လက်ချောင်းထိပ်လေးကို စမ်းသပ်ရုံနဲ့နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းနိုင်မယ့်နည်းလမ်းသစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

လက်ချောင်းလေးတွေက ကိုင်တွယ်ဖို့၊ နေ့စဉ်လှုပ်ရှားမှုတွေမှာ အဆင်ပြေအောင်အထောက်အကူပြုပေးရုံပဲ အသုံးဝင်တာလား။ မဟုတ်ပါဘူး။ လက်ချောင်းလေးတွေကို ကြည့်ပြီး သင့်မှာ နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းလို့ရတယ်လို့ မကြာသးခင်ကလုပ်ခဲ့တဲ့ လေ့လာမှုအရသိရပါတယ်။ လက်ချောင်းလေးတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို ဘယ်လိုဖော်ပြနေလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

လက်ချောင်းထိပ်လေးကို စမ်းသပ်ရုံနဲ့သိနိုင်မယ့် နှလုံးရောဂါဖြစ်နိုင်ခြေ

နှလုံးရောဂါကြောင့် နှစ်စဉ်သေဆုံးသူဦးရေမနည်းပါဘူး။ ဒီလိုမျိုး လူတော်တော်များများကိုအသက်အန္တရာယ်ခြိမ်းခြောက်နေတဲ့ရောဂါကို  သွေးတစ်စက်မထုတ်ရဘဲ စစ်ဆေးလို့ရတော့မယ်ဆိုတော့ ဘယ်လောက်တောင်ကောင်းလိုက်သလဲနော်။ ဒီတော့လူတော်တော်များများကို အသက်ဆုံးရှုံးစေနေတဲ့ နှလုံးရောဂါကို ခန့်မှန်းနိုင်မယ့် နည်းလမ်းလေးက ဘယ်လိုမျိုးလဲဆိုတာကို ကြည့်လိုက်ရအောင်လား။

အရေပြားကို အပ်နဲ့တောင်ထိုးစိုက်မှုတစ်ချက်မလုပ်ဘဲ လက်ထိပ်လေးကိုပဲ စမ်းသပ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို စမ်းသပ်ပေးမယ့် နည်းလမ်းကို reactive hyperemia peripheral arterial tonometry (RH-PAT) လို့ခေါ်ပါတယ်။ လက်ရှိမှာ စမ်းသပ်လုပ်ဆောင်ပေးနိုင်မှုနည်းနေသေးပေမယ့် နောက်ပိုင်းမှာ ဆရာဝန်တိုင်းရဲ့ ဆေးခန်းတွေမှာ အလွယ်တကူထားရှိစစ်ဆေးပေးနိုင်တော့မှာပါ။

ဒီစမ်းသပ်မှုက လက်ချောင်းထိပ်လေးက သွေးစီးဆင်းမှုကို စစ်ဆေးတာပါ။ သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ လက်မာင်းကို ပတ်ထားပြီး သွေးခုန်နှုန်းတိုင်းတာမှု မလုပ်ခင်နဲ့လုပ်ပြီးချိန်မှာ လက်ချောင်းထိပ်လေးမှာရှိနေတဲ့ သွေးစီးဆင်းမှုကို တိုင်းတာတာပါ။ ဒီစစ်ဆေးမှုက သွေးကြောနံရံတွေကျန်းမာမှုရှိလားဆိုတာကို စစ်ဆေးတာပါ။ ကျန်းမာနေတဲ့သွေးကြောလေးတွေရဲ့ လုပ်ဆောင်မှုက နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းဖို့ အကောင်းဆုံးအထောက်အကူပြုပေး နိုင်ပါတယ်။

ဒီလေ့လာမှုအတွင်း လူ ၉၄ ဦးကိုလေ့လာစမ်းသပ်ခဲ့ပါတယ်။ လေ့လာမှုအရ သူတို့ထဲကထက်ဝက်လောက်က နှလုံးရောဂါခံစားရနိုင်ခြေရှိတယ်လို့ တွေ့ခဲ့ရပြီး ဆေးစစ်ကြည့်တဲ့ခါမှာ နှလုံးရောဂါရဲ့ အစောပိုင်းလက္ခဏာတွေကို ခံစားနေရတာကို တွေ့ရှိခဲ့ရပါတယ်။ လက်ချောင်းထိပ်လေးတွေက သွေးစီးဆင်းမှုကို စစ်ဆေးပြီး နှလုံးရောဂါခံစားရနိုင်ခြေရှိသလားဆိုတာကို ခန့်မှန်းတာပါ။

စစ်ဆေးမှုကိုခံယူတဲ့အခါ RH-PAT ညွှန်းကိန်းက မြင့်နေမယ်ဆိုရင် သွေးကြောတွေက ကျန်းမာတဲ့အနေအထားပါ။ တကယ်လိုပ RH-PAT ညွှန်းကိန်းက နည်းနေမယ်ဆိုရင် သွေးကြောတွေရဲ့ ကျန်းမာမှုကအားနည်းနေပြီပဲဖြစ်ပါတယ်။ RH-PAT ညွှန်းကိန်းနည်းနေသူတွေက နှလုံးရောဂါဖြစ်နိုင်ခြေလည်း တော်တော်လေးများနေပါတယ်။ လက်ချောင်းထိပ်က သွေးကြောလေးတွေ မကျန်းမာဘူးဆိုတာက နှလုံးတဝိုက်က သွေးကြောလေးတွေလည်း မကျန်းမာဘူးဆိုတာကို ဖော်ပြနေတာပါ။

ဘာတွေက နှလုံးရောဂါဖြစ်စေနိုင်တာလဲ………….

နှလုံးရောဂါက မွေးရာပါဖြစ်နိုင်သလို နေထိုင်စားသောက်မှုပုံစံမှားယွင်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို ပိုတိုးစေနိုင်ပါတယ်။

နှလုံးရောဂါရှိနေကြောင်းပြသနေတဲ့ လက္ခဏာတွေ

နှလုံးရောဂါခံစားနေရတဲ့အခါ

  • ရင်ဘတ်ထဲကအောင့်တာ
  • ခေါင်းထဲမှာ ခပ်ပေါ့ပေါ့ကြီးဖြစ်ပြီ မူးနေတာ
  • မအီမသာဖြစ်တာ
  • အသက်ရှု ပြတ်တောင်းပြတ်တောင်းဖြစ်တာ
  • မေးရိုး၊ ဇက် နဲ့ နောက်ကျောမှာ အားမရှိသလိုဖြစ်ပြီး ညောင်းနေတာမျိုးတွေခံစားရနိုင်ပါတယ်။

နှလုံးရောဂါကို ဘယ်လိုကာကွယ်မလဲ….

နှလုံးရောဂါမဖြစ်စေဖို့ဆိုရင်

  • ဆေးလိပ်ဖြတ်ပါ
  • ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီကိုပဲ စားပေးပါ
  • အမျှင်ဓာတ်ကြွယ်ဝတာကို စားပါ
  • အယ်လ်ကိုဟောလျှော့ပါ
  • ကိုယ်အလေးချိန်ထိန်းပါ
  • လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
  • သွေးပေါင်ချိန်တိုင်းပါ
  • သွေးချိုထိန်းပါ
  • စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပါ စတဲ့အလေ့အထလေးတွေကိုပျိုးထောင်ရပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

ခြင်ဆေး ခြင် အိမ်တွင်းနည်းလမ်း ခြင်ပြေးစေမယ့် နေအိမ် နည်းလမ်းလေးတွေ ကြက်သွန်ဖြူ လေးညှင်းပွင့် ရေနွေး သံပရိုသီး ပင်စိမ်း ခြင်ပြေးစေမယ့် နည်းလမ်း ပူစီနံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အသားအရေအတွက် အကောင်းဆုံးအဆီများ

အသားအရေစိုပြည်စေဖို့ အရေပြား အစိုဓာတ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း သဘာဝအဆီများ အုန်းဆီ ဗီတာမင် E Rosehip အလှအပ နေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ငွေဝင်တော့မယ့် လက်ဖဝါးနုနု ယားယံနေပြီလား

လက် အရေပြား ယားယံခြင်း အသားအရေ အသားခြောက် ဓာတ်မတည့် ဓာတုပစ္စည်း အရေပြားရောဂါ မှိုစွဲခြင်း အစိုဓာတ် လေထု ဆပ်ပြာ ဆီးချိုရောဂါ လိမ်းဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

သက်သတ်လွတ်စား ကိုယ်အလေးချိန် သံဓာတ် Omega 3 ကယ်လ်လိုရီ ဗီတာမင် B12 ကျန်းမာရေး ဒိန်ခဲ ဟင်းသီးဟင်းရွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ဘောစကိုင်း ပင်ရဲ့ ဆေးဖက်ဝင်ပုံ အဖုံဖုံ

ဘောစကိုင်း ပင်ရဲ့ ဆေးဖက်ဝင်ပုံ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 2 mins read
ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 1 min read

အရက်မသောက်ပဲအသည်းအဆီဖုံးတာကို ဘယ်လိုတိုက်ထုတ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 2 mins read
ပိုးကောင်ကိုက်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

ပိုးကောင်ကိုက်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 1 min read