သားဆက်ခြားခြင်း

သားဆက်ခြားတာက ကိုယ်ဝန်ရရှိမှုကို ကာကွယ်ဖို့ အဓိကထား ပြုလုပ်ထားတဲ့ နည်းလမ်းတစ်ရပ်ပါ။ ဒါဆို ဘယ်လို သားဆက်ခြားနည်းတွေရှိလဲ။ ဘယ်နည်းလမ်းက အဆင်ပြေမလဲဆိုပြီး သိချင်နေပြီလား။ သားဆက်ခြားနည်းများနှင့်ပတ်သက်ပြီး သိလိုသည့် အချက်များကို ဒီနေရာတွင် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သားဆက်ခြားခြင်း

ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ

စုံတွဲတွေ အတူနေပြီးတဲ့အချိန်တိုင်း ဖြစ်တတ်တဲ့ သံသယကတော့ ကွန်ဒုံးပေါက်သွားပြီလား မသိဘူးနော်ဆိုတာပါပဲ။ ကိုယ်ဝန်မလိုချင်သေးတဲ့ အတွဲတွေဆို ပိုဆိုးပါတယ်။ မလိုချင်လို့ ကွန်ဒုံးသုံးကာမှ ကွန်ဒုံးပေါက်သွားလို့ ကိုယ်ဝန်ရသွားခဲ့ရင်ဆိုတဲ့ စိတ်ကြီးက ဖိစီးနေမှာပါ။ ဒီတော့ ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ။ စမ်းကြည့်လို့ရော ရမလားဆိုတာကို ပြောပြပေးပါမယ်။ ကွန်ဒုံးပေါက်နိုင်ခြေများတဲ့ အခြေအနေတွေက ဘာတွေလဲ ကွန်ဒုံးက မသုံးရသေးခင်မှာလည်း ပေါက်နိုင်သလို သုံးပြီးချိန်မှာလည်း ‌ပေါက်နိုင်ပါတယ်။ မသုံးရသေးခင်မှာ ပေါက်နိုင်တဲ့ အခြေအနေတွေကတော့ ရက်လွန်နေတဲ့ ကွန်ဒုံးကို သုံးတာ ကွန်ဒုံးကို ပိုက်ဆံအိတ်လိုမျိုး ပြဲလွယ်တဲ့ နေရာတွေမှာ သိမ်းဆည်းတာ နေရောင်တိုက်ရိုက်ကျတဲ့နေရာတွေ၊ ပူလွန်းတဲ့နေရာတွေမှာ သိမ်းဆည်းတာ ကွန်ဒုံးကို ပါးစပ်နဲ့ ကိုက်ဖောက်တာ၊ ကပ်ကြေးနဲ့ ကိုက်ဖောက်တာတွေကြောင့် မသုံးရသေးခင်မှာ ပေါက်နေတတ်ပါတယ်။ သုံးပြီးချိန်မှာ ပေါက်တာတွေကတော့ ကိုယ်သုံးတဲ့ ပုံစံ မမှန်လို့ပါ။ ဥပမာ ကွန်ဒုံးကို ပြောင်းပြန်စွပ်တာ […]

သားဆက်ခြားခြင်း ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

ဆယ်ကျော်သက်များအတွက် အကောင်းဆုံး သားဆက်ခြားနည်း

သင့် ဆယ်ကျော်သက်ကလေး နဲ့ အတူထိုင်ပြီး စိတ်ချရသော ဆက်ဆံရေးနှင့် သားဆက်ခြားနည်းလမ်းများအကြောင်းကို ဆွေးနွေးဖို့ ဝန်မလေးပါနဲ့။ အရေးပေါ်တားဆေးနှင့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများကို ကာကွယ်ဖို့ ကွန်ဒုံးအသုံးပြုမှုကိုလည်း ပြောပြဖို့ မမေ့ပါနဲ့။ ထိုဆွေးနွေးမှုသည် လွယ်ကူမည်မဟုတ်မှာ အသေအချာပါပဲ။ သို့သော် ထိုကိစ္စသည် သူတို့ ဘ၀ အတွက် အလွန်အရေးကြီးပါသည်။ လိင်ဆက်ဆံမှုကို ရှောင်ခြင်း ။ ။မအောင်မြင်သောနှုန်း - သုည ရာခိုင်နှုန်း ဤနည်းသည် ကိုယ်ဝန် နှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ (ဥပမာ ။ ။ Human papilloma ဗိုင်းရပ်စ်)ကို ရှောင်ရှားဖု့ိ အသေချာဆုံး နည်းလမ်းဖြစ်သည်။ Human papilloma ဗိုင်းရပ်စ် ပုံစံအချို့သည် သားအိမ်ခေါင်းကင်ဆာနှင့် ဆက်နွယ်နေသည်။ ကိုယ်ဝန်တားဆေး သောက်ဆေး ။ ။မအောင်မြင်သောနှုန်း- ၉ […]


သားဆက်ခြားခြင်း

မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ

သင်သည် အမျိုးသမီးဆိုပါက အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ်ဝန်တားသည့် နည်းလမ်းများကို သိရှိထားသင့်ပါသည်။ ကိုယ်ဝန်တားနည်းများသည် မှန်းခြေအားဖြင့် ၁၅ နည်းခန့်ရှိသည့်အနက် မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်း နည်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်း ဆိုတာ မိန်းမကိုယ်ထဲသို့ အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်း ဟော်မုန်းများပါဝင်သော ပလတ်စတစ်ကွင်းအကြည်ရောင်လေးကို ထည့်ထားခြင်းဖြင့် မျိုးဥကြွေခြင်းကို တားပေးခြင်းဖြစ်ပါသည်။ ထို့ပြင် သားအိမ်နံရံများ ပါးလာစေခြင်း၊ မိန်းမကိုယ်ချွဲမြှေးများ ထူပျစ်လာခြင်း အချက်များကြောင့် သုက်ကောင်သည် မျိုးဥနှင့် ထိတွေ့မှု နှောင့်နှေးစေခြင်းတို့ဖြစ်ပြီး ကိုယ်ဝန်ကို တားပေးခြင်းဖြစ်ပါသည်။ မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ၃ပတ်ကြာအထိ ဟော်မုန်းများအလုပ်လုပ်မည်ဖြစ်ပါသည်။ ထိုကွင်းကို မိန်းမကိုယ်ထဲသို့ ၃ ပတ်ကြာအောင် ထည့်ထားရမည်ဖြစ်ပါသည်။ ထိုအခါ […]


သားဆက်ခြားခြင်း

အမျိုးသမီးများတွင် သားကြောဖြတ်ခြင်းနှင့် အမျိုးသားများတွင် သားကြောဖြတ်ခြင်း

သားကြောဖြတ်ခြင်းဆိုတာ ဘာလဲ။ သားကြောဖြတ်ခြင်းသည် အချိန်ကြာမြင့်စွာ ထိရောက်သည့် ကိုယ်ဝန်တားနည်းဖြစ်သည့်အပြင် နောက်ဆက်တွဲဆိုးကျိုးများကို နည်းစေသော နည်းလည်းဖြစ်ပါသည်။ သို့သော် သားကြောဖြတ်ပြီးလျှင် ကလေးပြန်ရအောင် ပြန်လည်ပြုလုပ်ရန် အလွန်ပင် ခက်ခဲသောကြောင့် မပြုလုပ်မီက သေချာအောင် ဆုံးဖြတ်ချက်ချသင့်ပါသည်။ သားကြောဖြတ်ခြင်းကို အမျိုးသမီးများနှင့် အမျိုးသားများတွင် အသက်အရွယ်အရွေးပြုလုပ်နိုင်ပါသည်။ သို့သော် မတူညီသောရုပ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် ပြုလုပ်သည့်နည်းများလည်း တူညီမှုမရှိနိုင်ပါ။ အမျိုးသားများတွင် သားကြောဖြတ်ခြင်း · သုတ်လွှတ်ပြွန်ကို ဖြတ်ခြင်း၊ ချည်ခြင်း အမျိုးသာများတွင် သုတ်ကောင်များသည် လိင်တံနှင့် ကပ်ပယ်အိတ်ကို ဆက်ထားသော သုတ်လွှတ်ပြွန်မှတဆင့် အပြင်သို့ထွက်ခြင်းဖြစ်သည်။ အဆိုပါသုတ်လွှတ်ပြွန်ကို ဖြတ်ခြင်း၊ချည်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် သုတ်လွှတ်ချိန်တွင် သုတ်ကောင်များ ပါမလာတော့ပါ။ သို့သော် သုတ်ရည်ပမာဏ နည်းသွားခြင်းမျိုးမဟုတ်ဘဲ သုတ်ရည်တွင် သုတ်ကောင်များ ပါမလာတော့ခြင်းမျိုးသာဖြစ်ပါသည်။ အမျိုးသမီးများတွင် သားကြောဖြတ်ခြင်း အမျိုးသမီးများတွင် သားဥပြွန်ကို ဖြတ်ခြင်း၊ ချည်ခြင်း၊ မီးတို့ခြင်းဖြင့် မျိုးဥအိမ်မှထွက်သော ဥများကို သားအိမ်င်္ဆီသို့ […]


သားဆက်ခြားခြင်း

ကျွန်မ လစဉ်သုံးသန္ဓေတားဆေး သောက်ဖို့မေ့သွားရင် ဘာဆက်လုပ်ရမလဲ

သင် လစဉ်သုံးသန္ဓေတားဆေး သောက်ဖို့မေ့သွားရင် သတိရတဲ့ အချိန်မှာ ချက်ခြင်း ပြန်သောက်ပါ။ နောက်နေ့အထိ မေ့သွားရင် သတိရရခြင်းပဲ မေ့သွားတဲ့ ဆေးလုံးကို သောက်ပါ။ ပြီးရင် အဲ့နေ့ သောက်ရမယ့် ဆေးကို သောက်ပါ။၂ ရက်လောက် ဆေးသောက်ဖို့ မေ့သွားရင် သတိရတဲ့ ရက်မှာ မေ့သွားတဲ့ ဆေးလုံးကိုသောက်ပါ။ ပြီးရင် အဲ့နေ့ သောက်ရမယ့် ဆေးကို သောက်ပါ။  ရှေ့၂ရက်မေ့လို့ ၃လုံးသောက်စရာ မလိုပါ။ ဒါပေမယ့် ပြီးရင်တော့ ၇ရက်တိတိ ရက်ရှောင်တာ ဒါမှမဟုတ် အတူနေမယ်ဆို ကွန်ဒုံးသုံးပေးပါ။ ၂ ရက်ကျော်ပြီးမှ သတိရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားတွေ့ဖိုလိုလာပါပြီ။ သင်အနေနဲ့ တစ်နေ့တစ်ခါ ဆေးကို တစ်ပတ်အထိ ပုံမှန်သောက်ဖို့ လိုအပ်သလို ဆေးပတ်လည်အောင် ပြန်လည်မှီဝဲဖို့ လိုပါလိမ့်မယ်။ ဒါမှမဟုတ် […]


သားဆက်ခြားခြင်း

အမြဲတမ်း သန္ဓေတားခြင်း နည်းလမ်းတွေကို ယောက်ျားလေးလုပ်သင့်သလား၊ မိန်းကလေးလုပ်သင့်သလား

အိမ်ထောင်သက် ၃ နှစ်လောက်ကြာအပြီးမှာ အလန်ဇန်ဒရာပေါလ် နဲ့ သူမရဲ့ခင်ပွန်း အန် တို့ဟာ သန္ဓေတားဆေးတွေကို ငြီးငွေ့လာပါပြီ။ ဒါကြောင့် သူတို့ ဇနီးမောင်နှံ ၂ ဦး ပိုကောင်းတဲ့ သန္ဓေတားနည်းမျိုးရှိလားဆိုတာကို စုံစမ်းခဲ့ကြပါတယ်။ ပေါလ်ကိုယ်တိုင်ကလည်း သန္ဓေတားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကြောက်လာတာကြောင့် diaphragm လို့ခေါ်တဲ့ သားအိမ်အတွင်းသို့ သုက် မဝင်အောင်သုံးသော ရော်ဘာ (သို့) ပလတ်စတစ်ပစ္စည်း ကိုပြောင်းသုံးကြည့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ diaphragm မှာလိမ်းထားတဲ့ သန္ဓေမရအောင် တားဆီးပေးတဲ့ ဂျယ်လ်တွေကြောင့် သူမ ကူးစက်ရောဂါတွေကို ခံစားရခဲ့တဲ့နောက်မှာ diaphragm လည်း အဆင်မပြေဘူးဆိုကာ ဒါကို ဆက်မသုံးတော့ပါဘူး။ ဒါပေမဲ့ သန္ဓေတားနည်းမရှိတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ သူတို့အတွက် ပျော်ရွှင်အမှု အတိပြည့်ဝနေတဲ့ အိမ်ထောင်ရေးတော့ မဟုတ်ခဲ့ပါဘူး။ သူတို့ […]


သားဆက်ခြားခြင်း

တစ်ခါသုံးသန္ဓေတားဆေးတွေ သုံးရင် ဝလာနိုင်သလား

တစ်ခါသုံးသန္ဓေတားဆေးတွေ သုံးရင် ဝလာနိုင်သလား တစ်ခါသုံး သန္ဓေတားဆေးတွေက ဝလာစေနိုင်သလားဆိုတဲ့ မေးခွန်းတွေက ဒီဆေးဝါးကို သုံးစွဲကြတဲ့သူတော်တော်များများ မေးလေ့ရှိတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကို ဖြေရမယ်ဆိုရင်တော့ တစ်ခါသုံးသန္ဓေတားဆေးတွေ သုံးလို့ ဝလာတဲ့ မိန်းကလေး အရည်အတွက် ဟာ ရှားပါတယ်။ ဒါပေမဲ့ တစ်ချို့သော မိန်းကလေးတစ်ချို့ကတော့ တစ်ခါသုံးသန္ဓေတားဆေးကို စတင်သုံးစွဲတဲ့အခါ ဝလာကြောင်းပြောဆိုကြပါတယ်။ ဒါဟာ ခန္ဓါကိုယ်တွင်း အရည်ဓါတ်တစ်ချို့ကို ထိန်းသိမ်းထားရတာကြောင့် (fluid retention) ဖြစ်တဲ့ယာယီ Side effect ဘေးထွက်ဆိုးကျိုးတစ်ခုမျှသာ ဖြစ်ပြီး အဆီပိုတွေ မဟုတ်ပါဘူး။ စစ်တမ်းပေါင်း ၄၄ ခုရဲ့ လေ့လာချက်အရ တစ်ခါသုံးသန္ဓေတားဆေးတွေသုံးလို့ ဝလာတယ်ဆိုတဲ့ သက်သေအထောက်အထားမရှိဘူးလို့သိရပါတယ်။ ဒါပေမဲ့ တစ်ခါသုံးသန္ဓေတားဆေးတွေရဲ့ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်မယ်ဆိုရင်တော့ မိန်းကလေးတွေဟာ အနည်းငယ်ပိုမိုဝလာနိုင်ပြီး ၂ လ ကနေ […]


သားဆက်ခြားခြင်း

ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ

ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ သန္ဓေတားဖို့အတွက် နည်းမျိုးစုံသုံးပြီး ကြိုးစားခဲ့ကြပါတယ်။ သူတို့သုံးခဲ့တဲ့ ပစ္စည်းတွေထဲမှာ တိရစ္ဆာန် အညစ်အကြေးတွေ၊ အဆိပ်ရည်တွေ၊ ရှောက်သံပုရာမျိုးနွယ်ဝင်အသီးတွေက စလို့ သစ်သားအတုံးတွေ အထိပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်ဆေးပညာက သန္ဓေသားနည်းတွေကို မတီထွင်ရသေးတဲ့ အချိန်တုန်းက လူသားတွေဟာ ပုံမှန်မဟုတ်တဲ့ သန္ဓေသားနည်းမျိုးစုံကို အသုံးပြုခဲ့ရတာပါ။ ဒါကြောင့် မျက်မှောက်ခေတ်မှာ ခေတ်မှီဆေးဝါးအစုံအလင် အသုံးပြုခွင့်ရတာ ဟာ တော်တော်ကံကောင်းတယ်လို့ ဆိုရမှာပါ။   ၁။ သံအတွင်းခံ chastity belt ဆိုတာကိုကြားဖူးကြလား။ chastity ဆိုတာ ဗြဟ္မစရိယကျင့်ခြင်းလို့ အဓိပ္ပါယ်ရပြီး အလယ်ခေတ်ကအမျိုးသမီးတွေ သူမရဲ့ခင်ပွန်းဖြစ်သူကလွဲပြီး တခြားသူနဲ့ လိင်ဆက်ဆံလို့ မရအောင် ဝတ်ကြတဲ့ ခါးပတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီသံခါးပတ်တွေဟာ အလယ်ခေတ်ကာလလောက်က ညှင်းပန်းနှိပ်စက်တဲ့ နေရာတွေမှာလည်း သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်းက […]


သားဆက်ခြားခြင်း

ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ

အမျိုးသမီးတွေရဲ့ သမိုင်းပေးတာဝန်တွေထဲမှာ ကလေးမွေးဖွားတာနဲ့ ကလေးကို ပြုစုပျိုးထောင်ပေးရတာလည်း အပါအဝင်ပါပဲ။ ကလေးကို ပျိုးထောင်တဲ့နေရာမှာလည်း ကလေးတစ်ယောက်ကို သေသေချာချာပျိုးထောင်ပေးဖို့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ၂ နှစ်တန်သည် ၃ နှစ်တန်သည်လောက်ခြားဖို့ လိုအပ်တဲ့အတွက် သားဆက်ခြားဖို့ မဖြစ်မနေဆောင်ရွက်သင့်ပါတယ်။ ဒီတော့ စဉ်းစားရမှာက ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ ဆိုတာပေါ့။ အခုတစ်ခေါက်တော့ ကလေးမွေးဖွားပြီးတဲ့ မိခင်အသစ်စက်စက်လေးတွေအတွက် ဘယ်သားဆက်ခြားနည်းက အသင့်တော် ဆုံးဖြစ်မလဲ ဆိုတာကိုပြောပြချင်ပါတယ်။ ကလေးမွေးထားပြီး ကလေးနို့တိုက်နေချိန်မှာလည်း ကလေးရနိုင်ခြေရှိပါတယ်။ ဒါကြောင့် ကလေးမွေးဖွားပြီးတဲ့ မိခင်တွေအနေနဲ့ သင့်တော်တဲ့သားဆက်ခြားနည်းကို သေသေချာချာရွေးချယ်ဖို့လိုပါမယ်။ ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကိုအသုံးပြုမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ကလေးမွေးပြီးပြီးချင်း သားဆက်ခြားနည်းသုံးဖို့လိုမလား ကလေးမွေးပြီး ၃ပတ်လောက်နေရင် ကလေးရနိုင်ခြေ ရှိလာပါပြီ၊၊ ကလေးနို့တိုက်တာပဲ၊ ရာသီမလာသေးဘူးလေဆိုရင်တောင် ကလေးရနိုင်ခြေ ရှိနေတယ်ဆိုတာကို သိထားရပါမယ်၊၊ ဒါကြောင့် […]


သားဆက်ခြားခြင်း

IUD နဲ့ပတ်သက်တဲ့ အယူအဆအမှားများ

မရေရာတဲ့သတင်းတွေ အတည်မပြုနိုင်တဲ့ အကြောင်းအရာတွေက လူတစ်ယောက်စကား တစ်ယောက်နားကနေ တဆင့်တဆင့် ပြန့်နှံ့သွားပြီး သေချာခိုင်မာတဲ့အကြောင်းအရာကြီးလိုဖြစ်နေတာကို ကိုယ့်အနီးဝန်းကျင်မှာ ကြုံဖူးကြမှာပေါ့။ ဒီလိုအစချီရတာက IUD နဲ့ပတ်သက်ပြီး စာဖတ်သူတွေအကြားမှာဖြစ်နေတဲ့ အချို့အကြောင်းအရာတွေက မှားနေတယ်ဆိုတာကို ပြောပြချင်လို့ပါ။ IUD နဲ့ပတ်သက်တဲ့ အယူအဆအမှားများ ၊ မရေရာတဲ့အကြောင်းအရာများ အများအပြားရှိနေပါတယ်။ သိထားတဲ့အကြောင်းအရာတွေက မှန်ရဲ့လားဆိုကို ဆန်းစစ်ကြည့်ရအောင်။ IUD နဲ့ပတ်သက်တဲ့ အယူအဆအမှားများ IUD နဲ့ပတ်သက်တဲ့ အယူအဆအမှားများ အကြောင်း မပြောခင် အရင်ဆုံး မေးချင်တာက ဒါမျိုးတွေကြားဖူးလား ဆိုတာပါ။ ကြားဖူးထားရင်လည်း အယူအဆအမှားတွေမို့လို့ မေ့ဖျောက်လိုက်ပါလို့ပြောပါရစေ။ ဘာတွေလည်းသိရအောင် ဆက်ကြည့်လိုက်ကြပါစို့။ (၁) IUD ကအန္တရာယ်များတယ်။ ကူးစက်ရောဂါတွေဖြစ်စေနိုင်သလို မျိုးမအောင်တာမျိုးဖြစ်စေနိုင်ပါတယ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကလုပ်ဆောင်ခဲ့တဲ့လေ့လာမှုအရ IUD ကိုအသုံးပြုတဲ့ အမျိုးသမီးတွေက အခြားသန္ဓေတားနည်းကို အသုံးပြုတဲ့အမျိုးသမီးတွေထက် ပိုးဝင်ကူးစက်တာတွေ၊ မျိုးမအောင်တာမျိုး တွေဖြစ်နိုင်ခြေတိုးစေနိုင်တာကိုမတွေ့ရပါဘူး။ (၂) IUD […]


သားဆက်ခြားခြင်း

အရေးပေါ်သန္ဓေတားဆေးကို သောက်ပါများရင် ဘေးကင်းပါ့မလား

အရေးပေါ်သန္ဓေတားဆေးကို သောက်ပါများရင် ဘေးကင်းပါ့မလား .........  အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ ကိုယ်ဝန်မရစေဖို့ အရေးပေါ်သုံးစွဲကြတဲ့ သားဆက်ခြားသောက်ဆေးဖြစ်ပါတယ်။ သုံးစွဲရလွယ်ကူတဲ့အတွက် ပုံမှန်သားဆက်ခြားဆေးတွေ၊ နည်းလမ်းတွေကို မသုံးတော့ဘဲ ဒီဆေးကိုပဲ လိင်ဆက်ဆံပြီးတိုင်းသောက်နေကြသူတွေရှိလာပါတယ်။ အရေးပေါ်တားဆေးကို ဘယ်အချိန်မှာ သောက်သင့်သလဲ။ အရေးပေါ်သန္ဓေတားဆေးတွေကို လိင်ဆက်ဆံပြီးနောက် အခြေအနေအမျိုးမျိုးမှာ အသုံးပြုကြပါတယ် – သန္ဓေတားဆေး မသုံးထားခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊ ပုံမှန်သားဆက်ခြားနည်းလမ်းတွေမှာ အမှားအယွင်း သို့မဟုတ် ချွတ်ယွင်းမှု ရှိခြင်း (ဥပမာ ဆေးသောက်ဖို့ မေ့သွားတာ)၊ ကွန်ဒုံးပေါက်ပြဲခြင်း၊ ချော်ထွက်ခြင်း၊ အသုံးပြုပုံ မမှန်ကန်ခြင်း၊ သန္ဓေတား သောက်ဆေးတွေကို သောက်သုံးဖို့ ရက်ကျော်ခြင်း၊ သားအိမ်ဝ အဖုံး(diaphragm) သို့မဟုတ် သားအိမ်ဝအပိတ် (cervical cap) အနေအထားမမှန်ခြင်း၊ ပျက်စီးခြင်း၊ ပေါက်ပြဲခြင်း၊ ထွက်ကျခြင်း ရက်တွက် သန္ဓေတားနည်းမှာ ရက်အတွက် မှားခြင်း၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)