၉ လ လွယ်လို့ ၁၀ လ ဖွားထားရတဲ့ ကလေးကို အကောင်းဆုံး မကြီးပြင်းစေချင်တဲ့ မိဘ ဘယ်မှာ ရှိလိမ့်မလဲ။ ဗိုက်ထဲ လွယ်ထားရကတည်းက ကလေး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ အစားအစာ တစ်ခုချင်းစီတိုင်း လှုပ်ရှားမှု တစ်ရပ်ချင်းစီ တိုင်းကို သေချာ ဂရုစိုက် ခဲ့ကြတာ မိဘတွေပါ။ ဒီလို ဂရုစိုက်မှုတွေက အရွယ်ရောက် တဲ့အထိ လစ်ဟင်းမှု တစိုးတစိ မရှိတတ်ကြပါဘူး။ ဒီတစ်ခေါက်တော့ ကလေးကို အကောင်းဆုံး ဂရုစိုက်ပေးချင်တဲ့ မေမေ ဖေဖေတို့ သတိလက်လွတ် ဖြစ်နေနိုင်တဲ့ အချက်လေး တစ်ခု အကြောင်း ပြောပြပေးချင်ပါတယ်။