ဝက်ခြံ

ဝက်ခြံ သည် အဖြစ်များသည့် အရေပြားပြဿနာ ဖြစ်သည့်အတွက် ဝက်ခြံမဖြစ်အောင် နေထိုင်သားသောက်ပုံများ၊ ဝက်ခြံအမာရွတ်သက်သာအောင် ကုသနည်းများကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝက်ခြံ

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ (၁) သွားတိုက်ဆေး ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး […]

ဝက်ခြံ ကို ရှာဖွေမည်။

ဝက်ခြံ

ဆားဝက်ခြံ (ဝက်ခြံခေါင်းမည်း)တွေကို ကုသနိုင်မယ့် လွယ်ကူတဲ့နည်းလမ်း (၄)သွယ်

ဆားဝက်ခြံတွေ ဟာ အဖြစ်များကြပါတယ်။ အသက်အရွယ်မခွဲခြားဘဲ လူတိုင်း ဒီပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီဝက်ခြံပြဿနာဟာ နာကျင်မှုတွေ၊ နီရဲမှုတွေ၊ ရောင်ရမ်းမှုတွေ ဒါမှမဟုတ် အခြားသော ပြင်းထန်တဲ့ လက္ခဏာရပ်တွေကို မခံစားရပေမယ့် သင့်ရဲ့ မျက်နှာ အလှအပအတွက်တော့ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပြီး သင့်ကို စိတ်ဆင်းရဲစေပါတယ်။ တကယ်လို့များ သင်က ဒါတွေကို ကုသပျောက်ကင်းချင်တယ် ဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် တကယ် အသုံးဝင်တာကို တွေ့ရမှာပါ။ ဒီဆောင်းပါးလေးထဲမှာ ဆားဝက်ခြံ (ခေါင်းမည်းဝက်ခြံ)တွေကို ကုသနိုင်မယ့် လွယ်ကူတဲ့ နည်းလမ်း (၄)သွယ်ကို ဖော်ပြပေးထားပါတယ်။ ဆားဝက်ခြံ (ဝက်ခြံခေါင်းမည်း) ဆိုတာ ဘာတွေလဲ။ ဆားဝက်ခြံ ဒါမှမဟုတ် open comedones တွေဟာ အနိမ့်ဆုံး ဝက်ခြံအနာတွေပါပဲ။ ဒါတွေဟာ မွေးညှင်းပေါက်တွေ ကြီးပြီး ပိတ်ဆို့နေလို့ ဖြစ်ရတာပါ။ သူတို့တွေဟာ […]


ဝက်ခြံ

ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ ကို ဘယ်လိုဖယ်ရှားမလဲ

ဝက်ခြံအများစုဟာ လူပျိုဖော်၊ အပျိုဖော်ဝင်လာတဲ့အချိန်မှာ ပေါက်လာလေ့ရှိပြီး ရက်အနည်းငယ်အကြာမှာ ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ တကယ်လို့သင့်မှာ stubborn acne လို့ခေါ်တဲ့ ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ ဖြစ်လာခဲ့ရင်ရော.. မပူပါနဲ့။ ဒါတွေကို ဆေးကုသမှုအချို့နဲ့ အိမ်မှာဂရုစိုက်လိုက်ရင် ပျောက်ကင်းသွားနိုင်ပါတယ်။ တကယ်လို့သင်က stubborn acne တွေကို ကုသပျောက်ကင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတဲ့သူဆိုရင်တော့ ဒီဆောင်းပါးဟာ သင့်အတွက်ပါပဲ။ ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ သို့ Stubborn acne (ခေါင်းမာတဲ့ ဝက်ခြံ)ဆိုတာဘာလဲ။ ခေါင်းမာတဲ့ ဝက်ခြံဆိုတာ ပုံမှန်မဟုတ်ဘဲ ထွက်ပေါ်လာတဲ့ ဝက်ခြံမျိုးပါ။ ဝက်ခြံဆိုတာ ဆယ်ကျော်သက်အရွယ်တွေ ဒါမှမဟုတ် လူပျိုဖော်၊ အပျိုဖော်ဝင်လာတဲ့သူတွေရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။ ဝက်ခြံတွေဟာ ရက်အနည်းငယ်လောက်ကြာနိုင်ပါတယ်။ သင် အသက်၂၀ကျော်သည်ထိလည်း ဝက်ခြံပြဿနာတွေကို ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာ ဝက်ခြံတွေဟာ သင်ဘယ်လိုနည်းကိုမဆို အိမ်မှာ ကြိုးစားပြီးလုပ်ကြည့်သည်ဖြစ်စေ၊ ပျောက်မသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ အိမ်မှာ ရနိုင်တဲ့ပစ္စည်းတွေသုံးပြီး […]


ဝက်ခြံ

သင့်ကလေးမှာ ပထမဆုံးဝက်ခြံတွေပေါက်လာပြီဆိုရင် သင်ဘာလုပ်သင့်လဲ

တကယ်လို့များ သင့်ကလေးက ပထမဆုံး ဝက်ခြံပေါက်လာပြီဆိုရင်တော့ သူတို့ဟာ ဝေခွဲမရဖြစ်တာမျိုးတွေနဲ့ ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိဖြစ်လာတာမျိုးတွေ ရှိနိုင်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ သင်က သူတို့ရဲ့ လမ်းပြကြယ်ဖြစ်သင့်ပါတယ်။ သူတို့ကို ဒီပြဿနာတွေနဲ့ ပတ်သက်လို့ ဘယ်လို ရင်ဆိုင်မယ်ဆိုတာမျိုးကို သင်ကြားပေးပါ။ တကယ်လို့များ ဘယ်ကနေ စလုပ်ရမယ်မှန်းမသိဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးဟာ သင့်အတွက်ပါပဲ။   သူတို့သိသင့်တာတွေပြောပြပါ။ သင့်ကလေးတွေဟာ ဝက်ခြံနဲ့ပတ်သက်တဲ့အသိပညာတွေ မသိသေးတဲ့အတွက် အကြောက်တရားတွေနဲ့ ပေါက်ကရနည်းတွေသုံးပြီးကုသတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သင်ပထမဆုံး လုပ်သင့်တဲ့အလုပ်ကတော့ သူတို့ကို ဝက်ခြံနဲ့ ပတ်သက်တဲ့အချက်အလက်တွေ သေချာသိအောင် ပြောပြထားသင့်တာပါ။ သူတို့ကို ဝက်ခြံဆိုတာဘာလဲဆိုတာပြောပြနိုင်ပါတယ်။ ဝက်ခြံဆိုတာ အဖြစ်များတဲ့ အသားအရေ ပြဿနာတစ်ခုပါ။ ဆယ်ကျော်သက်အများစုမှာ ဝက်ခြံတွေရှိတတ်ပါတယ်။ အရည်ပြားမှာရှိတဲ့ မွှေးညှင်းပေါက်လေးတွေမှာ အဆီဂလန်းတွေပါဝင်ပြီး ဒါတွေက အရည်ပြားရဲ့ အစိုဓါတ်ကို ကာကွယ်ပေးဖို့ အဆီတွေ ထုတ်ပေးပါတယ။် ကလေးတွေ အရွယ်ရောက်စပြုလာတဲ့အချိန်မှာ လိင်ဟော်မုန်းတွေပြောင်းလဲမှုက အဆီဂလန်းတွေကနေ […]


ဝက်ခြံ

သင်စားလိုက်တဲ့အရာတွေက ဝက်ခြံတွေပေါက်စေတာလား

သင်ဘာစားလိုက်တယ်ဆိုတာက သင့်ရဲ့ကျန်းမာရေးပေါ် သက်ရောက်မှုတွေရှိတယ်ဆိုတာကိုတော့ သင်သိပြီးသားဖြစ်မှာပါ။ ကယ်လ်စီယမ်ပါဝင်မှုများတဲ့စားစရာတွေကို စားသုံးတာက သင့်အရိုးတွေအတွက် ကောင်းမွန်စေပါတယ်။ ဗီတာမင် အေ ကြွယ်ဝတဲ့စားစရာတွေက မျက်လုံးအတွက်ကောင်းမွန်စေပြီး သင့်အသားအရေအတွက်ကတော့ အချို့သောစားစရာတွေက အလွန်ကောင်းမွန်ပြီး အချို့သောစားစရာတွေကတော့ ဝက်ခြံတွေ ထွက်လာစေပါတယ်။ ဒါတွေက ဘာတွေများပါလိမ့်? ကျန်းမာရေးနဲ့ အသားအရေပုံသဏ္ဍာန် သင့်အသားအရေဘယ်ပုံစံရှိနေတယ်ဆိုတာက သင့်ကျန်းမာရေးအခြေအနေကို ဖော်ပြနေပါတယ်။ တကယ်လို့ သင်က ကျန်းမာရေးကောင်းမွန်နေတယ်ဆိုရင်တော့ အသားအရေကလည်း ကောင်းနေမှာပါပဲ။ တစ်ဘက်မှာတော့ ကျန်းမာရေးမကောင်းဘူးဆိုရင် သင့်အသားအရေမှာ ပေါ်လွင်နေပါလိမ့်မယ်။ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံက သင့်ခန္ဓါကိုယ်က ကျန်းမာစေပြီး ကြည့်ကောင်းတဲ့ပုံပေါက်စေပါတယ်။   အချိုများ အရင်တုန်းက လေ့လာမှုတွေကတော့ သင်ဘာစားလိုက်တယ်ဆိုတာက ဝက်ခြံတွေအပေါ်မှာ သက်ရောက်မှု မရှိဘူးလို့ဆိုကြပါတယ်။ ဒါကြောင့် ဘာစားစား ဝက်ခြံတွေထွက်မှာ စိုးရိမ်စရာမလိုဘူးလေ။ ဒါပေမဲ့ လက်ရှိလေ့လာမှုတွေမှာတော့ နောက်တစ်မျိုးပြောင်းသွားပြန်ပါပြီ။ တကယ်လို့များသင်က သကြား ဒါမှမဟုတ် အချိုတွေ ပိုစားခဲ့မယ်ဆိုရင် သွေးတွင်းသကြားဓါတ်ပိုမို မြင့်တက်လာမှာဖြစ်ပြီး […]


ဝက်ခြံ

အမာရွတ်ကုသမှုအတွက် ပါးစပ်ပြောရာဇဝင်တွေနဲ့ မှားယွင်းနေသော အချက် (၅)ချက်

ဝက်ခြံတွေဟာ အဖြစ်များတတ်ပြီး စိတ်မချမ်းမြေ့ဖွယ်ရာအခြေအနေတစ်ခုပါ။ ဘာလို့လဲဆိုတော့ ဒါက သင့်ရဲ့ အလှအပနဲ့ ပုံပန်းသဏ္ဍာန်ကို ထိခိုက်စေတယ်မဟုတ်လား။ ဝက်ခြံတွေကို ကုသတဲ့အခါ သင့်အရေပြားပေါ်မှာ အမာရွတ်တွေ ကျန်ခဲ့နိုင်ပါတယ်။ အမာရွတ်တွေဟာ ဒုတိယမြောက် ပြစ်ဒဏ်တစ်ခုလိုပါပဲ။ ဒါကြောင့် လူတွေက သူတို့ပျောက်ကင်းစေဖို့ ပါးစပ်ရာဇဝင်တွေကို လိုက်ပြီး နည်းလမ်း အမျိုးမျိုးကြိုးစားကြတာပါ။ ဝက်ခြံအမာရွတ်တွေ ကုသခြင်းအတွက် အယူအဆမှားတွေနဲ့ ပါးစပ်ရာဇဝင်တွေ ဘယ်လောက်ထိ မှန်နိုင်တယ်ဆိုတာကို ဖော်ထုတ်ကြည့်ရအောင်…   ပါးစပ်ရာဇဝင် (၁) ။ ။ နေရောင်ထဲကို အကာအကွယ်မပါဘဲ ထွက်တာက အမာရွတ်တွေကို သက်သာစေပါတယ်။ အယူအဆအမှား။ ။ အချို့သူတွေကတော့ နေရောင်ဟာ ဝက်ခြံအမာရွတ်တွေအတွက် ကောင်းတယ်လို့ ဆိုပါတယ်။ နေရောင်ခြည်နဲ့ ဝက်ခြံအမာရွတ်တွေနဲ့ ထိတွေ့တာဟာ ပန်းရောင်အမာရွတ်တွေကို အညိုရောင်ဖြစ်စေပြီး အသားရောင်နဲ့ ရောထွေးသွားစေတယ်လို့ဆိုပါတယ်။ အမှန်။ ။ ဒါပေမဲ့ နေရောင်ခြည်က ခရမ်းလွန်ရောင်ခြည်တွေဟာ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်များအတွက် အကောင်းဆုံး အိမ်တွင်းဆေးဝါးများ

ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးနည်းတွေမှာ ရေခဲ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်ဥ၊ နနွင်း၊ ရှားစောင်းလက်ပတ်၊ ပန်းသီးရှာလကာရည်၊ သံပုရာရည်၊ ပျားရည်၊ ရေ၊ လာဗင်ဒါဆီနဲ့ အခြားသော အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေအမျိုးမျိုးပါဝင်ပါတယ်။ ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးဝါးတွေဟာ ပြင်းထန်တဲ့ ပိုးဝင်ခြင်းတွေ ဒါမှမဟုတ် ဝက်ခြံတွေပိုဆိုးလာတာမျိုးတွေ၊ ညှစ်ထုတ်လိုက်တာမျိုးတေါ ဒါမှမဟုတ် ကုတ်လိုက်မိတာမျိုးတွေအတွက် အသုံးဝင်လှပါတယ်။ အပျော့စား ဝက်ခြံအမာရွတ်တွေကတော့ သူ့အလိုလိုပျောက်ကင်းသွားပေမယ့် အမာရွတ်နက်တာတွေကတော့ ဘဝတစ်သက်စာလုံး ကျန်ရစ်ခဲ့တော့မှာပါ။ အပျော့စား ဝက်ခြံအမာရွတ်တွေကိုတော့ သဘာဝပစ္စည်းတွေဖြစ်တဲ့ အိမ်တွင်းဆေးဝါးတွေကိုသုံးပြီးဘေးကင်းကင်းနဲ့ ထိထိရောက်ရောက်ဖယ်ရှားနိုင်ပါတယ်။ ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးဝါးများ ဝက်ခြံတွေဟာ ချွေးပေါက်တွေပိတ်ရာကနေ အနာတွေအဖြစ်ထွက်ပေါ်လာတာပါ။ ဝက်ခြံတွေကြောင့် ရှက်စရာကောင်းပြီး လူမြင်ကွင်းကိုမထွက်ချင်တာမျိုးတွေကို သင့်ရဲ့ဆယ်ကျော်သက်ဘဝမှာရော လူကြီးဘဝမှာပါ သင်ခံစားနေရတတ်ပါတယ်။ ဒါပေမဲ့ နှစ်တွေကြာလာပြီး ဟော်မုန်းတွေပြောင်းလဲသွားတဲ့အခါ ဝက်ခြံတွေ ပြုံပြီးပေါက်လာတာမျိုးတွေ ပြန်ဖြစ်လာတာမျိုးတွေ လျော့သွားနိုင်ပါတယ်။ အမာရွတ်တွေ၊ အစက်အပြောက်တွေနဲ့ ဝက်ခြံပျောက်ပြီးကျန်ခဲ့တဲ့အမှတ်တွေကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုလျော့နည်းစေတာမျိုးတွေဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် ဝက်ခြံတွေကို […]


ဝက်ခြံ

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေအတွက် မျက်နှာသစ်ဆေးဘယ်လိုရွေးမလဲ

အသားအရေထိန်းသိမ်းမှုက လှပမှုအတွက်အရေးပါတဲ့အချက်တစ်ခုပါ။ အသားဖြူဝင်းလှပနေမယ်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေမှာအမှန်ပါပဲ။ အသားအရေထိန်းသိမ်းတယ်ဆိုတဲ့နေရာမှာလည်း ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ အသားအရေထိန်းသိမ်းမှုနည်းလမ်းတွေကို ရွေးချယ်မိဖို့လိုပါတယ်။ မိမိအသားအရေနဲ့လိုက်ဖက်မယ့် အသားအရေထိန်းသိမ်းမှုလုပ်ဖို့ဆိုရင် အဓိကအကျဆုံးက ကိုယ်ဟာဘယ်လိုအသားအရေပိုင်ရှင်မျိုးလဲဆိုတာကို သိဖို့ပါပဲ။ အသားအရေအမျိုးအစားကိုလိုက်ပြီး ထုတ်လုပ်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေရဲ့ပါဝင်ပစ္စည်းတွေက ကွဲပြားပါတယ်။ အခုတစ်ခေါက်တော့ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေအတွက် မျက်နှာသစ်ဆေးဘယ်လိုရွေးမလဲ ဆဆိုတာကို ပြောပြပေးချင်ပါတယ်။ အသားအရေ အမျိုးအစား ခွဲကြမယ် အသားအရေအမျိုးအစားကို အကြမ်းဖျင်းအနေနဲ့ ခြောက်သွေ့တဲ့အသားအရေ အဆီပြန်တဲ့ အသားအရေ ပုံမှန်အသားအရေ တုံ့ပြန်လွယ်တဲ့အသားအရေ (sensitive skin) နဲ့ ပေါင်းစပ်အသားအရေဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ အသားအရေအမျိုးအစားကိုသေသေချာချာသိထားတာက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ အထောက်အကူဖြစ်တဲ့အပြင် ဝက်ခြံတွေကို သက်သာအောင်လည်းအထောက်အပံ့ရစေမှာပါ။   မိမိကဘယ်လိုအရေပြားပိုင်ရှင်လဲဆိုတာကို ဆုံးဖြတ်ရခက်နေမယ်ဆိုရင် အခုဖော်ပြပေးမယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးသုံးပြီး အကဲဖြတ်ကြည့်လိုက်ပါ။ မျက်နှာကို ညင်ညင်သာသာသစ်ပြီးရေခြောက်အောင်သုတ်လိုက်ပါ။ ဘာမှထပ်မလူးပါနဲ့။ မျက်နှာသစ်ပြီး တစ်နာရီလောက်ကြာရင်မျက်နှာက မူလအခြေအနေအတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။ မျက်နှာကမူလအတိုင်းပြန်ဖြစ်သွားတဲ့အခါ မျက်နှာရဲ့ […]


ဝက်ခြံ

ဝက်ခြံကို ပိုဆိုးစေနိုင်မယ့် အလေ့အထ ၈ ခု

စိုပြေကျန်းမာပြီးအစက်အပြောက်ကင်းတဲ့အသားအရေကို လူတိုင်းလိုချင်မှာပါ။ ဒါပေမယ့်လည်း ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံနဲ့ မျိုးရိုးလိုက်တာကြောင့်ဖြစ်တဲ့ ဝက်ခြံတွေထွက်တာကို ကာကွယ်တားဆီးဖို့ဆိုတာကတော့ ခက်ပါတယ်။ သို့ပေမယ့် နေ့စဉ်လုပ်မိနေတဲ့ အလေ့အထတွေကိုပြောင်းလဲလိုက်မယ်ဆိုရင် အသားအရေပြောင်းလဲကောင်းမွန်လာပြီး ဝက်ခြံတွေကိုသက်သာစေမှာပါ။ ဝက်ခြံတွေမဖြစ်အောင်ကာကွယ်ပြီး ကြည်လင်ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ အသားအရေကိုထိခိုက်စေမယ့် အလေ့အထတွေကို မလုပ်မိအောင် သတိထားဖို့လိုပါလိမ့်မယ်။ အရေပြားမွှေးညှင်းပေါက်လေးတွေထဲမှာ အဆီတွေ၊ဘက်တီးရီးယားတွေနဲ့ ဆဲလ်သေတွေပိတ်ဆို့တာကြောင့် ဝက်ခြံတွေဖြစ်လာရတာပါ။ အဆီပြန်တဲ့အသားအရေက ဝက်ခြံဖြစ်လွယ်တယ်။ မသိဘဲလုပ်နေမိတဲ့ အကျင့်ဆိုးတွေကလည်း ဝက်ခြံကို ပိုဆိုးစေတာပါ။ ဝက်ခြံတွေ ပိုမဆိုးလာအောင်၊ အသစ်တွေအများကြီးထပ်မထွက်လာစေဘဲ ရှိပြီးသားဝက်ခြံတွေကိုလည်း သက်သာပျောက်ကင်းစေအောင်အောက်ပါအချက်အလက်တွေကိုရှောင်ကြဉ်သင့်ပါတယ်။   ၁။ မျက်နှာကိုခဏခဏသစ်ခြင်း မျက်နှာကို ခဏခဏမသစ်ပါနဲ့။ အရေပြားသန့်ရှင်းနေဖို့က အရေးကြီးတယ်ဆိုပေမယ့် မျက်နှာခဏခဏသစ်တာကတော့ အရေပြားအတွက် မကောင်းပါဘူး။ ဝက်ခြံတွေကိုတောင် ပိုဆိုးစေပါဦးမယ်။ မနက်စာစော အိပ်ယာထချိန် တစ်ခါ ညအိပ်ခါနီးတစ်ခါ မျက်နှာသစ်ပေးတာက အကောင်းဆုံးပါပဲ။   ၂။ အရေပြားကိုကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်ခြင်း အရေပြားကိုကြမ်းကြမ်းတမ်းတမ်းမပွတ်တိုက်ပါနဲ့။ အရေပြားပေါ်က ဆဲလ်သေတွေကွာကျအောင်ရေချိုးခန်းသုံးချေးတွန်းတဲ့အစ၊ သပွတ်အူလိုမျိုးအရာတွေနဲ့ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာမျိုးမလုပ်ပါနဲ့။ ဝက်ခြံတွေကို […]


ဝက်ခြံ

ဝက်ခြံနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက် ၁၀ ချက်

ဝက်ခြံဆိုတာ အရေပြားပေါ်မှာဖြစ်တတ်တဲ့ စိတ်ညစ်စရာ၊ ကသိကအောက်ဖြစ်စရာ၊ ပိုဆိုးမယ်ဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုပါ ပေျာက်ဆုံးစေနိုင်တဲ့ ဝေဒနာတစ်ခုပါ။ ဝက်ခြံဖြစ်ရတဲ့အကြောင်းရင်းတွေက အတော်များပါတယ်။ ဝက်ခြံက ခန္ဓါကိုယ်ရဲ့ အဆီဂလင်းတွေအများအပြားရှိနေတဲ့ မျက်နှာ၊လည်ပင်း၊ရင်ဘတ်၊ကျော နဲ့ ပခုံးတွေမှာ အများဆုံးပေါက်တတ်ပေမယ့် တခြားနေရာတွေမှာလည်း ပေါက်တတ်ပါသေးတယ်။ လူတိုင်းလိုလို အနည်းဆုံး တစ်ကြိမ်လောက်တော့ဝက်ခြံထွက်ဖူးကြမှာပါ။ အချို့က ကလေးအရွယ်၊အချို့က ဆယ်ကျော်သက်လောက်မှာဖြစ်နိုင်ပြီး အချို့ကတော့ အသက်ကြီးမှဝက်ခြံထွက်လာတာမျိုးဖြစ်နိုင်ပါတယ်။ ဘယ်အရွယ်မှာပဲဝက်ခြံပေါက်ပေါက် နီရဲပြီး ရုပ်ဆိုးတဲ့ ဒီအဖုအပိန့်တွေက ခံစားရအင်မတန်ခက်ပါတယ်။ တကယ်လို့သာ အသေအချာ ဂရုမစိုက်ဘူးဆိုရင်တော့ ဒီဝက်ခြံတွေက အမာရွတ်တွေအဖြစ်လည်းပြောင်းလဲသွားနိုင်ပါသေးတယ်။ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ၅ ခုရှိပါတယ်။ ဒါတွေကတော့ အဆီပြန်ခြင်း အရေပြားဆဲလ်သေတွေ ချွေးပေါက်ပိတ်ဆို့တာ ဘက်တီးရီးယားတွေနဲ့ ဟော်မုန်းမညီမျှတာ (လူပျိုဖော်ဝင်တာ၊ အပျိုဖော်ဝင်တာနဲ့ ကိုယ်ဝန်ဆောင်ခြင်း) တို့ပဲဖြစ်ပါတယ်။   ဝက်ခြံတွေအကြောင်းနဲ့ပတ်သက်လို့ သင်သိသင့်တဲ့အချက်အလက် (၁၀)ချက်ရှိပါတယ်။ အဲဒီအချက်အလက်တွေက ဝက်ခြံကြောင့်ဖြစ်နေတဲ့သင့်ရဲ့ ဒုက္ခတွေကို […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေကိုကုသကြမယ်

ဝက်ခြံတွေဟာ ဆယ်ကျော်သက်အရွယ်ရော၊ လူကြီးဘဝမှာပါ ကြုံရအများဆုံး အရေပြားပြဿနာတစ်ခုဖြစ်တယ်။ ဝက်ခြံတွေက ပြင်ပပုံပန်းသွင်ပြင်တင်မကဘဲ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပါတယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းစေတာမျိုးပေါ့။ ဝက်ခြံတွေပျောက်သွားသည့်တိုင်အောင် ထိုဝက်ခြံတွေကြောင့် အမာရွတ်တွေကျန်ခဲ့တာမျိုးဖြစ်တတ်ပါတယ်။ ဝက်ခြံအမာရွတ်အမျိုးအစား အမာရွတ်တွေဟာ ရောင်ရမ်းသွားတဲ့ဝက်ခြံတွေကြောင့် ပျက်စီးသွားတဲ့အရေပြားတစ်သျှူးတွေကို ပြန်လည်ပြင်ဆင်ရာမှဖြစ်ပေါ်လာတာပါ။ ပြည်တည်နေသော ဝက်ခြံဖုများကသာရောင်ရမ်းတတ်ပြီး ဆားဝက်ခြံတွေ၊ အမဲစက်တွေက မရောင်ရမ်းတာကြောင့် အမာရွတ်အဖြစ်ကျန်ခဲ့နိုင်ချေနည်းပါတယ်။ ပိတ်သွားတဲ့ချွေးပေါက်တွေဟာ ရောင်ရမ်းပြီး ပေါက်ထွက်သွားတဲ့အခါ ဆဲလ်အသေတွေ၊ အဆီတွေ၊ ဘတ်တီးရီးယားတွေဟာ အနားပတ်ဝန်းကျင်က ဆဲလ်တွေဆီပျံ့သွားပါတော့တယ်။ ထိခိုက်သွားတဲ့ အရေပြားဆဲလ်တွေ၊ တစ်သျှူးတွေ ပြန်လည်ပြင်ဆင်ရာမှ ပုံမှန်အရေပြားတစ်သျှူးနဲ့ မျက်နှာပြင်ရော၊ အမြင်အရပါ မတူတဲ့ အမာရွတ်တစ်သျူးတွေ ဖြစ်လာစေပါတယ်။   အမာရွတ်နှစ်မျိုးရှိပါတယ် ပထမတစ်မျိုးက ပုံမှန်အရေပြားထက်မြင့်တက်နေသော အမာရွတ်မျိုးတွေဖြစ်တယ်။ ရင်ဘတ်၊ ကျောဘက်တွေမှာ အဖြစ်များပြီး ဝက်ခြံကြောင့် အရေပြားတစ်သျှုးများပြန်လည်ကုစားရာမှာ ကော်လဂျင်(collagen) အများအပြားသုံးခြင်းကြောင့် ဖြစ်လာရပါတယ်။ နောက်တစ်မျိုးက ပုံမှန်အရေပြားထက် ချိုင့်သော အမာရွတ်မျိုးဖြစ်ပြီး မျက်နှာပေါ်မှာအဖြစ်များပါတယ်။ အရေပြားတစ်သျုးတွေပြန်ပြင်ရာမှာ ဆုံးရှုံးသွားသောတစ်သျုးများရှိတာကြောင့် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း