အချို့သောသူတွေဟာ မျက်နှာသစ်စက်က သူတို့ အခြေအနေတွေကို ပိုပြီးကောင်းမွန်စေတယ် ဆိုတာ ရှာတွေ့ခဲ့ပါတယ်။ ဒါဟာ ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်ရုံမကပါဘူး။ မျက်နှာရဲ့ အခြားသော အစိတ်အပိုင်းတွေကိုပါ သန့်စင်စေနိုင်ပါတယ်။ ဒါကို အသုံးပြုပြီးရင် သင့်ရဲ့မျက်နှာဟာ အနှိပ်ခံလိုက်ရသလို ခံစားရနိုင်ပါသေးတယ်။
တကယ်လို့များ သင်က အထက်ဖော်ပြပါ နည်းလမ်းတွေ အားလုံးလုပ်ဆောင်ပြီးတာတောင် အခြေအနေ မတိုးတက်လာဘူးဆိုရင် အရေပြား ဆရာဝန်ဆီ သွားသင့်နေပါပြီ။ သူတို့က သင့်အရေပြားကို စစ်ဆေးပြီး ထိရောက်တဲ့ ကုသမှုတွေ၊ လမ်းညွှန်မှုတွေ ပေးနိုင်ပါလိမ့်မယ်။
ဆားဝက်ခြံ ကုသခြင်းဟာ ဆားဝက်ခြံတွေ ဖယ်ရှားဖို့အတွက်ပဲ အဓိက ထားပါတယ်။ အိမ်မှာ လုပ်လို့ရနိုင်တဲ့ အချို့သော အချက်လေးတွေကလည်း ထိရောက်နိုင်ပါတယ်။
ဒါပေမယ့် သင်က အချို့သော အိမ်တွင်းဆေးဝါးတွေကို အသုံးပြုပြီးတာတောင်မှ အခြေအနေက တိုးတက်မလာဘူး ဆိုရင်တော့ စနစ်တကျ ကုသမှု ခံယူဖို့အတွက် အရေပြား ဆရာဝန်ကို သွားပြပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။