သားအိမ်တွင်းထည့်ပစ္စည်း IUD ဆိုတာက သေးငယ်တဲ့ ပလပ်စတစ်ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ သားအိမ်တွင်းထည့် ပစ္စည်းမှာ ဟော်မုန်းပါတာနဲ့ မပါတာ (ကြေးနီ) ဆိုပြီး နှစ်မျိုး ရှိပါတယ်။
ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့် ပစ္စည်းတွေက levonorgestrel ဟော်မုန်းကို ထုတ်ပေးပြီး သားဥကြွေခြင်းကို တားမြစ်ပါတယ်။
သားအိမ်တွင်းထည့်ပစ္စည်းရဲ့ ထိရောက်မှုက ၉၉ရာခိုင်နှုန်းကျော်ရှိတာကြောင့် ကိုယ်ဝန် မလိုချင်သေးတဲ့သူတွေအတွက် အလွန် စိတ်ချရပါတယ်။
သားအိမ်တွင်းထည့်ပစ္စည်းထည့်တဲ့ အခါ တတ်သိနားလည်တဲ့ ဆရာဝန်နဲ့သွားရောက်ပြသပြီးထည့်ရမှာပါ။ သားအိမ်တွင်းထည့် ပစ္စည်းကို ၅ နှစ်ကနေ ၁၀ နှစ်လောက်အထိထည့်ထားလို့ ရပါတယ်။ သားအိမ်တွင်းထည့်ပစ္စည်း ထည့်ထားမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေက ၁ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ကြေးနီပါတဲ့ ပစ္စည်းတွေက ရာသီလာစဉ်မှာ သားအိမ်ကြွက်သားတွေ ပုံမှန်ထက်နာကျင်တာမျိုးတွေ၊ သွေးဆင်းများတာမျိုးတွေ ရှိနိုင်ပါတယ်။
ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်ပစ္စည်းက ရာသီစက်ဝန်းရပ်တန့်သွားတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီဆိုးကျိုးတွေဟာ အလွယ်တကူဖြေရှင်းလို့ရပါတယ်။
သားဖွားမီးယပ်ဆရာဝန်က လက်မောင်းနေရာကို ထုံဆေးပေးပြီး မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းကို လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးပါတယ်။ လက်မောင်းထဲ ထည့်သွင်းသော ပစ္စည်းဟာ ကိုယ်ဝန်ရရှိမှုကို ၉၉ ရာခိုင်နှုန်းထက်ပိုမို ကာကွယ်ပေးပြီး သုံးနှစ်၊ ငါးနှစ်အထိ အသုံးပြုနိုင်ပါတယ်။
ထိရောက်တဲ့ သန္ဓေတားနည်းတွေထဲက တစ်ခုပါ။ ဒါပေမယ့် စရိတ်စကတော့ အနည်းငယ်များပါတယ်။ ဒါပေမယ့် တစ်ခါထည့်ထားပြီးရင်တော့ ပြန်မထုတ်ခင်အချိန်အထိ အာနိသင်ရှိနေပြီး ကိုယ်ဝန်မရရှိအောင် တားဆီးပေးပါတယ်။
ရာသီစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အသေးစားဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ဝက်ခြံထွက်တာ၊ ရင်သားနာကျင်တာနဲ့ ကိုယ်အလေးချိန်တက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
လက်မောင်းထဲထည့်တဲ့ပစ္စည်းက ကလေးနို့တိုက်နေစဉ်ကာလအတွင်းမှာလည်း အသုံးပြုနိုင်ပြီး ဆေးလိပ်သောက်သုံးသူတွေ၊ ဆီးချိုဝေဒနာရှင်တွေပါ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ ဖယ်ထုတ်လိုက်ပြီးတာနဲ့ အချိန်တိုအတွင်းမှာ ကိုယ်ဝန်ဆောင် ပြန်ဆောင်နိုင်စေပါတယ်။
Takeaways
သန္ဓေတားတဲ့ နည်းလမ်းတွေ အများကြီးရှိတဲ့ထဲကမှ အသုံးများဆုံး နည်းလမ်းတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အမျိုးသား သုံးရော အမျိုးသမီးသုံးရော ရှိတဲ့အပြင် တချို့ နည်းလမ်းတွေက လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။ သန္ဓေတား နည်းလမ်းတွေက လူတိုင်းနဲ့ သင့်တော်တာမျိုး မဟုတ်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ရွေးချယ်ဖို့ အကြံပြုလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။