backup og meta

ဆေးဖြင့် ကိုယ်ဝန်ဖျက်ချပြီးနောက် မိမိကိုယ်ကို ဂရုစိုက်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးဖြင့် ကိုယ်ဝန်ဖျက်ချပြီးနောက် မိမိကိုယ်ကို ဂရုစိုက်ခြင်း

    ဆေးဖြင့် ကိုယ်ဝန်ဖျက်ချခြင်းဆိုတာ ဘာလဲ။

    နာမည်မှာပါသလိုပဲ ဆေးဖြင့်ကိုယ်ဝန်ဖျက်ချခြင်းဆိုတာဟာ ဆေးကိုသုံးပြီး ကိုယ်ဝန်ကို ပျက်ကျအောင်ပြုလုပ်တာဖြစ်တယ်။ ခွဲစိတ်တာနှင့် မတူသောအချက်မှာ ဆေးဖြင့်ကိုယ်ဝန်ဖျက်ချပြီးနောက် အိမ်တွင်လိုအပ်သောစောင့်ရှောက်မှုဆက်ယူရန်လိုပါတယ်။ ဆေးဖြင့်ကိုယ်ဝန်ဖျက်ချတာက ဆရာဝန်စောင့်ကြည့်မှုမပါဘဲ အိမ်မှာကိုယ်ဝန်ပျက်ကျတာနှင့်တူတယ်။ သွေးဆင်းပြီးနောက် ၂ပတ်အကြာမှာဆရာဝန်နှင့် ပြန်ပြရန်လိုပါတယ်။

    ကိုယ်ဝန်ဖျက်ချပြီးနောက် လိုအပ်တဲ့စောင့်ရှောက်မှု ခံယူခြင်း

    ပုံမှန်ဆိုလျှင် သားအိမ်အတွင်း လုံးဝသန့်ရှင်းသည့်နေ့မှစပြီး မိမိတို့နေ့စဉ်အလုပ်ကို ပုံမှန်လုပ်လို့ရပါတယ်။ ဒါပေမယ့် ၂ပတ်အတွင်းမှာတော့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေကို ရှောင်သင့်ပါတယ်။ အမျိုးသားနှင့် အတူနေတာကိုလည်း ရှောင်ရမယ်။ အတူနေတော့မယ်ဆိုရင်လည်း သားဆက်ခြားတာကို လုပ်သင့်တယ်။ ရောဂါကာကွယ်ဖို့အတွက် ကွန်ဒုံးကို သုံးတာကပိုကောင်းပါတယ်။ မိန်းမကိုယ်ရဲ့အတွင်းကို မည်သည့်အရည်မှသုံးပြီး မဆေးဖို့ကလည်း အရေးကြီးတယ်။ အလွန်ဆိုးရွားတယ်လို့ခံစားရပြီး သန့်ရှင်းချင်စိတ်ပေါ်လာရင်တောင် မဆေးသင့်ပါဘူး။ မှားယွင်းစွာ သန့်ရှင်းခြင်းက ရောဂါပိုးတွေပိုပေါက်စေပြီး အခန့်မသင့်ရင် မျိုးပွားအဂါႍများရောင်ရမ်းခြင်း ( Pelvic inflammatory disease) ဖြစ်သွားနိုင်ပါတယ်။

    ဆေးဖြင့်ကိုယ်ဝန်ဖျက်ပြီးနောက် ဘာလုပ်သင့်လဲ။

    ဆေးဖြင့်ကိုယ်ဝန်ဖျက်ချပြီးနောက် အမျိုးသမီးအများစုက အောက်တွင်ရေးထားသလို ခံစားရနိုင်တယ်။

    • ကိုယ်ဝန်ပျက်ကျပြီး ၂ပတ်အထိ မိန်းမကိုယ်မှ သွေးဆင်းနိုင်တယ်။ ကိုယ်ဝန် ၇ပတ်အထက်ဆိုလျှင် ပိုပြီးသွေးဆင်းနိုင်တယ်။

    • ၂ပတ်လောက် ဗိုက်မှာမအီမသာခံစားရနိုင်တယ်။ ရာသီလာရင်ကိုက်ခဲသလိုမျိုး ခံစားရနိုင်တယ်။ တချို့တွေမှာ ၆ပတ်လောက်အထိ ကိုက်ခဲနိုင်တယ်။

    • ကိုယ်ဝန်ဆောင်ကာလက ထွက်ထားတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်မငြိမ်မသက်ဖြစ်နေတတ်တယ်။ အပြစ်ရှိသလိုခံစားရမှု၊နှင့် ဝမ်းနည်းပူဆွေးမှုတို့ကို ခံစားရနိုင်တယ်။

    ဘယ်အချိန်မှာ စောင့်ရှောက်မှုခံယူရမလဲ။

    အောက်ပါအချက်များကို ခံစားရလျှင် ဆရာဝန်နှင့် ချက်ချင်းပြဖို့လိုအပ်တယ်။

  • သွေးဆင်းတာအရမ်းများခြင်း။ ဆေးဖြင့် (သို)့ ခွဲစိတ်ခြင်း ဖြင့် ကိုယ်ဝန်ဖျက်ချခြင်း အားလုံးမှာ သွေးဆင်းတတ်တယ်။ ပုံမှန်ရာသီလာချိန်သွေးဆင်းပုံနှင့် ကွာခြားတတ်တယ်။ သွေးဆင်းများပြီးတော့
  • ဂေါက်သီးလုံးထက်ကြီးတဲ့ သွေးခဲဆင်းလျှင်၊ နာရီပေါင်းများစွာကြာလျှင်
  • တစ်နာရီအတွင်း pad ၂ ခု စိုရွဲတဲ့အထိ ဆင်းပြီး ထိုသို့ နှစ်နာရီဆက်တိုက်သွေးဆင်းလျှင်
  • ၁၂နာရီဆက်တိုက် တောက်လျှောက်သွေးဆင်းလျှင်
  • ရောဂါပိုးဝင်တဲ့ လက္ခဏာခံစားရလျှင်( ခေါင်းကိုက်၊ ကြွက်သားနာကျင်၊ မောပန်းနွမ်းနယ်) ၊ အဖျားမရှိပေမယ့် ရောဂါပိုးဝင်နေပြီလို့ ယူဆလို့ရတယ်။
  • အကိုက်အခဲပျောက်ဆေးသောက်ပေမယ့် ဗိုက်အောင့်မပျောက်လျှင်
  • ၄နာရီကျော်အောင် ကိုယ်ပူ၊အဖျားမကျလျှင်
  • ၆နာရီကြာတဲ့အထိ အန်နေလျှင်
  • ဗိုက်ဖောင်းယောင်နေလျှင်၊ နှလုံးခုန်နှုန်းမြန်လျှင်
  • မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းလျှင်
  • လိင်အဂါၤမှာ မသက်မသာ ခံစားရလျှင်
  • သင့်ဆရာဝန်က သင်ဆေးဖြင့်ကိုယ်ဝန်ဖျက်ချတာဟာ မအောင်မြင်ဘူးလို့ ယူဆရင် နောက်ဆက်တွဲဆိုးကျိုးတွေကို မခံစားရအောင် ခွဲစိတ်မှုဖြင့်ကိုယ်ဝန်ဖျက်ချမှု (သားအိမ်ခြစ်ခြင်း၊ သားအိမ်တွင်းအပိုင်းအစတွေကိုလေစုပ်ကိရိယာဖြင့်စုပ်ထုတ်ခြင်း) ဆောင်ရွက်ခိုင်းပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement