ကိုယ်ဝန်ဖျက်ချခြင်း ။ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကိုယ်ဝန်ဖျက်ချခြင်း ဟာ ဆေးကုသမှုမဟုတ်ပါဘူး။ သူဟာ သင့်ကို ကိုယ်ဝန်မရရှိအောင် မလုပ်ပေးနိုင်ပါဘူး။ သင့်မှာ ကလေးရှိဆဲပဲဖြစ်ပြီး ဒီကလေးကို သင့်ထံမှ ဝေးအောင် ယူသွားတာဖြစ်ပါတယ်။ ကလေးတစ်ယောက်ကို ဆုံးရှုံးရခြင်းဟာ မလွယ်ကူပါဘူး။ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကို မျှော်လင့်ထားသင့်ပါတယ်။ ဒါမှသာ ကိုယ်ဝန်ဖျက်ချခြင်းအပြီးမှာ သင့်ကိုယ်သင် စိတ်ရောကိုယ်ပါ ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဖြစ်တတ်တဲ့ စိတ်ဒဏ်ရာ

ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဖြစ်တတ်တဲ့ စိတ်ဒဏ်ရာ သည် ကိုယ်ဝန်ဖျက်ချအပြီး လပေါင်းများစွာ (သို့) နှစ်ပေါင်းများစွာ အထိခံစားရနိုင်ပါတယ်။ အတွေ့များတဲ့ လက္ခဏာတွေကတော့

  • မိမိကိုယ်ကိုယ် ထိခိုက်လိုသော အပြုအမူများ (သတ်သေလိုခြင်း၊ ဆေးသုံးခြင်း၊ စားသောက်မှုဆိုင်ရာ ပြဿနာများ၊ ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်ခြင်း၊ ဆက်ဆံရေးအဆင်မပြေခြင်း၊ အလုပ် အလွန်အကျွံလုပ်ခြင်း)
  • ဆက်ဆံမှုဆိုင်ရာ ပြဿနာများ (အိမ်ထောင်ကွဲခြင်း၊ ကလေးကို ဂရုမစိုက်ခြင်း၊ နှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်ခြင်း၊ မိသားစု အကြမ်းဖက်ခြင်း)
  • အစားထိုးကိုယ်ဝန်ယူခြင်း (ထပ်မံ ကိုယ်ဝန်ဖျက်ချခြင်း (သို့) အစားထိုး ကိုယ်ဝန်ထပ်ယူခြင်း)
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာများ (ကိုယ်ဝန်ဖျက်ချအပြီး စိတ်ကျခြင်း၊ ကြောက်ခြင်း၊ စိတ်စွဲလမ်းမှုဆိုင်ရာ ပြဿနာများ၊ တစ်ခုခုကို စွဲခြင်း၊ စိတ်ရောဂါများ၊ ခံစားမှုဆိုင်ရာ ပြဿနာများ၊ ကယောင်ကတမ်းဖြစ်ခြင်း)
  • စိတ်တိုခြင်း၊ အလွန်အကျွံ ငိုခြင်း၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ကျဆင်းခြင်း၊ ပင်ပန်းလွယ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ နာကျင်ခြင်း၊ ပြန်တွေးခြင်း၊ မျှော်လင့်ချက်မရှိသလို ခံစားရခြင်း၊ လူတွေနဲ့ ကင်းကွာလာခြင်း
  • ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေနဲ့ နေရရင် ပြဿနာဖြစ်ခြင်း
  • အလုပ်မလုပ်နိုင်ခြင်း၊ ဆုံးဖြတ်ချက်မချနိုင်ခြင်း

ကိုယ်ဝန်ဖျက်ချအပြီးမှာ စိတ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ဆိုးကျိုးတွေကို ဘယ်သူတွေက ပိုခံစားရနိုင်သလဲ။

  • ဆယ်ကျော်သက်၊ လူငယ်
  • လိင်အကြမ်းဖက်ခံရမှုရဲ့ သားကောင်များ
  • ကိုယ်ဝန်ဖျက်ချဖို့ အကျပ်ကိုင် ခံရသူများ
  • ဆုံးဖြတ်ချက်မပြတ်သားသူ အမျိုးသမီးများ
  • ထောက်ပံ့ကူညီပေးသူ မရှိတဲ့ အမျိုးသမီးများ
  • အရင်တုန်းက ကလေးမွေးဖူးသူများ
  • ကျန်းမာရေးအရ ကလေးဖျက်ချသူများ
  • စိတ်ပိုင်းဆိုင်ရာ၊ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ရောဂါရှိသူများ
  • ကိုယ်ဝန် ဒုတိယ သုံးလ၊ တတိယသုံးလမှာ ကိုယ်ဝန်ဖျက်ချသူများ

ကိုယ်ဝန်ဖျက်ချအပြီး စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကို ဘယ်လိုကျော်လွှားမလဲ။

အကောင်းဆုံးကတော့ အကူအညီရယူပါ။ သင့်အတွေးတွေ ခံစားချက်တွေကို ကျော်လွှားနိုင်ဖို့က အရေးကြီးပါတယ်။

အချိန်ဟာ အကောင်းဆုံးကုသသူဖြစ်ပါတယ်။ သင့်ကို စိတ်ရောကိုယ်ပါ ပြန်ကောင်းဖို့အတွက် အချိန်လိုအပ်ပါတယ်။ ဒီလိုအခြေအနေကို ထပ်ခါထပ်ခါ ပြုလုပ်ဖို့ စီစဉ်ခြင်းတွေကို ရှောင်ကျဉ်သင့်ပါတယ်။

သင့်ဆက်ဆံမှုမှာ ပြဿနာတွေ ဖြစ်နေရင် သင့် အိမ်ထောင်ဖက်နဲ့ စကားပြောသင့်ပါတယ်။ သင်ဘာတွေ တွေးနေတယ်၊ ခံစားနေတယ်ဆိုတာကို ရိုးသားပွင့်လင်းစွာ ပြောပြသင့်ပါတယ်။

သင့်ကို ဝေဖန်ခြင်းမပြုတဲ့ ပတ်ဝန်းကျင်နဲ့ သင်စကားပြောနိုင်အောင် ယုံကြည်လောက်တဲ့လူ လိုအပ်ပါတယ်။

တကယ်လို့ သင်ဟာ ဘာသာရေးကို ယုံကြည်ကိုင်းရှိုင်းသူဆိုရင် ဘုန်းကြီး၊ ဘာသာရေးခေါင်းဆောင်နဲ့ စကားပြောနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ များသောအားဖြင့် ...

ရေးသားသူ Ye Myo Myat
အရေပြားကျန်းမာရေး, အလှအပ နိုဝင်ဘာ 30, 2020 . 3 mins read

Cyclothymia ခေါ် အပျော့စားစိတ်နှစ်ခွရောဂါ

စိတ်ရောဂါအများစုနည်းတူ Cyclothymia ဖြစ်ရတဲ့အကြောင်းရင်းကို အခုချိန်ထိ ရေရေရာရာမသိရှိရသေးပါဘူး။ သုတေသနတွေလည်း ပြုလုပ်ဆဲပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အမျိုးသားကျန်းမာရေးအချိန်အခါ နိုဝင်ဘာ

Movember ဆိုတဲ့ပွဲဘယ်ကစဖြစ်လာသလဲ၊ ဘာတွေလုပ်ကြသလဲ၊ ဘယ်လိုကျန်းမာရေး ကိစ္စတွေအတွက် ပြုလုပ်သလဲဆိုတာပြောပြမယ်နော်။ ကိုယ်လက်လေ့ကျင့်ခန်း။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read
ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 7, 2020 . 3 mins read

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read