ဘေဘီလေး ခေါင်းစိုက်ပြီလား သိနိုင်မယ့်အချက်အချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

မွေးရက်နီးလာလာလေလေမေမေတိုင်းသိချင်တဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ဘေဘီလေးရဲ့ခေါင်းကမွေးလမ်းကြောင်းထဲ စိုက်ပြီလားဆိုတဲ့ ကိစ္စပါ။နောက်တစ်ခုက အရင်ကနဲ့မတူဘဲ တစ်ခုခုထူးခြားတဲ့ ခံစားမှုက ကလေးကိုထိခိုက်မှာလားဆိုတဲ့ အချက်ပါ။ ဒီတစ်ခေါက်တော့ မွေးရက်နီးလာလို့ဘေဘီလေးခေါင်းစိုက်တဲ့အခါ ဘယ်လိုတွေခံစားရနိုင်လဲဆိုတာကိုပြောပြပေးပါရစေ။

ဘေဘီလေးက ဘယ်အချိန်မှာခေါင်းစိုက်တာလဲ…………

ဘေဘီလေးမွေးလမ်းကြောင်းထဲကိုခေါင်းစိုက်တယ်ဆိုတာကမွေးဖွားဖို့ အသင့်ပြင်နေပြီဆိုတာကို ပထမဆုံးမေမေ့ဆီပေးပို့တဲ့ သတင်းစကားပါ။ သူမေမေ့မျက်နှာကို ကြည့်ဖို့ အပြင်ထွက်လာဖို့ စလုပ်နေပြီဆိုတာကို အသိပေးတာပါ။ ကိုယ်ဝန်ဆောင်ကာလရဲ့ တတိယ ၃ လပတ်ကာလ တစ်ဝက်လောက်မှာဘေဘီလေးကမွေးလမ်းကြောင်းထဲကိုခေါင်းစစိုက်တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၃၅ ပတ်လောက်မှာပေါ့။ ဒီလိုအချိန်မှာမေမေ့အနေနဲ့ သိသိသာသာပြောင်းလဲမှုတွေကို ခံစားရနိုင်ပါတယ်။

ဒီလက္ခဏာတွေခံစားနေရပြီလား………….

ဘေဘီလေးကမွေးလမ်းကြောင်းထဲကိုခေါင်းစိုက်တဲ့အခါမေမေ့အနေနဲ့ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။

ဗိုက်ကအောက်ကျသွားမယ် -မေမေ့ဗိုက်ကအောက်ဘက်ကို ခပ်လျောလျောလေး ကျသွားနိုင်ပါတယ်။ ဒါကဘေဘီလေးက ဗိုက်ထဲမှာ အနေအထားပြောင်းလိုက်တာကြောင့်ပါ။

ပေါ့သွားသလို ခံစားရမယ် – ဗိုက်ထဲမှာပေါ့သွားသလို ခံစားရနိုင်ပါတယ်။ ဒါကတော့ဘေဘီလေးကမေမေ့ဗိုက်ထဲမှာအောက်ဘက်ကို နည်းနည်းရောက်သွားတဲ့ အနေအထားကြောင့်ပါ။

နံရိုးတွေပေါ်က ဖိအားနည်းနည်းလျော့သွားမယ် -ဘေဘီလေးကအောက်ဘက်ကို နည်းနည်းဆင်းသွားပြီဖြစ်တာကြောင့် နံရိုးပေါ်မှာ သက်ရောက်နေတဲ့ ဖိအားတွေကလျော့သွားတာပါ။

အသက်ကိုရှိုက်ရှုလို့ရလာပြီ – ကိုယ်ဝန်အစောပိုင်းကာလတွေကထက် အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှုလို့ရလာကလည်းဘေဘီလေးက ဗိုက်ရဲ့အောက်ဘက်ပိုင်းကို ဆင်းသွားတာကြောင့်ပါ။

အသက်ရှုရအဆင်ပြေလာတယ် – ကိုယ်ဝန်အစောပိုင်းကာလတွေမှာ ဘေဘီလေးကြောင့် အဆုတ်တွေထဲကို လေပြည့်ပြည့်ဝဝရောက်ရှိဖို့ ခက်ခဲတာကြောင့် အသက်ရှုရခက်ခဲ့ပေမယ့် ဘေဘီလေးကမွေးလမ်းကြောင်းဆီကိုခေါင်းစိုက်လိုက်ချိန်မှာအောက်ဘက်ကို ကျသွားပြီဖြစ်တာကြောင့် အဆုတ်တွေအတွက်နေရာချောင်ချောင်ချိချိရသွားတဲ့အတွက် အသက်ရှုရ အဆင်ပြေလာစေမှာပါ။

ရင်ပူတာသက်သာလာမယ်ကိုယ်ဝန်အစောပိုင်းကာလမှာ ရင်ပူတဲ့ဝေဒနာကို ခံစားခဲ့ရပေမယ့် ကိုယ်ဝန် တတိယ ၃ လပတ်ရောက်လာတဲ့အခါဘေဘီလေးက အစာရေမြိုတွေ၊ အစာအိမ်အပေါ်ပိုင်းတွေနဲ့ဝေးတဲ့ တင်ပဆုံပိုင်းကိုဆင်းလာပြီဖြစ်တာကြောင့် အစာအိမ်မှာ ဝန်ပိနေတာမျိုးမဖြစ်တော့တာကြောင့် ရင်ပူတာ သက်သာလာမှာပါ။

ဆီးခဏခဏသွားချင်မယ် – ကလေးက တင်ပဆုံပိုင်းကိုရောက်လာပြီဖြစ်တာကြောင့် ဆီးအိမ်ပေါ်မှာ ဖိမိသလိုဖြစ်ပြီး ဆီးခဏခဏသွားချင်နေတာမျိုးဖြစ်နိုင်ပါတယ်။

ခါးနာမယ် -ဘေဘီလေးရဲ့ ကိုယ်အလေးချိန်ကအောက်ဘက်ကိုရောက်လာပြီဖြစ်တာကြောင့် ခါးက အရင်ကထက် အလေးချိန်တွေကို ပိုထမ်းလာရတာကြောင့် ခါးနာလာနိုင်ပါတယ်။

ဗိုက်ခဏခဏဆာမယ် -ဘေဘီလေးကခေါင်းစိုက်လာပြီဖြစ်တာကြောင့် အစာအိမ်ပေါ်မှာ ဝန်ဖိမိထားတာမျိုးမရှိတော့တာကြောင့် ရင်ပူတာသက်သာလာပြီး ဗိုက် ခဏခဏဆာလာနိုင်ပါတယ်။

ကဲ…မေမေတို့ရေ၊ ဒီလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ဘေဘီလေးကမေမေ့မျက်နှာကိုမြင်ရဖို့အတွက် လူ့လောကထဲကိုလာဖို့ ပထမဆုံးပြင်ဆင်မှုအနေနဲ့မွေးလမ်းကြောင်းထဲကိုခေါင်းစိုက်တဲ့အနေအထားအပြောင်းအလဲကြောင့်ပါနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မေမေတစ်ယောက်အတွက် ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲ……………….

လူတစ်ယောက်စီမှာ ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စ အမျိုးမျိုးရှိစမြဲပါ။ ဒီလိုပါပဲ မေမေတွေမှာလည်း ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စရပ်တစ်ခု ရှိပါတယ်။ ဒါကတော့............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား…………..

ဘေဘီလေးကို ကြက်ဥကျွေးလို့ရတယ်တော့ ပြောတယ်။ ငုံးဥရော ကျွေးလို့မရဘူးလားဆိုတော့ ရပါတယ်။ ဘေဘီလေး အသက် ၉ လလောက်ရောက်ပြီဆိုရင် ဘေဘီလေးကို ငုံးဥ စကျွေးလို့ ရပါပြီ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဗီတာမင် C က ဓာတ်တိုးပစ္စည်းတစ်ရပ် ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ကျန်းမာစေတယ်။ ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ

ကာကွယ်ဆေးတွေရဲ့ ကျေးဇူးကြောင့် အချို့သော ရောဂါဆိုးတွေဟာဆိုရင် သမိုင်းတွေထဲမှာ ကျန်ရစ်ခဲ့ပြီး ဓာတ်ခွဲခန်းတွေမှာပဲ ရှင်သန်နေကြတော့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read
ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read