးကြီးသောပစ္စည်းများကိုသာ အသုံးပြုရန်လည်းမလိုပါ။ အောက်ပါနည်းလမ်းများသည် သင့်အတွက် သန့်စင်ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးလိမ့်မည်။   အဆင့် ၁။ သင့် အသားရေအမျိုးအစားကို သိအောင်လုပ်ပါ အဆီပြန်သော အသားရေများတွင် မွှေးညင်းပေါက်များလည်း ကျယ်နေတတ်သည်။ ခြောက်သွေ့သော အသားရေဆိုလျှင် အဖတ်များကွာကျပြီး ကြမ်းတမ်းသည်။ အလယ်လတ်အနေအထားရှိသူများသည် ပါးပြင်နေရာများတွင် အစက်အပြောက်များရှိနေတတ်ပြီး နဖူး နှာခေါင်းနှင့်မေးစေ့များတွင် အဆီပြန်တတ်သူများဖြစ်သည်။ အချို့သည် မိတ်ကပ်နှင့် အလှကုန်ပစ္စည်းများနှင့် ထိတွေ့လျှင် ယားခြင်း လောင်ခြင်းတို့ဖြစ်သော နုနယ်သော အရေပြားများဖြစ်သည်။ ပုံမှန်အသားရေအမျိုးအစားရှိသူများသည် ရေဓါတ်မျှတပြီး ၊ ကြည်လင်သော၊ အလွန်တရာ မနုနယ်သော […]


ဝက်ခြံ

ဝက်ခြံဖြစ်ခြင်းကို ကာကွယ်ပေးမည့် အသားရေထိန်းပစ္စည်းများ

လူတိုင်းကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်းဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်းပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်းလျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊ ကာကွယ်ပေးခြင်း စသည်တို့ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။ ဝက်ခြံမဖြစ်အောင်ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန်မလိုသလို ဈေးကြီးသောပစ္စည်းများကိုသာ အသုံးပြုရန်လည်းမလိုပါ။ အောက်ပါနည်းလမ်းများသည် သင့်အတွက် သန့်စင်ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးလိမ့်မည်။   သင့်မျက်နှာကို သန့်စင်စွာထားပါ။ · သင့်မှာ ဝက်ခြံရှိရှိ မရှိရှိ တနေ့လျှင်မျက်နှာ ၂ကြိမ်သစ်ရန် အရေ:ကြီးသည်။ ၎င်းသည် သင့် အရေပြားရှိ အညစ်အကြေးများကို သန့်စင်ပေးခြင်း၊ အဆီပြန်ခြင်းကိုသက်သာစေခြင်း နှင့် အရေပြားဆဲလ်အသေများကိုဖယ်ရှားပေးခြင်းဖြင့် သင့်အတွက်ကျန်းမာသော အသားရေကို ရရှိစေလိမ့်မည်။ · မျက်နှာသစ်ရန် မပူလွန်းသော ကြက်သီးနွေးရေနှင့် မျက်နှာသစ်ဆေးကို အသုံးပြုသင့်သည်။ အမွှေးအကြိုင်ပါဝင်သော ကိုယ်တိုက်ဆပ်ပြာများသည် သင့် မျက်နှာအသားရေကို ပိုထိခိုက်စေပါသည်။ သင့်မျက်နှာကို တဘက် သို့မဟုတ် ကြမ်းတမ်းသော အဝတ်တို့ဖြင့် ပွတ်တိုက်ခြင်းမပြုရ။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း