အဝလွန်နေတဲ့ကလေး ဆီးချိုဖြစ်နိုင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 10, 2020 . 2 mins read
Share now

မျှတတဲ့ အစာအာဟာရကို နေ့စဉ်စားသုံးဖို့နဲ့ နေ့စဉ် ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ဆောင်နေမှသာ ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို သေချာထိန်းထားပေးနိုင်မှာပါ။ ကလေးတွေအတွက် နေ့စဉ် ပြီးပြည့်စုံတဲ့ အစာအာဟာရ ရရှိဖို့ ပိုပြီးတောင် အရေးကြီးပါတယ်။ အစားအသောက်မမှန်တဲ့ ကလေးတွေဟာ အဝလွန်လာမယ်။ ကိုယ်လက်လေးလံ ထိုင်းမှိုင်းလာမယ်။ နောက်ဆက်တွဲအနေနဲ့ ဆီးချိုရောဂါကိုပါ စောစီးစွာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေး တစ်နေ့တာ စားသောက်ရမယ့် အစားအစာကို အစီအစဉ်သေချာရေးဆွဲပြီး ချမှတ်ပေးပါ။

အစားအစာနဲ့ ကိုယ်အလေးချိန်

ကလေးတိုင်းနီးပါးဟာ အချိုပါဝင်မှုများတဲ့ အစားအစာတွေ၊ အအေးတွေ ကြိုက်နှစ်သက်ကြပါတယ်။ အာဟာရဖြစ်စေတဲ့ အစာထက် မုန့်ပဲသွားရေစာတွေကို စားရတာကို ပိုသဘောကျပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါပဲ။ ဒါပေမဲ့ မိဘတွေဘက်က ဂရုမစိုက်ပဲ ကိုယ့်ကလေး စားပါစေဆိုပြီး လွှတ်ထားလိုက်ရင်တော့ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေ ကြုံလာရနိုင်ပါတယ်။

အချိုများတဲ့ အစားအသောက်တွေဟာ ကလေးကို အဝလွန်စေတဲ့ အဓိက တရားခံတွေပါပဲ။ ကလေးတွေဟာ ချိုတဲ့အရသာဆိုရင် ပိုပြီး စွဲလမ်းကြတယ်။ မိဘတွေဘက်က သေချာဂရုမစိုက်မိလိုက်တဲ့အချိန်မျိုးမှာ ကလေးတွေ အချိုတအားစားမိပြီး တဖြည်းဖြည်းနဲ့ အဝလွန်လာနိုင်ပါတယ်။ လုံးဝမစားရဘူးလို့ ကန့်ကွက်တာထက် တစ်နေ့ကို ပမာဏတစ်ခု သတ်မှတ်ပေးပြီး ကလေးကို ကျွေးပါ။ ကလေးကိုလည်း အချိုတွေအများကြီးစားရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို အမြဲရှင်းပြပေးပါ။

အဝလွန်ကလေးတွေနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ

အချိုအစားများပြီး အဝလွန်နေတဲ့ ကလေးတွေမှာ အများဆုံးတွေ့ရတတ်တဲ့ ရောဂါကတော့ အမျိုးအစား (၂) ဆီးချိုရောဂါပဲ ဖြစ်ပါတယ်။

ဂလူးကို့စ် – glucose ဆိုတာ ကိုယ်ခန္ဓာက လိုအပ်တဲ့ အားအင်တွေကိုဖြည့်တင်းပေးဖို့ သကြားဓာတ်တစ်မျိုးပါ။ ဂလူးကို့စ်တွေကို အင်ဆူလင် – insulin လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးက ထိန်းချုပ်ပေးပါတယ်။ အင်ဆူလင်ဟော်မုန်းကို အဓိက ပန်ကရိယ – pancreas ကနေ ထုတ်လုပ်ပေးပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါတွေမှာ တွေ့ရတဲ့ ပြဿနာကတော့ ပန်ကရိယက အင်ဆူလင်ဟော်မုန်း ထုတ်လုပ်ပေးနေပေမယ့်လည်း အင်ဆူလင်ဟာ ခန္ဓာကိုယ်ထဲမှာ ပုံမှန်လို အလုပ်မလုပ်နိုင်တော့တာပါ။ အင်ဆူလင်ကောင်းစွာ အလုပ်မလုပ်နိုင်တော့တဲ့အခါမှာ သွေးတွင်းသကြားဓာတ်တွေဟာ အဆမတန် မြင့်တက်လာပါတယ်။ ကိုယ်အလေးချိန်အရမ်းတက်ပြီး အဝလွန်နေတဲ့ ကလေးတွေမှာ အမျိုးအစား (၂) ဆီးချိုဖြစ်နိုင်ခြေ ပိုများတဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းချုပ်ရတာ ပိုခက်နိုင်ပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါမှာ အင်ဆူလင် မတိုးတော့တဲ့ အခြေအနေ (insulin resistance) ဖြစ်လာပါတယ်။ ခန္ဓာကိုယ်က အင်ဆူလင်ကို ထုတ်ပေးနေသည့်တိုင်အောင် အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့အတွက် သွေးတွင်းဂလူးကို့စ်တွေ များလာတယ်။ အဲ့ဒီအခါမှာ ပန်ကရိယက အင်ဆူလင်ကို နဂိုကထက် ပိုထုတ်ပေးနေရတော့ ဒဏ်ဖြစ်လာပါတယ်။

ကလေးတွေ ဆီးချို မဖြစ်အောင် ဘယ်လိုဂရုစိုက်ပေးမလဲ။

ကလေးတွေကို ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခိုင်းတာမျိုး၊ မကြာခဏ အားကစားလုပ်ခိုင်းတာ၊ ညနေဘက်တွေမှာ ဆော့ကစားစေပြီး ကိုယ်အလေးချိန်ကျအောင် လုပ်ပေးပါ။ အိမ်ထဲမှာ လှောင်ပိတ်ထားပြီး တီဗီကြည့်တာမျိုး၊ ဖုန်း၊ ကွန်ပျူတာ အသုံးပြုနေတာတွေ့ပြီဆိုရင်လည်း အပြင်ထွက် ကစားခိုင်းပါ။ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ အစရှိတဲ့ လေ့ကျင့်ခန်းတွေ အတူလုပ်လို့ရသလို အားကစားလိုက်စားစေဖို့လည်း မမေ့ပါနဲ့။

အစာအာဟာရဟာ ကျန်းမာရေးအတွက် အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာကြောင့် ကိုယ့်ကလေးရဲ့ နေ့စဉ်အာဟာရမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက်စွာ ရရှိစေဖို့ မိဘတွေအနေနဲ့ ဂရုစိုက်ပေးပါ။ အချိုများတဲ့ ကိတ်မုန့်၊ သကြားလုံး၊ ရေခဲမုန့်၊ ဆိုဒါအအေးတွေကို တစ်နေ့လျှင် ပမာဏ နည်းနည်းသာ စားစေဖို့ ပြောပေးပါ။ အချိုကို လုံးဝမစားတာထက် ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ထိန်းပြီး စားနိုင်ဖို့အတွက် အလေ့အကျင့်လုပ်ထားပေးဖို့ အရေးကြီးပါတယ်။

မိသားစုဝင်တွေအပါအဝင် ကိုယ့်ကလေးရဲ့ ကျန်းမာရေးကို မျက်ခြေမပြတ်စေဖို့ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးပါ။ ကိုယ့်ရဲ့ ကလေး စားတတ်တဲ့ အစားအစာတွေ၊ မုန့်ပဲသွားရေစာတွေကို မှတ်ထားပြီး ဆရာဝန်ကို ပြောပြပေးပါ။ ဘယ်ရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ။

ကလေးတွေအတွက် မရှိမဖြစ်အာဟာရ

ကလေးတွေကို ကျွေးတဲ့ အစားသောက်တွေမှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ(Prebiotics) တွေပါသင့်ပါတယ်။ ဒါမှ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းလာပြီး အပြင်ကဝင်လာတဲ့ ရောဂါပိုးတွေကို မြန်မြန်တိုက်ထုတ်နိုင်မှာပါ။ ဒါ့အပြင် ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက် အရေးပါတဲ့ ဓာတ်တွေဖြစ်တဲ့ DHA၊Omega-3နဲ့ Omega-6 ပါဝင်တဲ့ အစားအသောက်တွေကိုလည်း ကျွေးသင့်ပါတယ်။ ကလေးတွေကိုကြီးထွားဖွံဖြိုးစေတဲ့ နို့တွေထဲမှာDHA၊ Omega-3၊ Omega-6 နဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) တို့ ကြွယ်ဝစွာ ပါဝင်လို့ ကိုယ့်ရဲ့ ကလေးကို ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာစေလိုတဲ့ မေမေတွေအနေနဲ့ သေချာတိုက်ကျွေးသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သစ်သီးတွေများ အစားများနေပြီလား……

သစ်သီးစားတာ အကျိုးကျေးဇူးတွေ အမျိုးအစား (၂) ဆီးချိုရောဂါ အရေပြား ပြဿနာ အဝလွန် လေပွတာ ဝမ်းပျက်ဝမ်းလျှော အော့အန်တာ သွေးတွင်းသကြားဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အသက် ၅၀ ကျော်သူတိုင်းစားပေးသင့်တဲ့ အစားအစာတွေ

အသက် အသက်အရွယ် အသက်ကိုဉာဏ်စောင့်တယ် ကျန်းမာပျော်ရွှင်စွာ ထောပတ်သီး  နှလုံး သွေးပေါင်ချိန် အနက်ရောင်ချောကလက် သွေးတွင်းကိုလက်စထရော အစာခြေစနစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကြက်ဟင်းခါးရွက် ရဲ့ဆေးဖက်ဝင်ပုံက

ကြက်ဟင်းခါးရွက် ဗီတာမင်K ဗီတာမင် ကြက်ဟင်းခါးသီး အခါးဓာတ် အပွင့် ခါးသက်သက် ဆီးချို နှလုံး ကိုယ်ဝန်ဆောင် ကျန်းမာရေး ဆေးဖက်ဝင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ

ဆီးချိုရှိသူ သတိထားသင့်တဲ့လက္ခဏာတွေ သွေးတွင်းသကြားဓာတ် ရေငတ် အစာမကြေ ခြေကုန်လက်ပမ်းကျ အစာခြေစနစ် ချွေးထွက်မယ် အားမရှိ နေထိုင်ရအဆင်မပြေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင် မေမေ အချိုစားများတာက မွေးလာမယ့် ဘေဘီလေးမှာ ပန်းနာရင်ကျပ်ဖြစ်စေနိုင်

ကိုယ်ဝန်ဆောင် မေမေ အချိုစားများတာက မွေးလာမယ့် ဘေဘီလေးမှာ ပန်းနာရင်ကျပ်ဖြစ်စေနိုင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 29, 2020 . 1 min read
ကိုယ်အလေးချိန် အမြန်လျှော့ချနိုင်မယ့် အဆင့်သုံးဆင့်

ကိုယ်အလေးချိန် အမြန်လျှော့ချနိုင်မယ့် အဆင့်သုံးဆင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 15, 2020 . 2 mins read
ပိန္နဲသီးစိမ်း ကပေးတဲ့ ကျန်းမာရေး

ပိန္နဲသီးစိမ်း ကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 7, 2020 . 2 mins read
အထိုင်များတာကြောင့် ရှင်သန်မှုလက္ခဏာ နှလုံးလေးကို ထိခိုက်စေနိုင်ပါသတဲ့

အထိုင်များတာကြောင့် ရှင်သန်မှုလက္ခဏာ နှလုံးလေးကို ထိခိုက်စေနိုင်ပါသတဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 6, 2020 . 2 mins read