သားဆက်ခြားခြင်း

သားဆက်ခြားတာက ကိုယ်ဝန်ရရှိမှုကို ကာကွယ်ဖို့ အဓိကထား ပြုလုပ်ထားတဲ့ နည်းလမ်းတစ်ရပ်ပါ။ ဒါဆို ဘယ်လို သားဆက်ခြားနည်းတွေရှိလဲ။ ဘယ်နည်းလမ်းက အဆင်ပြေမလဲဆိုပြီး သိချင်နေပြီလား။ သားဆက်ခြားနည်းများနှင့်ပတ်သက်ပြီး သိလိုသည့် အချက်များကို ဒီနေရာတွင် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သားဆက်ခြားခြင်း

ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ

စုံတွဲတွေ အတူနေပြီးတဲ့အချိန်တိုင်း ဖြစ်တတ်တဲ့ သံသယကတော့ ကွန်ဒုံးပေါက်သွားပြီလား မသိဘူးနော်ဆိုတာပါပဲ။ ကိုယ်ဝန်မလိုချင်သေးတဲ့ အတွဲတွေဆို ပိုဆိုးပါတယ်။ မလိုချင်လို့ ကွန်ဒုံးသုံးကာမှ ကွန်ဒုံးပေါက်သွားလို့ ကိုယ်ဝန်ရသွားခဲ့ရင်ဆိုတဲ့ စိတ်ကြီးက ဖိစီးနေမှာပါ။ ဒီတော့ ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ။ စမ်းကြည့်လို့ရော ရမလားဆိုတာကို ပြောပြပေးပါမယ်။ ကွန်ဒုံးပေါက်နိုင်ခြေများတဲ့ အခြေအနေတွေက ဘာတွေလဲ ကွန်ဒုံးက မသုံးရသေးခင်မှာလည်း ပေါက်နိုင်သလို သုံးပြီးချိန်မှာလည်း ‌ပေါက်နိုင်ပါတယ်။ မသုံးရသေးခင်မှာ ပေါက်နိုင်တဲ့ အခြေအနေတွေကတော့ ရက်လွန်နေတဲ့ ကွန်ဒုံးကို သုံးတာ ကွန်ဒုံးကို ပိုက်ဆံအိတ်လိုမျိုး ပြဲလွယ်တဲ့ နေရာတွေမှာ သိမ်းဆည်းတာ နေရောင်တိုက်ရိုက်ကျတဲ့နေရာတွေ၊ ပူလွန်းတဲ့နေရာတွေမှာ သိမ်းဆည်းတာ ကွန်ဒုံးကို ပါးစပ်နဲ့ ကိုက်ဖောက်တာ၊ ကပ်ကြေးနဲ့ ကိုက်ဖောက်တာတွေကြောင့် မသုံးရသေးခင်မှာ ပေါက်နေတတ်ပါတယ်။ သုံးပြီးချိန်မှာ ပေါက်တာတွေကတော့ ကိုယ်သုံးတဲ့ ပုံစံ မမှန်လို့ပါ။ ဥပမာ ကွန်ဒုံးကို ပြောင်းပြန်စွပ်တာ […]

သားဆက်ခြားခြင်း ကို ရှာဖွေမည်။

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လက်ထပ်ပြီးစမှာ ၃ လခံထိုးဆေး သုံးသင့်သလား

လက်ထပ်ပြီးစမှာ ၃ လခံထိုးဆေး သုံးသင့်သလား   လက်ထပ်တော့မယ့် စုံတွဲတွေအတွက် အသုံးပြုလို့ရမယ့် သားဆက်ခြားနည်းတွေအကြောင်း ရေးလာခဲ့တာ ၃ ပုဒ်ရှိပါပြီ။ ဒီလအတွက် နောက်ဆုံးအနေနဲ့တော့ ခုမှ မင်္ဂလာဆောင်မယ့်၊ ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ မိန်းကလေးအနေနဲ့ ၃ လခံဆေး ထိုးသင့်သလား ဆိုတာကို ပြောပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီထိုးဆေးမှာ ထူးခြားချက် ရှိလို့ပါ။ သားဆက်ခြားနည်းတွေအားလုံးထဲမှာမှ သူ့တစ်ခုတည်းမှာ ရှိတဲ့ ပြဿနာလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဆေးထိုးရပ်လိုက်ပေမယ့် ကလေးပြန်ရဖို့ လအနည်းငယ် စောင့်ရတယ်ဆိုတာပါပဲ။ လုံးဝကို ပြန်မရနိုင်တော့တာမျိုး မဟုတ်ဘဲ အခိုက်အတန့်သဘော စောင့်ရတာပါ။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။ တချို့ ၆ လလောက်နေမှ ကိုယ်ဝန်ပြန်ရတယ်၊ တချို့က ၁၀ လ၊ တချို့ကျတော့လည်း ဆေးထိုးရပ်လိုက်ပြီး သိပ်မကြာဘူး၊ ကိုယ်ဝန်ရသွားတယ်။ နောက်ပြီး အဲ့လို […]


သားဆက်ခြားခြင်း

သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ

သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ ...... ရုတ်တရက်ကြည့်လိုက်ရင် သားဆက်ခြားတဲ့ကိစ္စဟာ အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ချင်စရာပါ။ တကယ်တမ်း ကြည့်လိုက်ရင်လည်း အင်မတန် စိတ်ချရတဲ့ သားဆက်ခြားနည်း အများစုက အမျိုးသမီးတွေပဲ အသုံးပြုရတာဖြစ်သလို၊ ကိုယ်ဝန်ဆောင်၊ ကလေးမွေးရတာကလည်း အမျိုးသမီးတွေပါပဲ။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့လည်း ဒီကိစ္စမှာ ပါဝင်ပေးဖို့ သိပ်ကိုလိုအပ်တဲ့အကြောင်း ပြောပြလိုပါတယ်။ သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ ဆိုတော့ ၁။ အမျိုးသား ပါဝင်ပေးရမယ့် သားဆက်ခြားနည်းတွေ သားဆက်ခြားနည်း အများစုက အမျိုးသမီးတွေပဲ သုံးလို့ရတာ ဆိုပေမယ့် အမျိုးသားဘက်က သုံးလို့ရတဲ့ သားဆက်ခြားနည်းတချို့လည်း ရှိပါတယ်။ အထူးသဖြင့် ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေဆို အသားအရေ ပြောင်းသွားမှာ၊ ကိုယ်အလေးချိန် တက်မှာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်တော့ တချို့ သတို့သမီးလောင်းတွေက မသုံးချင်ကြဘူး။ […]


သားဆက်ခြားခြင်း

“သတို့သမီးလောင်းတွေ ရွေးချယ်လို့ရတဲ့ သားဆက်ခြားနည်းများ”

~ မင်္ဂလာခန်းမကြီးထဲ ~ ဒီမင်္ဂလာခန်းမကြီးထဲ ~ တို့နှစ်ဦးလက်တွေတွဲ ခိုင်မြဲသောအချစ်တွေ သက်သေထူမယ် ~ တစ်သက်မှာ တစ်မင်္ဂလာ ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုမှာတော့ အိမ်ထောင်ရေးဆိုတာကို သိပ်တန်ဖိုးထားကြတယ်။ လွယ်လွယ်မတည်ဆောက်တတ်ကြသလို၊ လွယ်လွယ်နဲ့လည်း အိမ်ထောင်တစ်ခုကို အဆုံးသတ်လေ့ မရှိပါဘူး။ ဒါကြောင့် ချစ်သူနှစ်ဦး ဘဝတစ်ခုကို အတူဖြတ်သန်းဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် အဲဒီလက်ထပ်မင်္ဂလာပွဲလေးကို တစ်သက်လုံးအမှတ်တရ ဖြစ်နေအောင် စီစဉ်ကြတယ်။ Pre-wedding photo ကို စိတ်ကူးဆန်းဆန်းနဲ့ လှလှလေးတွေ ရိုက်မယ်၊ မင်္ဂလာဧည့်ခံပွဲကို ခမ်းခမ်းနားနား လုပ်မယ်၊ လက်မှတ်ထိုးတဲ့ အခမ်းအနားကို ဘယ်လိုအစီအစဉ်နဲ့ ဘယ်နေရာမှာ လုပ်မယ်၊ ဒီလိုမျိုး စိတ်ကူးကောင်းရင် ကောင်းသလို၊ တတ်နိုင်ရင် တတ်နိုင်သလို အမှတ်တရလေးတွေ ဖန်တီးကြတယ်။ အဲဒီလိုတွေ လက်ထပ်ပွဲနဲ့ပတ်သက်ပြီး စီစဉ်နေကြတဲ့တစ်ပြိုင်တည်းမှာ နောင်တစ်ချိန်ရလာမယ့် မိသားစုလေးအတွက်လည်း စီမံကိန်းချထားဖို့ […]


သားဆက်ခြားခြင်း

လက်မထပ်ခင် ဘယ်နှရက် ကြိုတင်ပြီး ကိုယ်ဝန်တားသင့်သလဲ

ချစ်သူသက်တမ်းမှာ တစ်ယောက်ကိုတစ်ယောက် လေ့လာပြီးလို့ နှစ်ယောက်အတူတူ ဘဝတစ်ခုကို တည်ဆောက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ပြင်ရဆင်ရမှာတွေ အများကြီးဖြစ်လာပါတယ်။ ဘဝနဲ့ပတ်သက်လို့လည်း အစီအစဉ်တွေ ချရတော့မယ်။ အဲဒီထဲမှာ မပါမဖြစ် ပါရမှာတစ်ခုကတော့ မိသားစုစီမံကိန်းဆွဲတာပါပဲ။ တို့နှစ်ယောက် ကလေးဘယ်တော့ယူမယ်၊ ဘယ်နှယောက် ယူမယ်၊ တစ်ယောက်နဲ့တစ်ယောက်ကြား ဘယ်လိုနည်းလမ်းတွေသုံးပြီး တားထားမယ် စသဖြင့် စဉ်းစားကြရပါတယ်။ အဲဒီအခါ သတို့သမီးလောင်းတွေ အမေးများဆုံး မေးခွန်းတစ်ခုကတော့ လက်မထပ်ခင် ဘယ်နှရက် ကြိုတင်ပြီး ကိုယ်ဝန်တားသင့်သလဲ ဆိုတာပါပဲ။ ဘာလို့ဆိုတော့ ဒီဆေးတွေ အာနိသင်ပြဖို့က တစ်ပတ်စောင့်ရတတ်တယ်လို့ သိထားကြတာကိုး။ တချို့ကတော့လည်း ချက်ချင်းအာနိသင်ပြတယ်လို့ သိထားကြပြန်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ အဲဒီအကြောင်းလေး အရင်ဆုံးရှင်းပြလိုပါတယ်။ လက်မထပ်ခင် ဘယ်နှရက် ကြိုတင်ပြီး ကိုယ်ဝန်တားသင့်သလဲ ဒီနေရာမှာ ပွင့်ပွင့်လင်းလင်း ပြောပြချင်တာတစ်ခုက တချို့စုံတွဲတွေဟာ လက်ထပ်တဲ့နေ့မှပဲ လင်မယားအရာမြောက်တယ် ဆိုပေမယ့် တချို့ကျတော့ […]


သားဆက်ခြားခြင်း

သားဆက်ခြားဖို့အတွက် စဉ်းစားစရာအဆင့်ဆင့်

သားဆက်ခြားတဲ့ကိစ္စဟာ အိမ်ထောင်သည်တိုင်းအတွက် အင်မတန်မှကို အရေးကြီးတဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ အကျိုးကျေးဇူးတွေအများကြီးပဲ ရှိတာမို့ ဒါကို စုံတွဲတော်တော်များများက အလေးထား လုပ်ဆောင်လာကြပါတယ်။ ပူပူနွေးနွေး မင်္ဂလာဆောင်ပြီးသွားရင် စုံတွဲတစ်တွဲအနေနဲ့ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ဘဝတစ်ခုကို ဖြတ်သန်းမယ်၊ မျှော်မှန်းထားတဲ့ အခြေအနေတစ်ခုရောက်အောင် သွားကြမယ် ဆိုတဲ့အခါ အဆင်သင့်မဖြစ်သေးဘဲ ကလေးမရသွားအောင် ကြိုတင်ပြင်ဆင်လာကြတယ်။ အဲဒီအခါ အမျိုးသမီးတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ကျွန်မနဲ့ အသင့်တော်ဆုံး သားဆက်ခြားနည်းက ဘာဖြစ်မလဲ ဆိုတာပါပဲ။ တစ်ခါမှကလည်း မသုံးဖူး၊ အရွယ်တွေက ငယ်သေးတော့ ဒီဆေးတွေ သုံးလို့ ဝလာပြီး မလှတော့မှာကလည်း စိုးသေးတယ်၊ ဒီကြားထဲမှာ တခြားအမျိုးသမီးကြီးတွေရဲ့ စကားကလည်း တစ်စွန်းတစ်စ ကြားထားလေတော့ ပိုပြီး ဝေခွဲရခက်နေတတ်ပါတယ်။ တကယ်တော့ […]


သားဆက်ခြားခြင်း

အလုပ်များတဲ့ အမျိုးသမီးများအတွက် အသင့်တော်ဆုံး သားဆက်ခြားနည်း IUD

ဇနီးမယားဆိုတဲ့ ဂုဏ်ပုဒ်ကို စတင်ခံယူလိုက်တယ်ဆိုရင် အိမ်မှုကိစ္စတွေ၊ လင်သားလိုအပ်ချက်တွေဖြည့်ဆည်းပေးရတာနဲ့ တခြားအမျိုးမျိုးသော အိမ်ထောင်မှုကိစ္စရပ် တွေကို နိုင်နင်းအောင်ဆောင်ရွက်ရတာက မြန်မာအမျိုးသမီးတိုင်းတွေ့ကြုံရတတ်တဲ့ ကိစ္စတစ်ခုပါပဲ။ ယနေ့ခေတ်မှာဆိုရင် အမျိုးသမီးတွေက အိမ်ထောင်မှုလုပ်ငန်းတွေ၊ မိခင်တာဝန်တွေကိုသာမက တစ်ဖက်တစ်လမ်းကနေ ဝင်ငွေတိုးအောင်ဆောင်ရွက်လာ တာကြောင့် အားလပ်ချိန်နည်းလာကြပါတယ်။ ဒီကြားထဲ ကလေးယူဖို့ အဆင်သင့်မဖြစ်သေး တာကြောင့် အလုပ်များတဲ့အမျိုးသမီးတွေအတွက် အချိန်ကုန်သက်သာပြီး လွယ်ကူတဲ့ သန္ဓေတားနည်းတွေကို စဉ်းစားရှာဖွေရတာကလည်း အလုပ်တစ်လုပ်ပါ။ဆေးထိုး၊ ဆေးသောက်လိုမျိုး သန္ဓေတားနည်းတွေက မေ့လျော့သွားမယ်ဆိုရင် ကလေးရသွားနိုင်တာကြောင့် အလုပ်များတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် အသင့်တော်ဆုံး သန္ဓေတားနည်းတစ်ခုကို ညွှန်းပေးချင်ပါတယ်။ အဲဒါကတော့ သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း ကြေးနီ IUD ပါ။ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း ကြေးနီ IUD ဆိုတာ ဘာလဲ ။ သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်းကြေးနီ IUD သားအိမ်ရဲ့ ၄ ပုံ ၁ပုံ […]


သားဆက်ခြားခြင်း

သန္ဓေတားဆေးရဲ့တခြားကျန်းမာရေးအကျိုးကျေးဇူးများ

သန္ဓေတားဆေးတွေက ကိုယ်ဝန်မရအောင်တားပေးနိုင်တယ်လို့ သိထားကြပြီးဖြစ်ပါတယ်။ ထိုးဆေးနဲ့သောက်ဆေးရှိကြတဲ့အထဲမှာသောက်ဆေးတွေက တခြားကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေနိုင်သေးတယ်ဆိုတာ သင်သိရဲ့လား။ ကဲ .... သန္ဓေတားဆေးရဲ့တခြားကျန်းမာရေးအကျိုးကျေးဇူးများ အကြောင်းကို လေ့လာလိုက်ရအောင်နော်။ သန္ဓေတားခြင်းထက် ကုသရေးလိုမျိုး တခြားအကြောင်းရင်းတွေအတွက်လည်း သန္ဓေတားဆေးတွေကို အသုံးပြုကြပါတယ်။ ဒါဆို စိတ်ချလုံခြုံရတဲ့လိင်ဆက်ဆံမှုအတွက် အပြင် သန္ဓေတားဆေးကို ဘာလို့သောက်ကြတာလဲ။ သန္ဓေတားဆေးရဲ့တခြားကျန်းမာရေးအကျိုးကျေးဇူးများ အဓိကအားဖြင့် အက်စထရိုဂျင်နဲ့ ပရိုတက်စတင်ဟော်မုန်းတွေပါဝင်တဲ့ နှစ်မျိုးစပ်သောက်ဆေးနဲ့ ဟော်မုန်းတစ်မျိုးတည်းပါတဲ့ ပရိုဂျက်စတင်သီးသန့်သောက်ဆေး ဆိုပြီးသန္ဓေတားဆေးအမျိုးအစားနှစ်မျိုးရှိပါတယ်။ သန္ဓေတားဆေးတွေက အမျိုးသမီးရဲ့သားဥအိမ်ကနေ မမျိုးဥထွက်မလာအောင် တားဆီးပေးတာဖြစ်ပြီး သားအိမ်နံရံကအကျိအချွဲတွေကို ထူစေတဲ့နည်းနဲ့ ကိုယ်ဝန်မရအောင် ကာကွယ်ပေးပါတယ်။ ဓမ္မတာလာချိန်နာကျင်ကိုက်ခဲမှုသက်သာစေဖို့ ဆရာဝန်ဆေးညွှန်းပေးတာရှိသလို ရာသီသွေးပေါ်ချိန်မှန်စေဖို့လည်းသုံးကြပါတယ်။ တားဆေးမှာ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေလို့ပါ။ပေါင်းစပ်သန္ဓေတားဆေးနဲ့ ပရိုဂျက်စတင်သန္ဓေတားဆေးနှစ်မျိုးလုံးက ရာသီလာစဉ်နာကျင်ကိုက်ခဲမှုတွေကိုလျော့ပါးစေပြီးသွေးဆင်းများခြင်းကို ထိန်းပေးနိုင်သလို သားအိမ်ပြင်ပသန္ဓေတည်ခြင်း(ectopic pregnancy)ဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။ ဒါ့အပြင် - ဝက်ခြံ အရိုးပါးခြင်း ရင်သားနဲ့သားအိမ်အတွင်းအကျိတ်ဖြစ်ခြင်း မျိုးဥအိမ်ကင်ဆာ သားအိမ်၊သားဥပြွန်၊မျိုးဥအိမ်တို့မှာပြင်းထန်တဲ့ရောဂါပိုးဝင်ခြင်း သံဓါတ်အားနည်းခြင်း(သွေးအားနည်းခြင်း) PMS ( ရာသီမလာခင် ခံစားရတဲ့လက္ခဏာများ) ကို […]


သားဆက်ခြားခြင်း

အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ်

အဆင်သင့် မဖြစ်သေးခင်မှာ ကိုယ်ဝန် မရရှိစေဖို့အတွက် သန္ဓေတားနည်း အမျိုးမျိုးကို အသုံးပြုပြီး သန္ဓေတားလို့ ရပါတယ်။ သန္ဓေတားခြင်းက မိသားစုစီမံကိန်းချခြင်းနဲ့ မိသားစုတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာအဆင်ပြေနေဖို့အတွက် အထူးအရေးကြီးပါတယ်။ သန္ဓေတားနည်းတွေမှာ ကွန်ဒုံး၊ IUD သားအိမ်တွင်းထည့်ပစ္စည်း၊ လက်မောင်းအောက်ထည့်တဲ့ပိုက်၊ ထိုးဆေး၊ သန္ဓေတားသောက်ဆေးတွေ၊ ရက်ရှောင်နည်း၊ အမျိုးသား သားကြောဖြတ်ခြင်း နဲ့ အမျိုးသမီးသားကြောဖြတ်တဲ့ နည်းလမ်းတွေ အပါအဝင် နည်းလမ်းအမျိုးမျိုးကို သုံးပြီး သန္ဓေတားလို့ ရပါတယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ကိုယ်စီရှိတဲ့ သန္ဓေတားနည်းပေါင်း များစွာရှိတဲ့အတွက် ကိုယ့်လိုအပ်ချက်တွေနဲ့ကိုက်ညီတာကို ရှာဖွေရတာဟာ မလွယ်ကူပါဘူး။ ဒါဟာ ဘာကြောင့် သားဖွားမီးယပ်ဆရာဝန်တွေ အကြံပြုတဲ့ဆေးကိုပဲ သုံးဖို့ ပိုလွယ်ကူရိုးရှင်းရသလဲ ဆိုတာရဲ့ အဓိကအဖြေပါပဲ။ အမျိုးသမီးတွေက နေထိုင်မှုပုံစံနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံခြင်း မတူညီကြတာကြောင့် တစ်ဦးနဲ့ […]


သားဆက်ခြားခြင်း

အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ

အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ ရှိနေပါတယ်။ ဗဟုသုတအနေနဲ့ သိရှိနိုင်အောင် လေ့လာလိုက်ပါ။ အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ ကတော့ အရေးပေါ်သန္ဓေတားနည်းဆိုတာဘာလဲ အရေးပေါ်သန္ဓေတားနည်းဆိုတာ လိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်ရမသွားစေဖို့ အသုံးပြုနိုင်တဲ့ သားဆက်ခြားနည်းလမ်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို ၅ ရက်အတွင်းအသုံးပြုလို့ရတယ်လို့ အကြံပြုထားပေမယ့် လိင်ဆက်ဆံပြီးမြန်မြန်အသုံးပြုနိုင်လေ ထိရောက်လေဖြစ်ပါတယ်။ ဘယ်သူတွေအသုံးပြုနိုင်သလဲ၊ ဘယ်လိုအခြေအနေမျိုးမှာသုံးကြသလဲ ပျမ်းမျှအားဖြင့် အသက် ၁၅ နှစ်အရွယ်ကနေ ၄၄ နှစ်အတွင်းအမျိုးသမီးတွေ ကိုယ်ဝန်မရအောင်တားလိုတဲ့အခါ သုံးကြပါတယ်။ အရေးပေါ်သားဆက်ခြားနည်းကိုအသုံးပြုဖို့ အသက်ကန့်သတ်ချက်မရှိပါဘူး။ အရေးပေါ်သန္ဓေတားနည်းတွေကို လိင်ဆက်ဆံပြီးနောက် အခြေအနေအမျိုးမျိုးမှာ အသုံးပြုကြပါတယ် - သန္ဓေတားဆေးမသုံးထားခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊ ပုံမှန်သားဆက်ခြားနည်းလမ်းတွေမှာ အမှားအယွင်း သို့မဟုတ် ချွတ်ယွင်းမှုရှိတဲ့အခါမျိုး၊ ကွန်ဒုံးပေါက်ပြဲခြင်း၊ ချော်ထွက်ခြင်း၊အသုံးပြုပုံမမှန်ကန်ခြင်း၊ သန္ဓေတားသောက်ဆေးတွေကို သောက်သုံးဖို့ ၃ ရက်နဲ့အထက် ရက်ကျော်ခြင်း၊ သားအိမ်ဝအဖုံး(diaphragm )သို့မဟုတ် သားအိမ်ဝအပိတ် (cervical cap) အနေအထားမမှန်ခြင်း၊ ပျက်စီးခြင်း၊ပေါက်ပြဲခြင်း၊ ထွက်ကျခြင်း(expulsion) […]


သားဆက်ခြားခြင်း

သဘာဝနည်းအတိုင်း သားဆက်ခြားမယ်

ဒီနည်းလမ်းတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ သဘာဝ လုပ်ငန်းဆောင်တာတွေအပေါ်မူတည်ပြီး လတစ်လရဲ့ ဘယ်ရက်တွေဟာ ကိုယ်ဝန်ရနိုင်ချေ အများဆုံးလဲဆိုတာကို ဆုံးဖြတ်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒါကို သဘာဝနည်းအတိုင်း သားဆက်ခြားခြင်းလို့လည်း ခေါ်ပါသေးတယ်။ ရက်ရှောင်နည်း၊ ခန္ဓာကိုယ်ရဲ့ အနည်းဆုံးအပူချိန်၊ သားအိမ်ခေါင်းအကျိအချွဲပေါ်မူတည်တဲ့ နည်း အစရှိတာတွေကို ပေါင်းစပ်အသုံးပြုပြီး သင့်ခန္ဓာကိုယ်ဟာ ဘယ်အချိန်တွေမှာ မျိုးအောင်နိုင်ချေ အများဆုံးလဲဆိုတာကို သိရှိစေပါတယ်။   ရက်ရှောင်နည်း (ပြက္ခဒိန်တွက်နည်း) သင့်ခန္ဓာကိုယ်ရဲ့ သားဥကြွေချိန်နဲ့ မျိုးအောင်နိုင်တဲ့အချိန်တွေကို သိရှိမယ်ဆိုရင် အဆိုပါ အချိန်တွေမှာ လိင်ဆက်ဆံမှုကို ရှောင်ရှားခြင်း ဒါမှမဟုတ် အကာအကွယ်သုံးပြီး လိင်ဆက်ဆံခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံးလုပ်ရမယ့်အချက်က သင့်ရာသီစက်ဝန်းအကြောင်း တိတိပပသိရှိရမှာဖြစ်ပြီး မျိုးအောင်နိုင်မယ့်ရက်တွေ၊ ကိုယ်ဝန်မရနိုင်မယ့် ရက်တွေကို သိထားဖို့ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ရာသီစက်ဝန်းဟာ ၂၂ရက်ကနေ ၃၅ရက် အတွင်း ကြာမြင့်တတ်ပါတယ်။ သင့်ရာသီစက်ဝန်းကို ခန့်မှန်းတွက်ချက်နိုင်ဖို့အတွက် ပုံမှန်ဓမ္မတာစက်ဝန်းမှာ ဖြစ်ပေါ်လေ့ရှိတဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)