နောက်တစ်ခုက သင့်မှာ lochia လို့ ခေါ်တဲ့ ကလေးမွေးဖွားပြီးရင် မိန်းမကိုယ်ကဆင်းတဲ့ အရည်တစ်မျိုးဆင်းတာမရှိဖို့ လိုပါတယ်။ ဘယ်လိုပဲမွေးမွေးအမျိုးသမီးတွေ အားလုံးဟာကလေးမွေးပြီး ရက်သတ္တပတ်အနည်းငယ်လောက်တော့ မီးနေသွေးဆင်းတတ်ပါတယ်။ ဒီအရည်ဆင်းတာမရပ်ခင် လိင်ဆက်ဆံခြင်းက သင့်ကို ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ တကယ်လို့ နေမယ်ဆိုရင်လည်း ကူးစက်နိုင်ခြေနည်းအောင် ကွန်ဒုံးသုံးသင့်ပါတယ်။
သင်ကလေးမွေးစဉ်မှာ ချုပ်ရိုး အများကြီးရှိခဲ့ရင် အတူနေဖို့ ပိုတောင် အချိန်ယူရပါလိမ့်မယ်။ သေချာမကျက်နိုင်သေးတဲ့ ချုပ်ရိုးတွေဆို ပွင့်ထွက်နိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် သင့်ဆရာဝန်နဲ့ ချက်ချင်းသွားပြဖို့လိုပါတယ်။
ကလေးမွေးပြီးလိင်ဆက်ဆံဖို့ အကောင်းဆုံးနည်းကတော့ ကလေးအိပ်ချိန်ကို အသုံးပြုဖို့ပါ။ ကလေးအိပ်နေမယ်ဆိုရင် အလုပ်လုပ်လို့ရပါပြီ။ သင့်အိမ်အလုပ်တွေက နောက်မှလုပ်နိုင်ပါတယ်။
- သင့်ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပါ။
ကလေးမွေးပြီးစမှာ အကြောပြတ်ရာတွေ၊ ဗိုက်က ရှုံ့နေတာတွေ၊ ရင်သားတွေ တွဲကျနေတာကြောင့် အတူပြန်နေဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ ဖြစ်တတ်ပါတယ်။ ဒါတွေက သဘာဝပဲမို့ မိမိရဲ့ စိတ်ဆန္ဒကို မထိန်းချုပ်လိုက်ပါနဲ့။ ပြီးတော့ ခန္ဓာကိုယ်ပြန်ထိန်းသိမ်းရင် ဒါတွေက နဂိုနီးပါး ပြန်ဖြစ်လာမှာပါ။
လိင်ပိုင်းဆိုင်ရာယုံကြည်မှု ပြန်လည်ရရှိဖို့ သစ်လွင်တဲ့ အတွင်းခံတွေကိုဝတ်ဆင်ပါ။ အင်္ကျီအသစ်တွေ ဝယ်ပါ။ အားအင်ပြည့်ဝတဲ့ လမ်းလျှောက်ခြင်းတွေ ပြုပါ။ သင့်ကိုယ်သင်မေးပါ။ လိင်ဆွဲဆောင်မှု ရှိဖို့ ဘာတွေလိုအပ်ပါသလဲ။ Spa လား။ လက်သည်းဆိုးတာလား။ Gym ဆော့တာလား။ ဒါတွေကိုအမျိုးသားတွေက ပြုလုပ်မပေးနိုင်ပါဘူး။ သင့်ဘာသာသင် ပြုလုပ်ရမှာပါ။
ကလေးမွေးပြီးသိပ်မကြာခင်မှာပဲ ငြီးငွေ့ဖွယ်ကောင်းတဲ့ မိခင်ဘဝကနေထွက်လာပြီး လွယ်ကူလှပပြီး သင့်ကိုစိတ်ချမ်းသာတဲ့အပြုအမူတွေနဲ့ သင့်ဘဝကို ပြန်လည်တည်ဆောက်ပါ။ ကလေးမွေးပြီးလိင်ဆွဲဆောင်မှု ရှိစေဖို့ တဖြည်းဖြည်းချင်း တစ်ဆင့်ချင်းစီ ကြိုးစားပါ။ ဒါမှာသာ သင့်ရဲ့ ကလေးမွေးပြီးနောက် လိင်မှုဘဝဟာ ပြန်လည် သာယာလာမှာပါ။
- ညဘက်နိုးထမှုတွေ ဆက်လာရင် သင်ဟာ စက်ရုပ်တစ်ခုလိုဖြစ်လာပြီး ဆန္ဒတွေ၊ အာရုံခံစားမှုတွေ လျော့နည်းလာပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။