backup og meta

အားလပ်ရက်၊ပိတ်ရက်တွေမှာ အာဟာရပြည့်အစားအစာတွေ ပြင်ဆင်ဖို့ အချက် (၆) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အားလပ်ရက်၊ပိတ်ရက်တွေမှာ အာဟာရပြည့်အစားအစာတွေ ပြင်ဆင်ဖို့ အချက် (၆) ချက်

    အားလပ်ရက်တွေ ၊ ပိတ်ရက်တွေနီးပြီဆို စူပါမားကတ်တွေမှာ ဈေးဝယ်ထွက်ကြတဲ့မိသားစုတွေကို ကြည့်ရင်းတွေးမိတယ်။ ဒီလောက်စားစရာတွေအများကြီးကို ဘယ်လိုကုန်အောင်စားပစ်ကြမှာလဲလို့။ တချို့မိသားစုဆို လူသိပ်များပုံမှမရတာ။ မိသားစုလူစုံတုန်း စားသောက်စရာတွေပြင်ဆင်ပြီး စားပွဲလေးတွေလုပ်ကြမယ်ထင်ပါတယ်။

    ဒါပေမယ့် အဲဒီထဲမှာ ကျန်းမာရေးအတွက်ကောင်းတာ၊ မကောင်းတာ ဘာတွေပါသလဲ၊ ဘယ်လောက်ပမာဏများများစားလို့သင့်တော်မလဲ(တချို့အစားအစာတွေက အများကြီးစားရင် ဘေးဖြစ်တတ်ပါတယ်)၊ ကလေးတွေအတွက် သင့်တော်ရဲ့လား၊ လူကြီးမိဘတွေအတွက်ရော ဘယ်အရာကိုရွေးချယ်သင့်သလဲ စတဲ့ ထည့်တွေးစရာတွေကအများကြီးပါ။

    အားလပ်ရက်၊ပိတ်ရက်တွေမှာ အာဟာရပြည့်အစားအစာတွေ ပြင်ဆင်ဖို့ အချက် (၆) ချက်

    ဒီတော့ အားလပ်ရက်တွေ အတွက်အစားအစာတွေပြင်ဆင်တဲ့အခါ ပျော်စရာလည်းဖြစ်၊ အာဟာရလည်းပြည့်၊ဘေးလည်းကင်းစေဖို့ ထည့်စဉ်းစားသင့်တဲ့ အချက်လေးတွေ အကြံပြုလိုက်မယ်နော်။

    • ဈေးတွေလျှောက်မဝယ်ခင်မှာ အစီအစဉ်ဆွဲပါ

    အိမ်မှာပဲလား၊ ခရီးသွားကြမှာလားဆိုတာကလည်း အရင်တွေးတာကောင်းပါတယ်။ ဒါမှ လိုအပ်သလို ကြိုတင်ပြင်ဆင်ရမှာကိုး။ ဥပမာ ခရီးသွားကြမယ်ဆို လမ်းမှာစားဖို့ မုန့်တွေ၊ စားစရာတွေ ဝယ်ရမယ်၊ ကျန်းမာရေးနဲ့ညီတာဖြစ်ဖို့တော့လိုတာပေါ့။

    ကလေးအတွက်ဆောင်သွားရမယ့် အာဟာရနို့မှုန့်ဘာညာနဲ့ အသုံးအဆောင်တွေလည်းပြင်ဆင်ရမယ်။ အသီးအနှံလေးတွေပါရမယ်။ အစီအစဉ်မရှိဘဲဆိုတွေ့ရာဝယ်၊ ရှိရာစား နဲ့ ကျန်းမာရေးနဲ့မညီတာတွေ ပိုစားမိတတ်ပါတယ်။

    • ကလေးတွေ ပူဆာတိုင်း ဝယ်မပေးပါနဲ့

    ပိတ်ရက်အတွက်ဈေးဝယ်ထွက်တဲ့အခါ ကလေးကတော့ မြင်မြင်ရာမုန့်တွေ၊ အချိုရည်တွေ လက်ညှိုးထိုးမှာပဲ။ကြော်ငြာကောင်းတာတွေ သဘောကျတယ်၊ အချိုများတာတွေကြိုက်တယ်၊ အပြင်အဆင်လှရင် မက်တယ် ဆိုတာ ကလေးသဘာဝပဲလေ။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီတဲ့ စားစရာတွေကို မိဘကစောင့်ကြည့်ရွေးချယ်ပေးရမှာပါ။

    • အစားအသောက်ပြင်ဆင်တဲ့အချိန် ကလေးတွေကို ပါဝင်ခိုင်းပါ

    ကလေးတွေက သူတို့ကိုယ်တိုင်ဝင်လုပ်ထားတဲ့ စားစရာကို စားချင်စိတ်ပိုဖြစ်တတ်ပါတယ်။ အရွက်ခြွေခိုင်းတာလိုမျိုး ဝင်ကူလုပ်ပေးတယ်ဆိုရုံလေး လုပ်စရာတစ်ခုခုပေးထားဖို့ပါ။ သူပါးစပ်ထဲထည့်လိုက်လည်း အန္တရာယ်မရှိနိုင်လောက်တဲ့ အသီးအရွက်တို့ဘာတို့ဖြစ်ရပါမယ်။

    • ပမာဏအများကြီးတွေ အတင်းမစားကြပါနဲ့

    စားကြသောက်ကြနဲ့ ပျော်စရာကောင်းတယ် ဆိုပေမယ့် ပြင်ဆင်ထားတဲ့ စားစရာတွေကိုလည်း ကုန်သလောက်ပဲ စားသင့်ပါတယ်။ ကလေးကိုလည်း လွှတ်မထားဘဲ သင့်တော်သလောက်ပဲ ကျွေးပါ။

    ပုံမှန်စားနေကျ အာဟာရထက် ကျော်လွန်ပြီး သီးသန့် ပြင်ဆင်ချက်ပြုတ်ကြတဲ့ စားစရာတွေဟာ အဆီဓာတ်၊ ကယ်လိုရီနဲ့ အချိုဓာတ်၊ အငန်ဓာတ်တွေ ပိုကဲတတ်ပါတယ်။

    • ဘေးမရှိတဲ့ သရေစာလေးတွေ ဖန်တီးပါ

    ပြုပြင်ဖန်တီးထားတဲ့ အချိုများတဲ့ မုန့်တွေထက် ကိုယ်တိုင်လုပ်တဲ့ မုန့်လေးတွေက ပိုအန္တရာယ်ကင်းပြီး အာဟာရ ပြည့်ပါတယ်။ လတ်ဆတ်မှုရယ်၊ တာရှည်ခံပစ္စည်း မပါဝင်တာရယ်၊ အရောင်တု အရသာတုတွေ မပါဝင်တာရယ် နဲ့ပဲ အာဟာရတန်ဖိုးအရမ်းကွာခြားနေပါပြီ။ အချိုတည်းဖို့ အသီးလေးတွေစားတာလည်း ကောင်းပါတယ်။

  • အစားအစာရွေးတဲ့အခါ ကျန်းမာရေးနဲ့ပိုညီညွတ်တာကို ဦးစားပေးပါ
  • ဥပမာ ဟမ်ဘာဂါ သို့မဟုတ် ပီဇာတွေဆို ဝယ်စားမယ့်အစား အဆီလျှော့၊ အရည်အသွေးကောင်းတဲ့ပါဝင်ပစ္စည်းတွေသုံးပြီး ကိုယ်တိုင်လုပ်ကျွေးပါ။ မလုပ်နိုင်ရင် မိသားစုအကြိုက်တွေ့စေမယ့် စားစရာတစ်ခုခုကို အစားထိုးပါ (ဥပမာကြေးအိုးဖြစ်ဖြစ်)။

    ဒီအစားအစာတွေက တစ်ခါတလေတော့ စားလို့ပြဿနာမရှိပေမယ့် များရင်တော့ အဝလွန်ခြင်းကစပြီး သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းတွေအထိဖြစ်လာစေနိုင်လို့ပါ။ ဝယ်စားကြမယ်ဆိုလည်း အဆီများ၊ အငန်များ၊ အချိုများတဲ့ အမှတ်တံဆိပ်တွေ၊ စားသောက်ဆိုင်တွေကိုရှောင်ပါ။

    ကလေးနဲ့ ဓာတ်မတည့်တဲ့ အစားအသောက်တွေရှိနိုင်တာကြောင့် အစားစုံကျွေးတဲ့အခါ သတိထားပါ။ ကလေးနဲ့ မတည့်တဲ့ ပါဝင်ပစ္စည်းတွေကို ရှောင်ဖို့ မမေ့ပါနဲ့။

    ကျန်းမာရေးနဲ့ညီအောင်စားပါဆိုလို့လည်း စားကောင်းတာတွေ အကုန်ရှောင်ဖို့ မဟုတ်ပါဘူးနော်။ အတိုင်းအချင့်နဲ့ ဆင်ခြင်စားသုံးရင်ဘေးကင်းပျော်ရွှင်နိုင်ပါတယ်။ အားလပ်ရက်၊ပိတ်ရက်တွေမှာ အာဟာရပြည့်အစားအစာတွေ ပြင်ဆင်ဖို့ အသင့်ပဲလား ……….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement