backup og meta

ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ ကို ဘယ်လိုဖယ်ရှားမလဲ

ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ ကို ဘယ်လိုဖယ်ရှားမလဲ

ဝက်ခြံအများစုဟာ လူပျိုဖော်၊ အပျိုဖော်ဝင်လာတဲ့အချိန်မှာ ပေါက်လာလေ့ရှိပြီး ရက်အနည်းငယ်အကြာမှာ ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ တကယ်လို့သင့်မှာ stubborn acne လို့ခေါ်တဲ့ ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ ဖြစ်လာခဲ့ရင်ရော.. မပူပါနဲ့။

ဒါတွေကို ဆေးကုသမှုအချို့နဲ့ အိမ်မှာဂရုစိုက်လိုက်ရင် ပျောက်ကင်းသွားနိုင်ပါတယ်။ တကယ်လို့သင်က stubborn acne တွေကို ကုသပျောက်ကင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတဲ့သူဆိုရင်တော့ ဒီဆောင်းပါးဟာ သင့်အတွက်ပါပဲ။

ပျောက်ဖို့ခဲယဉ်းတဲ့ဝက်ခြံတွေ သို့ Stubborn acne (ခေါင်းမာတဲ့ ဝက်ခြံ)ဆိုတာဘာလဲ။

ခေါင်းမာတဲ့ ဝက်ခြံဆိုတာ ပုံမှန်မဟုတ်ဘဲ ထွက်ပေါ်လာတဲ့ ဝက်ခြံမျိုးပါ။ ဝက်ခြံဆိုတာ ဆယ်ကျော်သက်အရွယ်တွေ ဒါမှမဟုတ် လူပျိုဖော်၊ အပျိုဖော်ဝင်လာတဲ့သူတွေရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။ ဝက်ခြံတွေဟာ ရက်အနည်းငယ်လောက်ကြာနိုင်ပါတယ်။ သင် အသက်၂၀ကျော်သည်ထိလည်း ဝက်ခြံပြဿနာတွေကို ခံစားရနိုင်ပါတယ်။

တစ်ခါတလေမှာ ဝက်ခြံတွေဟာ သင်ဘယ်လိုနည်းကိုမဆို အိမ်မှာ ကြိုးစားပြီးလုပ်ကြည့်သည်ဖြစ်စေ၊ ပျောက်မသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ အိမ်မှာ ရနိုင်တဲ့ပစ္စည်းတွေသုံးပြီး စမ်းသပ်ကြည့်လို့မှ ရက်သတ္တ ၄ပတ် ကနေ ၈ပတ်လောက်ကြာတဲ့ထိမှ မပျောက်ကင်းဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြသင့်ပါပြီ။

ဆေးဝါးများနဲ့ ကုသခြင်း

သင်က အရေပြားဆရာဝန်တွေကို သွားတွေ့တဲ့အခါ သူက သင့်အရေပြားအခြေအနေကို အရင်စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ ပြီးရင်တော့ အရေပြားဆရာဝန်က သင့်အတွက် သင့်လျော်တဲ့ ကုသမှုအစီအစဉ်တစ်ခုဆွဲပေးပါလိမ့်မယ်။ အချို့သော ဆေးဝါးတွေကိုလည်း ညွှန်းပေးပါလိမ့်မယ်။

ဥပမာ ပဋိဇီဝဆေးတွေ၊ benzoyl peroxide တွေ၊ salicylic acid တွေကိုပေါ့။ ဒီဆေးတွေကိုတော့ သောက်ဆေးအနေနဲ့သော်လည်းကောင်း၊ ဝက်ခြံပေါက်တဲ့နေရာတွေမှာ လိမ်းဖို့သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။

တကယ်လို့ သင့်ရဲ့ဝက်ခြံက ပြင်းထန်တယ်ဆိုရင် isotretinoin ကို သုံးဖို့ လိုအပ်ပါလိမ့်မယ်။ ဒီဆေးကိုတော့ nodula ဝက်ခြံ (cystic acne )တွေကို ကုသဖို့ အသုံးပြုတာပါ။ အခြားသော ကုထုံးတွေဖြစ်တဲ့ benzoyl peroxide တွေကတော့ ဒါတွေအတွက် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ တကယ်လို့ သင်က ကိုယ်ဝန်ရှိနေတယ်ဆိုရင်တော့ ဒီဆေးကို အသုံးမပြုသင့်ပါဘူး။

သင့်အတွက် ဆေးသောက်ဖို့မလိုတဲ့ ကုထုံးတွေလည်း ရှိပါသေးတယ်။ အလင်းကုထုံးကို လေဟာနယ်ကုထုံး (vacuum therapy) နဲ့ ပေါင်းစပ်ကုသတာ ဒါမှမဟုတ် လေဆာကုထုံးတွေဟာ သင်လုပ်နိုင်တဲ့ ကုသမှုတွေပါ။ သူတို့တွေဟာ ထိရောက်ပေမယ့် ဈေးတော့ကြီးပါတယ်။ ဒီနည်းလမ်းတွေမရွေးချယ်ခင် သေချာပြန်စဉ်းစားပါ။

အိမ်တွင် ကုသနည်း

ဝက်ခြံအတွက် အသားအရေထိန်းသိမ်းခြင်းကလည်း ဒီဖြစ်ရပ်ကြီးထပ်ပြီးဖြစ်မလာအောင် ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ အိမ်မှာ ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်းဟာ ကုသမှုတွေကို ပိုပြီးထိရောက်စေနိုင်ပါတယ်။

သင့်အရေပြားကို သန့်ရှင်းနေပါစေ။ ဒါပေမဲ့ ဝက်ခြံပေါက်နေတဲ့နေရာတွေကို တစ်ရက် ၂ကြိမ်ထက်ပိုပြီးတော့ မသန့်စင်ပါနဲ့။ ဒါဟာ အရေပြားကို ထိခိုက်စေနိုင်ပြီး ဝက်ခြံတွေကိုလည်း ပိုဆိုးစေပါတယ်။

အပျော့စားဆပ်ပြာနဲ့ ရေသန့်ကိုသုံးပြီး အရေပြားကိုသန့်စင်ပါ။ ရေဟာ ပူလွန်းအေးလွန်းတာမျိုးမဖြစ်ရဘဲ ကြက်သီးနွေးရေက အကောင်းဆုံးပါ။

ဝက်ခြံတွေကို မဖောက်ပါနဲ့။ ဒီလိုလုပ်ခြင်းက ဝက်ခြံတွေကို ပိုးဝင်စေပြီး အမာရွတ်ကြီးကြီး ထင်ကျန်စေပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် အရေပြားပြဿနာဖြစ်နေတဲ့အချိန်မှာ မိတ်ကပ်မသုံးပါနဲ့။ မိတ်ကပ်ပစ္စည်းတွေဟာ ချွေးပေါက်တွေကို ပိတ်စေနိုင်ပါတယ်။ တကယ်လို့များ မိတ်ကပ်ကို မဖြစ်မနေသုံးစွဲရမယ်ဆိုရင် ရေကိုအခြေခံထားတဲ့ ဒါမှမဟုတ် comedogenic မပါဝင်တဲ့ ပစ္စည်းကိုသာသုံးစွဲပါ။ ဒါတွေဟာ သင့်အခြေအနေအတွက် ပိုကောင်းစေပါတယ်။ ပြီးတော့ တတ်နိုင်သမျှ အမြန်ဆုံး မိတ်ကပ်ကိုဖျက်ပစ်ဖို့မမေ့ပါနဲ့။ မိတ်ကပ်ဖျက်ဖို့ သီးသန့်ထုတ်ထားတဲ့ ပစ္စည်းကိုသာ သုံးစွဲပါ။

လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အစာစားသောက်မှုပုံစံကလည်း အကူအညီဖြစ်စေပါတယ်။ ဒါတွေက သင့်ရဲ့ အလုံးစုံသော ကျန်းမာရေးအခြေအနေတွေကို တိုးတက်ကောင်းမွန်စေပါတယ။် အရေပြားပေါ်မှာ ချွေးတွေထွက်နေတာမျိုး မဖြစ်ပါစေနဲ့။ ဒါတွေက သင့်ဝက်ခြံအတွက် မကောင်းပါဘူး

ခေါင်းလျှော်ဖို့မမေ့ပါနဲ့။ ဆံပင်က ပိုးမွှားတွေ၊ အညစ်အကြေးတွေဟာ အရေပြားကို ကူးစက်ပြန့်နှံ့နိုင်ပါတယ်။

ခေါင်းမာတဲ့ ဝက်ခြံတွေ (Stubborn acne)တွေဟာ ထိန်းချုပ်ရခက်ခဲပါတယ်။ တကယ်လို့ သင်က ဝက်ခြံတွေပေါက်နေပြီး ၄ပတ်မှ ၈ပတ်လောက်ကြာတဲ့ထိ မပျောက်ကင်းဘူးဆိုရင် အရေပြားဆရာဝန်နဲ့ ပြသင့်ပါတယ်။ အထူးကုသမှုတွေက သင့်ရဲ့ ပျောက်ကင်းဖို့ခက်တဲ့ ဝက်ခြံအခြေအနေတွေကို ထိန်းသိမ်းစေနိုင်ပါလိမ့်မယ်။

ရေးသားသူ− Wuthun Myat Chal

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. What Men Should Know About Acne. http://www.webmd.com/men/guide/acne-men#1-7. Accessed January 1, 2017.
  2. Food and Drug Administration. Facing facts about acne. 2009.
  3. http://www.nhs.uk/conditions/acne/Pages/Introduction.aspx. Accessed January 1, 2017.
  4. http://www.webmd.com/drugs/2/drug-6662/isotretinoin-oral/details. Accessed January 1, 2017.

ယခုပုံစံ

19/04/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံဖြစ်ပြီးနောက် ကျန်ရစ်သော အမာရွတ်ပုံစံ ၂မျိုး

သင့်အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement