ကိုယ်ဝန်ဆောင်ချိန် သွေးလှူလို့ရလား…………………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

သွေးလှူတာက မွန်မြတ်တဲ့လုပ်ရပ်တစ်ခုပါ။ သွေးလှူတာက သူတစ်ပါးရဲ့ အသက်ကို ကယ်တင်ရာလည်းရောက်ပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ သွေးလှူဖို့ သင့်တော်ပါ့မလား။ အထူးသဖြင့် ကိုယ်တိုင်ကျန်းမာရေးကိုရော ဗိုက်ထဲက ဘေဘီလေးရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်နေရတဲ့ မေမေတို့ဆိုရင်ရော သွေးလှူလို့ ရပါ့မလား ဆိုတာမျိုးပေါ့။

ကိုယ်ဝန်ဆောင်မေမေ သွေးလှူလို့ရပါ့မလား…………..

ဖြစ်နိုင်ရင်တော့ မလှူတာ အကောင်းဆုံးပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ မိခင်က ကျန်းမာပြီး အင်အားပြည့်ဝနေမှ မိခင်ရဲ့ ကိုယ်ခံအားနဲ့ အာဟာရဖြည့်တင်းမှုအပေါ်မှာ မှီခိုနေရတဲ့ ဘေဘီလေးက ကျန်းမာမှာပါ။

ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက် ကိုယ်ဝန်ဆောင်နေချိန်မှာ သွေးအားနည်းရောဂါကို ခံစားရတတ်ကြပါတယ်။ သံဓာတ်အားနည်းမှုကြောင့်ဖြစ်တဲ့ သွေးနီဥဆဲလ် အရေအတွက်နည်းပြီး သွေးအားနည်းရောဂါကို ခံစားရတာပါ။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ လေဒီတိုင်းလိုလို ခံစားရပါတယ်။

လေဒီ​တွေက အမျိုးသားတွေထက် သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေက ပိုများပါတယ်။ အကြောင်းကတော့ အမျိုးသမီး သဘာဝ လစဉ် ဓမ္မတာလာတဲ့ကိစ္စ ရှိနေလို့ပါ။

ကိုယ်ဝန်ဆောင်နေချိန်မှာဆိုရင် ဘေဘီလေး ကျန်းမာဖို့အတွက်ပါဆိုတော့ အာဟာရလိုအပ်ချက် ပိုမြင့်မှာက ပြောနေစရာမလိုအောင်ပါ။ ဘေဘီလေး ကျန်းမာဖို့နဲ့  ပြည့်ဝလုံလောက်တဲ့ အာဟာရတွေကို ရရှိစေဖို့ မေမေက ကျန်းမာနေမှ ဖြစ်မှာပါ။

ပုံမှန်အတိုင်းတောင် သွေးအားနည်းတာ၊ သံဓာတ်ချို့တဲ့တာမျိုး မဖြစ်စေဖို့အတွက် ကိုယ်ဝန် ၃ လရောက်တဲ့အခါ သံဓာတ်အားဖြည့်ဆေး သောက်ရတဲ့ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ကိုယ်ဝန်ဆောင်နေရချိန်မှာ သွေးလှူဖို့ဆိုတာ စွန့်စားလွန်းရာ ကျပါတယ်။ အခန့်မသင့်ရင် မေမေရော ကလေးကို ပါထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်အနေနဲ့ ကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာစေဖို့ ကိုယ်ဝန်ရှိစကနေ မွေးဖွားပြီးချိန်အထိ သွေးလှူတာမျိုး မလုပ်သင့်ပါဘူး။ ကလေးမွေးဖွားပြီး အနည်းဆုံး ၆ ပတ်ကြာမှ သွေးလှူသင့်ပါတယ်၊ လို့ အမေရိကန်သွေးဘဏ်က ဆိုပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ လုံလောက်စွာ သွေးစီးဆင်းရရှိစေဖို့ မိခင် ခန္ဓာကိုယ်ထဲမှာ အရင်က သွေးပမာဏထက် ၅၀ ရာခိုင်နှုန်းလောက် တိုးလာတယ်ဆိုပေမယ့် ဒီပမာဏ မိခင်ကျန်းမာပြီး ဗိုက်ထဲက ဘေဘီလေး အကောင်းဆုံး ကြီးထွားစေဖို့ အထောက်အပံ့ဖြစ်စေရုံပါ။ ပိုလျှံတဲ့ သဘောမရှိပါဘူး။

ဒီတော့ ကိုယ်က ပုံမှန် သွေးလှူနေတယ်ဆိုရင်တောင်မှ ဘေဘီလေးကို လွယ်ထားရချိန်မှာတော့ ကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် သွေးမလှူတာက အကောင်းဆုံးဖြစ်မှာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလှူတာက သွေးအားနည်းရောဂါ ဖြစ်စေနိုင်သလို မီးဖွားချိန်မှာ သွေးဆင်းများတဲ့အခါ သွေးသွင်းရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုသွေးသွင်းတာက မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာမျိုးတွေကို ဖြစ်စေနိုင်တာမို့ အကောင်းဆုံးကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ သွေးမလှူပါနဲ့၊ လို့ အကြံပြုပါရစေ။

ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ အချင်းသွေးလှူတာ၊ stem cell သိမ်းဆည်းတာတွေလုပ်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ သွေးကင်ဆာနဲ့ အခြားသော ကိုယ်ခံအားဆိုင်ရာ ကျန်းမာရေးပြဿနာတွေအတွက် အကူအညီပေးလို့ရပါတယ်။ ကလေးမွေးဖွားပြီးချိန်မှာ ပြည့်ပြည့်ဝဝ အနားယူမယ်။ အာဟာရပြည့်ပြည့်ဝဝ စားသုံးမယ်ဆိုရင်တော့ ကလေးမွေးဖွားပြီး ၆ လအကြာမှာ သွေးလှူလို့ရမှာပါ။

ဒါကြောင့် မိခင်လောင်းတစ်ယောက် အနေနဲ့ ကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလှူတာမျိုး မလုပ်ဖို့ ပြောပါရစေ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးရောဂါ အမျိုးအစားများ

သွေးရောဂါ တစ်ခုခု ခံစားနေရတယ်ဆိုရင် ပုံမှန်ဆေးကုသမှု ခံယူဖို့က အရေးကြီးပါတယ်။ သွေးရောဂါမှာ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေကိုလည်း သိထားဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုတာကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရနိုင်ပါတယ်။ ဒီအခြေအနေတွေကိူ အကောင်းဆုံး ကျော်လွှားဖို့ ဆိုရင်.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ကြွက်သားပြေလျော့စေမယ့်လေ့ကျင့်ခန်းပါ။

ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read