backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဖုန်မှုန့်တွေရှူမိတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဖုန်မှုန့်တွေရှူမိတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ

ဘယ်နေရာမှာပဲ နေနေ ဖုန်တွေကတော့ အမြဲရှိနေတတ်ပါတယ်။ သဘာဝတရားအရ ဖုန်ဆိုတာ မြေကြီးတွေ၊ သဲတွေနဲ့ ကျောက်တောင်တွေ တိုက်စားမှုကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

တောရိုင်းတိရိစ္ဆာန်တွေကလည်း လေထဲဖုန်တွေကိုဖြစ်စေပြီး ပန်းဝတ်မှုန်တွေ၊ အလွန်သေးငယ်တဲ့ သတ္ထဝါလေးတွေနဲ့ အပင်ပစ္စည်းတွေဟာလည်း ပတ်ဝန်းကျင်မှာ ဖုန်ဖြစ်စေရခြင်းရဲ့ အကြောင်းတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

မြို့ပြတွေမှာ စက်ရုံအလုပ်ရုံတွေ၊ ပန်းခြံတွေ၊ ကားတွေ၊ အစရှိတာတွေဟာ ဖုန်ရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။

ဖုန်မှုန့်များ

ဖုန်ဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိတာကြောင့် ဖုန်မှုန့်အမျိုးအစားလည်း အများကြီးရှိပါတယ်။ ဖုန်မှုန့်တွေဟာ သေးငယ်လေလေ မမြင်ရလေလေပဲဖြစ်ပါတယ်။ သေးငယ်တဲ့ ဖုန်မှုန့်တွေဟာ လေထဲမှာ အချိန်အကြာကြီးနေနိုင်ပြီးတော့ ခရီးလည်း အဝေးကြီး သွားနိုင်ပါတယ်။

• ကြီးမားတဲ့ ဖုန်မှုန့်တွေဟာ မျက်စိနဲ့မြင်နိုင်တဲ့ အချိန်ကြာရင် ဖြစ်ပေါ်လာတဲ့ ကားပေါ်က၊ ပရိဘောဂတွေပေါ်က အရာတွေပဲဖြစ်ပါတယ်။ ကိုယ်ခန္ဓါဟာ ဒီအရာတွေကို အသက်ရှူလိုက်တဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ထဲမှာ ပိတ်မိနေစေပြီးတော့ ကိုယ်ခန္ဓါထဲမှာ သိမ်းထားတတ်ပါတယ်။ တကယ်တော့ ဒီဖုန်မှုန့်တွေကို မတော်တဆ မြိုချလိုက်ရင်တောင်မှ သူတို့ဟာ ဘေးအန္တရာယ်မဖြစ်စေပဲ အလွယ်တကူ ရှူရှိုက်နိုင်ပါတယ်။

• သေးငယ်တဲ့ ဖုန်မှုန့်လေးတွေကတော့ ပိုပြီး အန္တရာယ်ရှိပါတယ်။ သူတို့ဟာ အဆုတ်ထဲကို ဝင်သွားနိုင်ပြီးတော့ အရမ်းသေးငယ်လွန်းရင် တစ်ခါတည်း သွေးကြောတွေထဲကိုပါ စုပ်ယူသွားခြင်း ခံရနိုင်ပါတယ်။

ဖုန်မှုန့်ဟာ ကျန်းမာရေးကို ဘယ်လိုအကျိုးသက်ရောက်မှု ရှိပါသလဲ။

အပေါ်မှာ ပြောသွားသလိုပဲ ဖုန်မှုန့်ဟာ အရွယ်အစားသေးငယ်လေလေ အန္တရာယ်ရှိလေလေပဲဖြစ်ပါတယ်။ အခြားစဉ်းစားရမယ့်အရာတွေကတော့ လေထဲမှာ ပါဝင်တဲ့ ဖုန်မှုန့်ပမာဏနဲ့ ဒါကို ထိတွေ့နေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာတွေပဲဖြစ်ပါတယ်။

ဖုန်မှုန့်သေးသေးလေးတွေကို ရှူမိရင်တော့

• မျက်လုံးယားယံခြင်း

• ချောင်းဆိုးခြင်း

• နှာစေခြင်း

• Hay fever

• ပန်းနာရင်ကျပ် ပိုဆိုးခြင်းတို့ ဖြစ်တတ်ပါတယ်။

ပန်းနာရင်ကျပ်၊ emphysema နဲ့ နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့တတ်တဲ့ ရောဂါရှိသူတွေဟာ ဖုန်မှုန့်အနည်းငယ် ရှူမိရုံနဲ့ အသက်ရှူတာကို ပိတ်ဆို့စေပြီး ရောဂါလက္ခဏာတွေကို ပိုဆိုးစေပါတယ်။

ဖုန်မှုန့်ဟာ ပန်းနာရင်ကျပ်ရောဂါဖြစ်စေတယ်လို့ သက်သေပြ ထားတဲ့လေ့လာမှုမရှိပေမယ့် ဒီအခြေအနေရှိတဲ့ လူအများစုက ဖုန်မှုန့်ရှူမိခြင်းဟာ သူတို့ရဲ့ အဆုတ်လုပ်ငန်းဆောင်တာကို လျော့ကျစေပြီး နာတာရှည် အဆုတ်ပြွန်ရောင်တာမျိုး၊ နှလုံးရောဂါနဲ့ အဆုတ်ရောဂါမျိုးကို ဖြစ်စေတတ်တယ်လို့ ဆိုပါတယ်။

ပန်းနာရင်ကျပ်ရောဂါဆိုတာ ဘာလဲ။

အရာတော်တော်များများဟာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်စေတတ်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ဓါတ်မတည့်တဲ့ ပစ္စည်းတွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတို့ ဖြစ်ပါတယ်။

• ပန်းနာရင်ကျပ်ရောဂါဟာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာကြောင့် ဖြစ်တဲ့ နာတာရှည် အဆုတ်ရောဂါ တစ်ခုဖြစ်ပါတယ်။

• ရောင်ရမ်းမှုကြောင့် ဖုန်မှုန့်၊ ဆေးလိပ်ငွေ့၊ တိရိစ္ဆာန် အမွှေးတွေနဲ့ လေအေးတွေကို ပိုမို ဆတ်ဆတ်ထိမခံနိုင်အောင် ဖြစ်တတ်ပါတယ်။

• အဆုတ်တွေဟာ ဒီအရာတွေနဲ့တွေ့ရင် ပန်းနာရင်ကျပ်ရောဂါ စဖြစ်ပြီး အသက်ရှူလမ်းကြောင်းဟာ တင်းကျပ်ကာ ရောင်လာတတ်ပါတယ်။ ချွဲတွေထွက်လာပြီး အသက်ရှူလမ်းကြောင်းကို ပိတ်ကာ အသက်ရှူရတာကိုလည်း ခက်ခဲစေပါတယ်။

ပန်းနာရင်ကျပ်ရောဂါကို ဘာတွေက ဖြစ်စေတာလဲ။

ဖြစ်စေတဲ့ အတိအကျ အကြောင်းရင်းကိုတော့ မသိရှိပါဘူး။ အချို့ သိပ္ပံပညာရှင်တွေက သူဟာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေ ပေါင်းစပ်ပြီး ဖြစ်တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

• မိသားစုထဲမှာ ပန်းနာရင်ကျပ်ရောဂါဖြစ်သူ တစ်ယောက်ယောက်ရှိရင် ပိုပြီး ဖြစ်နိုင်ပါတယ်။

• အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရှိရင်လည်း ပန်းနာရင်ကျပ် ပိုဖြစ်နိုင်ပါတယ်။

• ကလေးဘဝမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ခဲ့ရင်လည်း ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ပါတယ်။

• မတည့်တဲ့အရာတွေနဲ့ မကြာခဏ ထိတွေ့မှုရှိနေရင်လည်း ရောဂါပိုဖြစ်နိုင်ပါတယ်။

• ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အစားအသောက်နဲ့ မတည့်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့ခြင်း၊ ဆေးလိပ်သောက်ခြင်းတွေကလဲ ပန်းနာရင်ကျပ်ရောဂါကို နောက်ပိုင်းမှာ ဖြစ်စေနိုင်ပါတယ်။

အခြားဖြစ်စေနိုင်သော အရာများ

အခြားအရာတွေကလည်း ပန်းနာရင်ကျပ်ဖြစ်စေနိုင်ပါတယ်။

• လေကတစ်ဆင့်သယ်ဆောင်လာတဲ့ အရာများ (ဆေးလိပ်မီးခိုး၊ စက်ရုံမှ အငွေ့များ၊ ကား အိပ်ဇော၊ မြူ နဲ့ sulfur dioxide)

• အချို့ အစားအစာတွေနဲ့ ဆိုးဆေးများ

• အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

• အသက်ပိုမိုရှူခြင်း (ပြင်းပြင်းထန်ထန်၊ မြန်မြန်ရှူခြင်း)

• ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားများ၊ စိတ်ပူမှုများ၊ စိတ်ကျမှုများ၊ ကြောက်ရွံ့မှုများ

• Aspirin နဲ့ အကိုက်အခဲပျောက်ဆေးများ

ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုကာကွယ်မလဲ။

• လူတွေဆေးလိပ်သောက်တဲ့ နေရာတွေကို ရှောင်ကျဉ်ပါ။ ဆေးလိပ်ငွေ့ဟာ ပန်းနာရင်ကျပ်ရောဂါကို အဖြစ်အများဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းနဲ့ အဝတ်အစား၊ ပရိဘောဂတို့ဆီက အငွေ့တွေကပါ ရောဂါထစေပါတယ်။

• ပြင်းထန်တဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ဓါတုပစ္စည်းတွေကို ရှောင်ပါ။ ဒါဟာ ရောဂါထစေတဲ့ အမှုန်တွေပါဝင်ပါတယ်။ တကယ်လို့ သန့်ရှင်းရေး လုပ်ရမယ်ဆိုရင် မျက်နှာအုပ်နဲ့ အုပ်ပြီး မရှူမိစေဖို့ သတိထားသင့်ပါတယ်။

နာတာရှည် လေပြွန်ရောင်ခြင်း ဆိုတာဘာလဲ။

နာတာရှည်လေပြွန်ရောင်ခြင်းဟာ နှစ်လထက်ပိုမို ကြာမြင့်တဲ့ ချွဲပါပြီး ချောင်းဆိုးတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ ရောဂါပိုးဝင်ခြင်း (သို့) ယားယံခြင်းကြောင့် အသက်ရှူလမ်းကြောင်း ရောင်ရမ်းပြီး ချောင်းဆိုးချွဲကပ်ခြင်းကို ဖြစ်စေတာ ဖြစ်ပါတယ်။

နာတာရှည် လေပြွန်ရောင်ခြင်း အကြောင်းရင်းများ

လေဟာ အေးပြီး လေထဲမှာ ဓါတ်မတည့်မှုဖြစ်စေတဲ့ အရာတွေ အမြောက်အများပါဝင်တဲ့ အေးမြပြီး အအေးမိစေတဲ့ ရာသီမှာ နာတာရှည် လေပြွန်ရောင်ခြင်းဟာ အဆိုးရွားဆုံးဖြစ်ပါတယ်။ သူဟာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းမှာ ရောဂါပိုးဝင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

• ဆေးလိပ်သောက်ခြင်းဟာ နာတာရှည် လေပြွန်ရောင်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

• မတည့်တဲ့အရာတွေကို ရှူမိခြင်းဟာလည်း နာတာရှည် လေပြွန်ရောင်ခြင်းကို ဖြစ်စေတဲ့ နောက်အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

• မတည့်တဲ့ အခိုးအငွေ့တွေနဲ့ ဖုန်မှုန့်တွေ ရှူမိခြင်းဟာ နာတာရှည် လေပြွန်ရောင်ခြင်းကို ပိုဆိုးစေပါတယ်။

နာတာရှည် လေပြွန်ရောင်ခြင်းကို ကာကွယ်ခြင်း

• ဆေးလိပ်ဖြတ်ပါ။

• မတည့်တဲ့အရာတွေနဲ့ မထိတွေ့မိအောင် ကာကွယ်ပါ။

• ကားပိတ်တာကြောင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှုကို ရှောင်ကျဉ်ပါ။

• အအေးမိ (သို့) တုတ်ကွေးမိသူတွေနဲ့ ဝေးဝေးနေပါ။

• ရောဂါပြန့်ပွားမှုကို ကာကွယ်ဖို့ လက်သေချာဆေးပါ။

သစ်သားက ဖုန်မှုန့်တွေကို ထိတွေ့နေရတဲ့ လက်သမားတွေအတွက် ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ပြုသင့်ပြီး အလုပ်ပတ်ဝန်းကျင်မှာ မျက်နှာအုပ်လိုမျိုး ကာကွယ်ပေးတဲ့အရာတွေကို အသုံးပြုသင့်ပြီး လေကောင်းလေသန့်ရရှိအောင် လုပ်ထားသင့်ပါတယ်။ ပုံမှန် အဆုတ်စစ်ဆေးခြင်းကိုလည်း ရောဂါစောစောတွေ့ရှိဖို့နဲ့ ပြန့်ပွားဖို့ကကာကွယ်ဖို့ ပြုလုပ်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement