backup og meta

မွေးခါနီးထိ ဘေဘီလေးအနေအထားမမှန်တာကြောင့် စိတ်ညစ်နေရတဲ့ မေမေတို့အတွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 7 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးခါနီးထိ ဘေဘီလေးအနေအထားမမှန်တာကြောင့် စိတ်ညစ်နေရတဲ့ မေမေတို့အတွက်

    ကိုယ်ဝန်ဆောင်ခြင်း ကအမျိုးသမီးတစ်ယောက်အတွက် ခက်ခဲတဲ့အချိန်တွေဖြစ်သလို စိတ်လှုပ်ရှားစရာအကောင်းဆုံး အချိန်ဆိုလည်း ဟုတ်ပါတယ်။နေ့ရက်တိုင်းမှာ စိန်ခေါ်မှုတွေအပြည့်နဲ့ကျော်ဖြတ်နေရတာပါ။ ဗိုက်ထဲကဘေဘီလေးကျန်းမာဖို့ကိုလည်း တစ်ချိန်လုံးတွေးပူရင်းဖြတ်သန်းနေရတာပါ။မေမေတို့တွေးပူတဲ့ထဲက အချက်လေး တစ်ချက်ဖြစ်တဲ့ ဘေဘီလေး အနေအထားမမှန်တဲ့ ကိစ္စကို ဒီဆောင်းပါးလေးကနေတဆင့်ဆွေးနွေးပါရစေ။

    မွေးခါနီးထိ ဘေဘီလေးအနေအထားမမှန်တာကြောင့် စိတ်ညစ်နေရတဲ့ မေမေတို့အတွက်

    မွေးခါနီးထိ ဘေဘီလေးအနေအထားမမှန်တာကြောင့် စိတ်ညစ်နေရတဲ့ မေမေတို့အတွက် သိထားသင့်တဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

    ဘေဘီလေးက ဗိုက်ထဲမှာ ဘယ်လိုအနေအထားနဲ့ရှိနေတတ်တာလဲ……

    ဗိုက်ထဲမှာရှိနေတဲ့ဘေဘီလေးတွေရဲ့ ပုံစံက တစ်ယောက်နဲ့တစ်ယောက် သိပ်မတူကြပါဘူး။

    • occipito-anterior ( နောက်စေ့အရှေ့ရောက် အနေအထား)မွေးရင်တော့ခေါင်းနဲ့ပဲစဖွားမယ့်အနေအထားပါ။
    • occipito posterior ( နောက်စေ့ အနောက်ဘက်ရောက်အနေအထား)မွေးရင်တော့ခေါင်းနဲ့ပဲစဖွားမယ့်အနေအထားပါ။
    • breech delivery (တင်ပဆုံဖွား)မွေးရင် တင်ပဆုံကနေစဖွားမယ့်အနေအထားပါ။မွေးဖွားရခက်နိုင်တဲ့ အနေအထားပါ။
    • tranverse lie (ကန့်လန့်အနေအထား) ကလေးက ကန့်လန့်ခံနေပြီး မွေးလမ်းကြောင်းကို ပိတ်ထားတဲ့အနေအထားပါ။ ရိုးရိုးမွေးဖို့ မဖြစ်နိုင်ပါဘူး။ ခွဲမွေးမှရမှာပါ။

    ဘယ်အချက်တွေကြောင့် ကလေးက အနေအထားမမှန်ဖြစ်ရတာလဲ…………….

    ဘေဘီလေးတွေကမေမေ့ဗိုက်ထဲမှာနေရင်း မွေးဖွားရအဆင်မပြေလောက်တဲ့ အနေအထားမျိုးတွေ ဖြစ်ရတာက ဒီအချက်တွေကြောင့်ပါ။

  • ကလေးရဲ့ ဦးခေါင်းအရွယ်အစားက ကြီးနေပြီး မေမေရဲ့မွေးလမ်းကြောင်းက ကျဉ်းနေတာ
  • ကလေးသားအိမ်ထဲမှာ လှုပ်ရှားပြီး အနေအထား ပြောင်းနိုင်စေဖို့အတွက် လုံလောက်တဲ့ ရေမြွာရည် ရှိမနေတာ
  • ကလေးက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်နည်းနေတာကြောင့် ကလေးကအနေအထားပြောင်းလဲဖို့ မလှုပ်ရှားနိုင်ဖြစ်နေတာ
  • ဗိုက်ထဲက ဘေဘီလေး လှုပ်ရှားစေဖို့မေမေက လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မလုပ်တာ၊ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာတွေပါ။
  • ဗိုက်ထဲကဘေဘီလေးအနေအထားပြောင်းအောင်လုပ်လို့ရလား………

    ဗိုက်ထဲက ဘေဘီလေးရဲ့ လှုပ်ရှားမှုနဲ့ အနေအထားပြောင်းလဲမှုတွေကို အများကြီး ထိန်းချုပ်ထားလို့မရပါဘူး။ ဒါပေမယ့် ကိုယ်ဟန်အနေအထားနဲ့ လေ့ကျင့်ခန်းလုပ်တာက ဘေဘီလေးကိုမွေးဖွားရလွယ်တဲ့ အနေအထားမျိုးကိုပြောင်းလဲစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

    လမ်းလျှောက်ပေးပါ – ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို မိနစ် ၂၀ ကနေ ၂၅မိနစ်လောက်လမ်းလျှောက်ပေးတာက ကလေးကိုမွေးဖွားရလွယ်မယ့် အနေအထားအမှန်ကို ရောက်ရှိစေနိုင်ပြီး မွေးဖွားရလွယ်စေမှာပါ။ လမ်းပုံမှန်လျှောက်ပေးတာက မြေဆွဲအားနဲ့ ကလေးကို မွေးလမ်းကြောင်းထဲ ခေါင်းစိုက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ပုံမှန်လမ်းလျှောက်ပေးတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။

    လေးဖက်ထောက်သွားပေးပါ – ကြားလိုက်ရတာ ထူးဆန်းသွားလား။ ကိုယ်ဝန်ဆောင်မေမေတို့ရေ ဘေဘီလေးအနေအထားမှန်ပြီး မွေးဖွားရတာလွယ်ကူစေဖို့ ကလေးလေးတွေလို လေးဖက်ထောက်သွားပေးရပါမယ်။ ဒူးနှစ်ဖက်ကို ကွေးလို့ လက်ဖဝါးတွေနဲ့ ကြမ်းပြင်ကိုထောက်ထားပြီး ခန္ဓာကိုယ် အထက်ပိုင်းကိုထောက်ကန်ပေးထားပါ။ ဗိုက်ကို ကြမ်းပြင်နဲ့ မထိဖို့ သတိထားပေးပါ။ တစ်နေ့ကို ၁၀ မိနစ်လောက်လုပ်ဆောင်ပေးပါ။

    ယောဂ ကစားပါ – ကိုယ်ဝန်ဆောင်ချိန် ယောဂကစားတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ ယောဂ ကစားတဲ့အခါ ကိုယ်ဝန်ဆောင်ယောဂကို တတ်သိနားလည်သူတွေရဲ့ ညွှန်ကြားမှုနဲ့ ကစားဖို့တော့လိုပါမယ်။ ကိုယ်ဝန်စရှိစဉ်ကတည်းက ယောဂလေ့ကျင့်ခန်းလုပ်ပေးလို့ရပါတယ်။

    ရေကူးပါကိုယ်ဝန်ဆောင်မေမေရေကူးတာက မိခင်ရော ကလေးကို ပါကျန်းမာစေနိုင်ပါတယ်။ ကလေးအနေအထားကိုမှန်စေနိုင်သလိုမွေးဖွားရတာလည်း လွယ်ကူစေမှာပါ။ ကလေးမွေးလမ်းကြောင်းထဲကိုခေါင်းစိုက်ဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

    Practise floor exercises –ဒီလေ့ကျင့်ခန်းက ကလေးရဲ့လှုပ်ရှားမှုနဲ့ အနေအထားမှန်အောင်ထောက်ပံ့ပေးနိုင်ပါတယ်။ ပက်လက်အနေအထားမှာ ဒူးထောင်ပြီးခြေထောက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ ထိထားပါ။ လက်နှစ်ဖက်ကို ဆန့်လျက်ချထားပါ။ လက်နဲ့ ခြေထောက်တွကို အားပြုလို့ တင်ပါးတွေကို ကြမ်းပြင်ကနေကြွလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်လောက်ပုံမှန်လုပ်ပေးတာက ကလေးရဲ့ အနေအထားပြောင်းအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ သိပ်ပြီးတော့ အားမစိုက်ပါနဲ့။ ကြွနိုင်သလောက်ပဲ ကြွပေးပါ။

    ကဲ ကလေးအနေအထားမမှန်လို့ စိတ်မညစ်နေပါနဲ့နော်။ အလွယ်ကူဆုံး လေ့ကျင့်ခန်းလေးကနေစလုပ်ပြီး ကိုယ်တိုင်ရောဘေဘီလေးကိုပါကျန်းမာအောင်စောင့်ရှောက်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 7 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement