ပြစ်မျိုးမှဲ့မထင် မျက်နှာလေးရဖို့ ငှက်ပျောသီးခွံလေးနဲ့ လုပ်ဆောင်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 12, 2021 . 2 mins read
Share now

ပြစ်မျိုးမှဲ့မထင် မျက်နှာလေးရဖို့ ငှက်ပျောသီးခွံလေးနဲ့ လုပ်ဆောင်ကြမယ်

ပျိုမဒီလေးတို့ရေ ငှက်ပျောသီး စားပြီးရင် အခွံလေးကို ဒီအတိုင်း လွှင့်ပစ်လိုက်တယ်ဆိုရင်တော့ အရမ်းနှမြောစရာ ကောင်းသွားပါပြီ။ ကိုယ့်ရဲ့ မျက်နှာလေး နုပျိုလှပပြီး အနာအဆာတွေ မရှိဖို့ဆိုတာ ဈေးကြီးတဲ့ skin care ထုတ်ကုန်တွေ သုံးနိုင်မှ မဟုတ်ပါဘူးနော်။

လက်လှမ်းမီတဲ့ အသီးလေးတွေနဲ့တင် ရနိုင်တာပါ။ ငှက်ပျောသီး အတွင်းသား အခွံဖြူက မျက်နှာလေး လှဖို့ ဘာတွေ အသုံးဝင်တယ်ဆိုတာ မျှဝေပေးမယ်နော်။

ငှက်ပျောသီးခွံက ယားယံပြီး အနီရောင် အဖုအဖိန့်တွေ ထတာကို သက်သာစေပါတယ်။ ငှက်ပျောသီး အတွင်းသား အဖြူခွံက အရေးအကြောင်းနဲ့ တင်းတိပ်တွေကို ပျောက်ကင်းစေပြီး အသားအရေကို ကြည်လင်တောက်ပစေပါတယ်။

မျက်နှာမှာ Psoriasis လိုမျိုး မညီမညာဘဲ အဖုတွေ ဖြစ်နေတာကို သက်သာစေတဲ့ ဓါတ်တိုး ဆန့်ကျင်မှုတွေလည်း ပါဝင်ပါသေးတယ်။ ငှက်ပျောသီး အခွံမှာ ပိုတက်စီယမ်၊ lutein တွေ ပါဝင်တာက မျက်နှာလေးကို ကြည်လင်စေဖို့ အစွမ်းဆောင်နိုင်ဆုံးပါ။

အရေးအကြောင်း

ငှက်ပျောသီးခွံရဲ့ အတွင်းသား အဖြူဟာ ရေဓါတ်တွေ အပြည့်အဝ ပေးစွမ်းနိုင်တာကြောင့် အသားအရေ ခြောက်သွေ့တာတွေ မဖြစ်စေပါဘူး။ ငှက်ပျောသီးရဲ့ အတွင်းမှာရှိတဲ့ အဖြူတွေကို ခြစ်ပြီး ကြက်ဥအနှစ်လေးနဲ့ ရောလိုက်ပါ။ သမအောင် မွှေပြီးပြီဆိုရင်တော့ မျက်နှာမှာ ငါးမိနစ်လောက် လိမ်းထားပါ။ ငါးမိနစ်ကျော်ပြီဆိုမှ ရေဆေးချပေးနော်။ အရေးအကြောင်း ဖြစ်တာတွေ သက်သာမှာ အသေအချာပါပဲ။

အဖုအဖိန့်

မျက်နှာ အကောင်ကိုက်တာ၊ ဓာတ်မတည့်မှုကြောင့် အဖုအဖိန့်တွေဖြစ်တယ်ဆိုရင်တော့ ငှက်ပျောသီး အခွံကို လှီးဖြတ်ပြီး အတွင်းဘက်အဖြူသားလေးနဲ့ အဖုအဖိန့်တွေပေါ် ကပ်ထားလိုက်ပါ။ အခွံလေး ညိုသွားပြီဆိုရင်တော့ ဖယ်လိုက်ပါ။ အဖုအဖိန့်နဲ့ နာကျင်တာတွေ သက်သာသွားပါလိမ့်မယ်။

UV ကာကွယ်ပေးခြင်း

UV တွေထိရင် မျက်နှာအသားအရေ ပျက်စီးစေတယ်ဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ ပျိုမေတို့မျက်နှာမှာ UVတွေ ထိပြီး မျက်နှာမှာ နေလောင်ဒဏ်တွေ ဖြစ်နေတယ်ဆိုရင်တော့ ငှက်ပျောသီး အတွင်းသားအဖြူလေးတွေနဲ့ ထိတွေ့လိုက်ပါ။

မျက်နှာမှာ ကပ်ထားနော်။ (၁၀) မိနစ်လောက် လုပ်ပေးပါ။ နေ့တိုင်းလုပ်မယ်ဆိုရင် နေလောင်ဒဏ်ကြောင့် မျက်နှာမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေကအစ သက်သာသွားမှာပါ။

မျက်ကွင်းညိုခြင်း

မျက်ကွင်းညိုလို့ ပန်ဒါလေးလို ဖြစ်နေပြီဆိုရင်တော့ ငှက်ပျောသီး အခွံလေးကို သတိရပါ။ ငှက်ပျောသီး အခွံဟာ မျက်လုံးနားတဝိုက်က မျက်ကွင်းညိုတာကို သက်သာစေပြီး နဂို ဖြူတာလေး ပြန်လည် ရရှိအောင် စွမ်းဆောင်နိုင်ပါတယ်။

ငှက်ပျောသီး အခွံအတွင်းသားလေးတွေကို ခြစ်ပြီး ရှားစောင်းလက်ပပ် အတွင်းသားဂျယ်လ်လေးနဲ့ ရောပါ။ ပြီးရင် မျက်လုံးနားတဝိုက်မှာ ခပ်ပါးပါးလေး လိမ်းပါ။ ခြောက်သွားရင်တော့ ရေဆေးလိုက်ပါ။ မျက်စိထဲ မဝင်ဖို့ အထူး(အထူး) ဂရုပြုပါ။ ငှက်ပျောသီး အခွံမှာ ပိုတက်စီယမ် ပါဝင်တာမို့ အစိုဓါတ်ကို ထိန်းပေးပြီး မျက်ကွင်းညိုတာတွေကို သက်သာစေပါတယ်။

ဝက်ခြံ

နီရဲပြီး အဖြူဆံတွေ ထွက်တဲ့ ဝက်ခြံတွေ ယောင်ရမ်းနေလို့ ညှစ်လို့လည်း မရ ၊ နာကျင်တာတွေလည်း ခံစားရနေရင်တော့ ငှက်ပျောသီး အခွံက ကူညီပေးနိုင်ပါတယ်။ ဝက်ခြံရှိတဲ့ နေရာတွေမှာ ငှက်ပျောသီး အခွံလေးကို ပါးပါးလေး လှီးပြီး ကပ်ထားလိုက်ပါ။ အခွံလေး ညိုလာတဲ့အထိ ကပ်နော်။ တစ်ပတ်ကို (၂) ကြိမ်လောက် ပြုလုပ်နိုင်ပြီး ဝက်ခြံတွေ ချပ်သွားမှာပါ။

ငှက်ပျောသီး အခွံက ပေးစွမ်းနိုင်တဲ့ မျက်နှာပေါ်က အလှတရားတွေကို သိရပြီတော့ နောက်တခါ ငှက်ပျောသီး စားပြီးတိုင်း အခွံလေးတွေ လွှင့်မပစ်ဘဲ မျက်နှာအလှတရားလေးတွေ ဖော်ဆောင်လိုက်နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် အော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံက ပျောက်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ စိတ်ရှည်ရပါမယ်။ ဝက်ခြံဆိုတာက တစ်ပတ်လောက်နဲ့ သက်သာသွားတာမျိုး မဟုတ်ပါဘူး။ နာတာရှည်ရောဂါ တစ်မျိုးလိုပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံတွေ ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ

ဝက်ခြံလို့ဆိုလိုက်ရင် လူတိုင်းက အရေပြားပေါ်က နီနီရဲရဲ နဲ့ ထိပ်နားမှာ ပြည်လိုလေး စုနေတဲ့ ဖုတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
လမ်းလျှောက်ရလို့ ဖိနပ်ပေါက် တဲ့အခါ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
ကလေးမွေးထားတဲ့ မေမေ တွေ ခန္ဓာကိုယ် ပြန်ထိန်းသိမ်းနိုင်ဖို့

ကလေးမွေးထားတဲ့ မေမေ တွေ ခန္ဓာကိုယ် ပြန်ထိန်းသိမ်းနိုင်ဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read