backup og meta

ကိုယ်ဝန်ဖျက်ချခြင်းသည် မုဒိမ်းကျင့်ခံရခြင်းနှင့် မိသားစုဝင်အချင်းချင်းအဓမ္မပြုကျင့်ခြင်းကြောင့် ရရှိလာသောကိုယ်ဝန်ကိုဖြေရှင်းဖို့ အတွက် အဖြေမဟုတ်ပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဖျက်ချခြင်းသည် မုဒိမ်းကျင့်ခံရခြင်းနှင့် မိသားစုဝင်အချင်းချင်းအဓမ္မပြုကျင့်ခြင်းကြောင့် ရရှိလာသောကိုယ်ဝန်ကိုဖြေရှင်းဖို့ အတွက် အဖြေမဟုတ်ပါ။

    ကိုယ်ဝန်ဖျက်ချခြင်းသည် နောက်ထပ် စိတ်ဒဏ်ရာတစ်ခု ဖြစ်စေသည်။

    လူအများစုထင်ကြသည်က ကိုယ်ဝန်ဖျက်ချခြင်းပြုလုပ်လိုက်လျှင် မုဒိမ်းကျင့်ခံရသော အမျိုးသမီးတစ်ယောက်၏ ဒဏ်ရာမှလျင်မြန်စွာ လွတ်မြောက်စေနိုင်မည်ဟုထင်ကြပါသည်။ သို့မဟုတ် အနည်းဆုံးတော့သူမကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက် မုဒိမ်းကျင့်ခံရခြင်းကိုအမှတ်ရနေခြင်းမှ ကာကွယ်ပေးနိုင်လိမ့်မည်ဟု ထင်ကြပါသည်။

    မုဒိမ်းကျင့်ခံရပြီးနောက် ကိုယ်ဝန်ဖျက်ချဖူးသော အမျိုးသမီးအများစု၏ ထွက်ဆိုချက်များအရ ကိုယ်ဝန်ဖျက်ချခြင်းသည် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနှင့် ပက်သက်သည့်ထိခိုက်ခံစားရမှုများကိုပိုဆိုးစေသည်ဟု ထွက်ဆိုကြပါသည်။ အမျိုးသမီးအများစုဖော်ပြထားသည်က ကိုယ်ဝန်ဖျက်ချခြင်းကို အဓမ္မပြုကျင့်ခြင်းနည်းတစ်မျိုး (Medical rape) ဆေးပညာအရ နိုင်ထက်စီးနင်းပြုကြခြင်းဟု ဖော်ပြကြပါသည်။

    အလွယ်တကူနားလည်နိုင်တာကတော့ ကိုယ်ဝန်ဖျက်ချခြင်းသည်လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်း ခံရခြင်းကိုပို၍ဆိုးဝါးစေသော ဒုတိယမြောက်ဒဏ်ရာတစ်ခုဖြစ်နိုင်ပါသည်။ ကိုယ်ဝန်ဖျက်ချဖို့အတွက် မျက်နှာကိုအုပ်ထားသော လူစိမ်းဆရာဝန်က သူမ၏လိင်အင်္ဂါထဲသို့ နာကျင်စေသော ပစ္စည်း ထိုးထည့်ရပါသည်။

    သူမကခွဲခန်းကုတင်ပေါ်တွင်လှဲနေစဉ်အတွင်း သူမခန္ဓါကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိပါ။ အကယ်၍ သူမသည် ဆရာဝန်ကို ကိုယ်ဝန်ဖျက်ချခြင်းရပ်တန့်ဖို့ပြောမည်ဆိုပါကလည်း သူမပြောစကားကို လျစ်လျူရှူနေနိုင်သလို၊ ရပ်တန့်ဖို့လည်းနောက်ကျနေပြီဖြစ်ကြောင့် ပြောထားလည်းဖြစ်နိုင်ပါသည်။

    အမျိုးသမီးအများစုအတွက်လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခြင်းနှင့်ကိုယ်ဝန်ဖျက်ချခြင်းအကြား ကြုံတွေ့ရသည့်ဆက်နွယ်မှုသည် အလွန်ပြင်းထန်ပါသည်။ အမျိုးသမီးများအနေနှင့်ဖျက်ချလိုက်သည့် ကလေးသည်မုဒိမ်းကျင့်မှုကြောင့်ရရှိခဲ့သည့်ကလေးဟုတ်သလားမဟုတ်ဘူးလားဆိုသည်နှင့်ပက်သက်ပြီး လည်းပြင်းထန်သောခံစားချက်များရှိကြပါသည်။

    ဤအရာသည်မုဒိမ်းကျင့်ခံရဖူးသည့်အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ကိုယ်ဝန်ဖျက်ချခြင်းပြုလုပ်နေစဉ်နှင့်ကိုယ်ဝန်ဖျက်ချပြီးချင်းမှာပိုမိုခံစားရသော စိတ်ဖိစီးမှုပင်ဖြစ်ပါသည်။ ကိုယ်ဝန်ဖျက်ချဖူးသူအမျိုးသမီးများနှင့်မုဒိမ်းကျင့်ခံရသောအမျိုးသမီးများတွင်ရှိသော တူညီသောခံစားချက်များမှာစိတ်ဖိစီးမှု၊ အပြစ်ရှိသလိုခံစားရမှု၊ မိမိကိုယ်ကိုယုံကြည်မှုလျော့ကျခြင်းနှင့် အမျိုးသားများအပေါ်မကျေမချမ်းဖြစ်ခြင်းတို့ဖြစ်ပါသည်။

    ကိုယ်ဝန်ဖျက်ချခြင်းသည် မုဒိမ်းကျင့်ခံရခြင်းကြောင့်ဖြစ်ပွားသည့် စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးများကို ဖယ်ရှားပေးမည့်အစားပို၍သာဆိုးစေပါသည်။ မုဒိမ်းကျင့်ခံရသူတစ်ယောက်ကို ကိုယ်ဝန်ဖျက်ချဖို့အားပေးခြင်း သို့မဟုတ် တားဆီးခြင်းလုပ်သူများအနေနှင့် မုဒိမ်းကျင့်ခံရသူများနှင့် ဆက်ဆံပြောဆိုရာမှာ အဆင်မပြေဖြစ်တာကြောင့် နောက်ဆုံးတွင်မုဒိမ်းကျင့်ခံရသူများကိုဖြစ်ခဲ့သည့်ကိစ္စများအတွက်အပြစ်တင်လေ့ရှိကြပါသည်။

    မိသားစုတွင်းမုဒိမ်းကျင့်ခြင်းခံရသူ

    မိသားစုတွင်းမုဒိမ်းကျင့်မှုများကြောင့်ရရှိလာသောကိုယ်ဝန်များအတွက်ကိုယ်ဝန်ဖျက်ချခြင်းသည်ပိုမိုရှုပ်ထွေးပါသည်။ အဘယ်ကြောင့်ဆိုသော်ထိုသူများသည်ကိုယ်ဝန်ဖျက်ချဖို့လက်မခံသည်ကများပါသည်။

    ဒီကိုယ်ဝန်ဟာမလိုချင်ဘဲရလာသည်ဟုစဉ်းစားမည့်အစား ထိုကလေးကိုမွေးပြီး လက်ရှိမိသားစုမှထွက်ခွာ၍ သူမကိုတကယ်ချစ်သော သူတစ်ယောက်နှင့်အိမ်ထောင်ပြုကာ ထိုကလေးကိုလွတ်လွတ်လပ်လပ်ပြုစု စောင့်ရှောက်လိုစိတ်ဖြစ်ပေါ်တတ်ကြပါသည်။

    မုဒိမ်းကျင့်ခံရသူအမျိုးသမီးအနေနှင့် သူမ၏ကိုယ်ဝန်ကိုသူမ၏ လက်ရှိအခြေအနေမှလွတ်မြောက်ရာ လမ်းကြောင်းဟုမြင်နိုင်သော်ငြားလည်း မုဒိမ်းကျင့်သူအတွက်တော့ ဤအရာသည်ခြိမ်းခြောက်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ မိသားစုခြင်းလိင်ဆက်ဆံမှုကို ဆန့်ကျင်သည့်အခြားမိသားစုဝင်များအနေနှင့် ဆေးပညာအရ မွေးလာသောကလေးနှင့် မိသားစုတော်စပ်မှုကိုသိသွားမည်ကိုစိုးရိမ်ကြပါသည်။

    ဤကဲ့သို့နှစ်ဦးနှစ်ဖက်ထိတ်လန့်မှုကြောင့် မုဒိမ်းကျင့်ခံရသူအနေနှင့်မုဒိမ်းကျင့်သူရော အခြားမိသားစုဝင်များကပါ မလိုချင်သော ကိုယ်ဝန်အနေနှင့်ကိုယ်ဝန်ဖျက်ချဖို့အတွက် တိုက်တွန်းဖိအားပေးခံရပါသည်။ မိသားစုဝင်ချင်းမုဒိမ်းကျင့်မှုဖြစ်၍ ကိုယ်ဝန်ဖျက်ချသော ကိစ္စရပ်များကိုကြည့်မည်ဆိုလျှင် ကိုယ်ဝန်ဖျက်ချလိုသူသည် မုဒိမ်းကျင့်ခံရသောမိန်းကလေး ကိုယ်တိုင်မဟုတ်ဘဲထိုမိန်းကလေး၏မိဘများ သို့မဟုတ် မုဒိမ်းကျင့်သူက ကိုယ်ဝန်ဖျက်ချဖို့ အားပေးစီစဉ်ခြင်းပင်ဖြစ်ပါသည်။

    မုဒိမ်းကျင့်ခံရသူမိန်းကလေးအနေနှင့် အခြားသူများ၏ ဆုံးဖြတ်ချက်များကို လိုက်လျောရုံသာရှိပါတော့သည်။ ကိစ္စအတော်များမျာတွင်တော့ ကိုယ်ဝန်ဖျက်ချခြင်းကို မုဒိမ်းကျင့်ခံရသောမိန်းကလေးကိုယ်တိုင်က ဒီကိုယ်ဝန်ကိုမဖျက်ချချင်ပါဘူးဟု ပွင့်ပွင့်လင်းလင်းပြောသောအခါတွင် မိန်းကလေး၏သဘောအတိုင်းပင် ကိုယ်ဝန်ဖျက်ချခြင်းကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement