backup og meta

သံဓာတ်အားဆေး သောက်ဖို့လိုနေပြီလား.........

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သံဓာတ်အားဆေး သောက်ဖို့လိုနေပြီလား.........

    ကျန်းမာနေတာပါပဲ။ အားဆေးတွေ ဘာတွေသောက်ဖို့ မလိုပါဘူးလို့ ယူဆနေနိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်းရော လန်းဆန်းနေရဲ့လား။ အာရုံ စူးစိုက်မှုရော ကောင်းရဲ့လား……… တစ်ချိန်လုံး လိုလိုပင်ပန်းနေမယ် အာရုံစူးစိုက်ရခက်နေမယ် ဆိုရင်တော့ သံဓာတ် လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။ ဘာ​ကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်နော်။

    ခန္ဓာကိုယ် နဲ့ သံဓာတ်

    သံဓာတ်က ကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ခန္ဓာကိုယ်က ဆဲလ်တိုင်းမှာ သံဓာတ်ပါဝင်နေပေမယ့် သ့ဒာတ်အများဆုံး ရှိနေတာကတော့ သွေးနီဥဆဲလ်တွေထဲမှာပါ။ သွေးနီဥဆဲလ်တွေက အဆုတ်ဆီက အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်က အစိတ်အပိုင်းတွေနဲ့ တစ်ရှူးတွေဆီကို ပို့ဆောင်ပါတယ်။

    သံဓာတ်က စားလိုက်တဲ့ အစားအစာတွေကနေ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေတဲ့ ဓာတ်တစ်မျိုးပါ။ သံဓာတ်က အာရုံကြောတွေကို ကျန်းမာစေနိုင်ပြီး အာရုံစူးစိုက်မှုကိုရော မှတ်ဉာဏ်ကိုပါကောင်းစေနိုင်ပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံး ဟန်ချက်ညီစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ သံဓာတ်က ပိုနေရင်လည်း ခန္ဓာကိုယ်က အရန်အဖြစ် သိုလှောင်ထားတတ်ပါသေးတယ်။

    နေ့စဉ် စားသုံးတဲ့ အစားအစာတွေမှာ သံဓာတ် ပါနိုင်တယ် ဆိုပေမယ့် လုံလောက် ပြည့်ဝအောင် ရရှိဖို့တော့ မလွယ်ပါဘူး။

    သံဓာတ် အားနည်းနေတာလား………..

    ကိုယ်တွင်းက သွေးနီဥဆဲလ်တွေထဲမှာ သံဓာတ် မလုံလောက်တဲ့အခါ သံဓာတ်အားနည်းပြီး သွေးအားနည်းရောဂါဖြစ်လာစေနိုင်ပါတယ်။ သံဓာတ်နည်းလာတဲ့အခါ သွေးနီဥဆဲလ်တွေက ခန္ဓာကိုယ်က ဆဲလ်တွေနဲ့တစ်ရှူးတွေဆီကို အောက်ဆီဂျင် လုံလောက်အောင် မထောက်ပံ့ပေးနိုင်တော့ပါဘူး။ ဒီလိုအခြေအနေမှာ

    သံဓာတ် အားနည်းတာက ဘယ်လောက်အဖြစ်များလဲ………..

    လူ ၅ ယောက်မှာ ၁ ယောက်လောက်က သံဓာတ်အားနည်နေတတ်ပါတယ်။

    ဘယ်သူတွေ သံဓာတ် အားဖြည့်ဆေး သောက်ဖို့လိုမလဲ …………..

    နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ သံဓာတ် ပါတယ်ဆိုပေမယ့် အခုလို အခြေအနေမျိုးဆိုရင်တော့ သံဓာတ်အားဖြည့်ဆေးသောက်တာက အကောင်းဆုံး ဖြစ်မှာပါ။

    ကိုယ်ဝန်ဆောင် မိခင်

    အမျိုးသမီးတစ်ယောက် အနေနဲ့ တစ်နေ့ကို သံဓာတ် ၁၅ မီလီဂရမ် ကနေ ၁၈ မီလီဂရမ်အထိ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်လိုအပ်ချက်က သိသိသာသာ မြင့်တက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင် တစ်နေ့ကို သံဓာတ် ၂၇ မီလီဂရမ် လိုအပ်မှာပါ။

    ဒီလောက်ပမာဏကို အစားအသောက်ကနေ  ရနိုင်ဖို့က မလွယ်ကူပါဘူး။ ဒီတော့ အကောင်းဆုံးနည်းလမ်းက ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်မယ့် သံဒာတ် အားဖြည့်ဆေးကို သောက်သုံးတာပါ။

    နို့တိုက် မိခင်

    ဘေဘီလေးတွေဟာ ဗိုက်ထဲမှာ ရှိစဉ်ကတည်းကမေမေ့ဆီကနေ သံဓာတ်ကို ရယူခဲ့တာဖြစ်သလို နို့စို့နေရချိန်မှာလည်း မေမေ့ဆီ ကနေပဲ သံဓာတ်ကို ရယူမှာပါ။
    ကလေးက ၆ လလောက်မှ အစားစစားမှာဆိုတော့ ၆ လမတိုင်ခင်က မေမေ့ဆီကနေပဲ အားကိုးရမှာပါ။ ဒီတော့ အကောင်းဆုံးက မေမေက သံဓာတ်ပြည့်ဝအောင် နေဖို့ပါ။ ဒါကြောင့် နို့တိုက်နေရချိန်မှာ မေမေ့အနေနဲ့ သံဓာတ်အားဖြည့်ဆေး သောက်ပါ။

    ရာသီလာချိန်

    ရာသီသွေးဆင်းတာက အမျိုးသမီးတွေကို သံဓာတ် အားနည်းစေရတဲ့ အဓိက အကြောင်းအရင်းပါ။ ဒါကြောင့် ကျန်တဲ့ အချိန်တွေမှာ သံဓာတ် အားဖြည့်ဆေးကို မသောက်ချင်ရင်တောင် ရာသီလာပြီးချိန် တစ်ပတ်လောက်တော့ သံဓာတ်အားဖြည့်ဆေးသောက်ပေးပါ။
    လေ့ကျင့်ခန်း လုပ်နေတယ်
    လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ သွေးနီဥဆဲလ်တွေက အောက်ဆီဂျင်တွေကို ပိုမို သယ်ယူပေးဖို့ လိုပါမယ်။ ဒီ​တော့ သွေးနီဥဆဲလ်တွေ ကျန်းမာစေဖို့က မဖြစ်မနေလိုအပ်မယ့် အချက်တစ်ခုပေါ့။ ဒါကြောင့် ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေချိန်မှာ သံဓာတ်အားဖြည့်ဆေး သောက်ပေးပါ။
    သွေးလှူနေတဲ့သူတွေက သံဓာတ်အားဖြည့်ဖို့ အခြားသူတွေထက် ပိုလိုအပ်မှာပါ။ ဒါကြောင့် ပုံမှန် သွေးလှူနေတယ်ဆိုရင် ပုံမှန် သံဓာတ်အားဖြည့်ဆေးသောက်ဖို့ လိုပါလိမ့်မယ်။

    ကျောက်ကပ်ဆေးနေရတဲ့သူတွေ

    ကျောက်ကပ်ဆေးနေရသူတွေက သံဓာတ်လိုအပ်ချက် မြင့်တတ်ကြပါတယ်။ အကြောင်းကတော့ ကျောက်ကပ်တွေက ခန္ဓာကိုယ်က သွေးနီဥဆဲလ်တွေကို ထုတ်လုပ်ပေးဖို့ အချက်ပြပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ erythropoietin ကို ထုတ်ပေးတာကြောင့်ပါ။ ဒါကြောင့် ကျောက်ကပ်ဆေးနေရတယ်ဆိုရင် သံဓာတ်အားဖြည့်ဆေး သောက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement