ထောပတ်သီးကို ပုံမှန်စားသုံးပေးမှုက ကိုယ်ဝန်ဆောင်မေမေတို့ကို ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ်နဲ့ အဆီဓာတ်တွေတိုးမလာစေဖို့ အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ကြွက်တက်တာကို သက်သာစေနိုင်တယ်
ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့ကြုံရနိုင်တဲ့ ပြဿနာတစ်ခုက ကြွက်တက်တာပါ။ ဒိလိုမျိုး ခြေထောက်တွေကြွက်တက်တာကို ထောပတ်သီးက အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ ငှက်ပျောသီးထက် ပိုတက်ဆီယမ် ကြွယ်ဝသလို ကယ်လ်ဆီယမ်လည်းပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်တာကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။
ဘေဘီလေးကို ဦးနှောက်ဖွံ့ဖြိုးစေနိုင်တယ်
ထောပတ်သီးမှာ choline ပါဝင်နေသလို ဖောလိတ်လည်းကြွယ်ဝစွာပါဝင်နေမှုက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
အာဟာရစုပ်ယူနိုင်စွမ်းကောင်းစေတယ်
ထောပတ်သီးက အာဟာရတွေထောက်ပံ့ပေးရုံတင်မဟုတ်ဘဲ အခြားအစားအစာတွေမှာပါတဲ့ အာဟာရဓာတ်တွေကိုပါ အကောင်းဆုံးစုပ်ယူနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။
ကိုယ်ဝန်ဆိပ်တက်တာကို လျော့ကျစေတယ်
ပိုတက်ဆီယမ်ကြွယ်ဝမှုက သွေးပေါင်မတက်အောင်ကာကွယ်ပေးနိုင်ရုံမက ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ သွေးဆိပ်တက်တာကိုပါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မေမေ့မှာ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း သိသိသာသာလျော့ကျစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။