home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးကို အဖျားတာတိုစေမယ့် အစားအသောက်များ

ကလေးကို အဖျားတာတိုစေမယ့် အစားအသောက်များ

အစားအစာတွေက ခန္ဓာကိုယ်ကို ခွန်အားထောက်ပံ့ပေးတာထက်ပိုတယ်ဆိုတာအမှန်ပါပဲ။ ဖျားတဲ့နာတဲ့အခါ ထိခိုက်ဒဏ်ရာတစ်စုံတစ်ခုရထားတဲ့အခါ အစားအစာကို မှန်ကန်အောင်စားသောက်ပေးမယ်ဆိုရင် ဖျားနာမှုကို သက်သာစေသလို အနာတွေကိုလည်းကျက်စေနိုင်ပါတယ်။ အချို့သောအစားအစာတွေက အားဖြစ်စေတယ်ဆိုတာထက်ပိုစေပြီး အအေးမိဖျားနာတာတွေကိုပါတိုက်ထုတ်ပေးနိုင်တာပါ။ ဒါကြောင့် အဖျားတာတိုစေအောင် ကလေးကို ဘယ်လိုကျွေးမွေးရမလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

ဖျားနာနေတဲ့ကလေးကိုမြန်မြန်သက်သာစေမယ့်အစားအသောက်များ

ကြက်စွပ်ပြုတ် –ဒီအစားအစာက အဖျားသက်သာစေနိုင်တယ်လို့ လူတော်တော်များများလက်ခံထားတဲ့ အစားအစာတစ်ခုပေါ့။ ကြက်စွပ်ပြုတ်မှာ ဗီတာမင်၊သတ္တုဓါတ်တွေ၊ ပရိုတင်းနဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေများစွာပါဝင်နေတာကြောင့် ဖျားနာနေတဲ့ကလေးငယ်အတွက်အသင့်တော်ဆုံးဖြစ်မယ့် အစာကြေလွယ်တဲ့ အစားအစာတစ်မျိုးပေါ့။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်ကိုလည်းဖြည့်တင်းပေးနိုင်မှာပါ။

အုန်းရည်နေထိုင်မကောင်းတဲ့အခါချွေးထွက်တာကြောင့်ဖြစ်ဖြစ် အော့အန်တာကြောင့်ဖြစ်ဖြစ် ရေဓာတ်တွေဆုံးရှုံးနိုင်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ရေဓာတ်က မရှိမဖြစ်အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်တာကြောင့် မြန်မြန်ကျန်းမာဖို့ လိုအပ်တဲ့ရေဓာတ်ကို ကလေးကြိုက်နှစ်သက်လောက်တဲ့အရသာရှိတဲ့ အုန်းရည်နဲ့ ပြန်ဖြည့်ပေးလိုက်ပါ။

လက်ဖက်ရည်ကြမ်း -နေမကောင်းတဲ့အခါ ရေနွေးခပ်ပူပူလေးကချွေးထွက်ပြီး သက်သာသွားစေဖို့အထောက်အပံ့ပေးပါတယ်။ ဖျားနာမှုကြောင့်ခံစားရနိုင်တဲ့ နှာခေါင်းပိတ်တာနဲ့ လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုလည်းဖြည့်တင်းပေးနိုင်တာကြောင့်နေမကောင်းတဲ့အခါ ကလေးကိုရေခပ်နွေးနွေးလေးကိုဖြည်းဖြည်းချင်းသောက်ခိုင်းပေးပါ။

ပျားရည် – ကလေးအရမ်းငယ်သေးရင်တော့ မသင့်တော်ပါဘူး။ ဒါပေမယ့် ကလေးက ၁ နှစ်ခွဲ ၂ နှစ်လောက်ဆိုရင်တော့ အဖျားပျောက်စေဖို့အတွက် သဘာဝဆေးတစ်မျိုးဖြစ်တဲ့ ပျားရည်ကိုတိုက်ကျွေးပေးလို့ရပါတယ်။ ပျားရည်ကိုရေနွေးထဲထည့်ပြီးသောက်သုံးပေးမယ်ဆိုရင် ကလေးကို အဖျားသက်သာစေတဲ့အအပြင် အဖျားကြောင့်ဖြစ်တဲ့ချောင်းဆိုးတာကိုပါသက်သာစေမှာပါ။ ပျားရည်က ကိုယ်ခံအားကိုလည်းကောင်းစေနိုင်ပါတယ်။

ငှက်ပျောသီ – ဖျားနေတဲ့အခါ ငှက်ပျောသီးကျွေးပေးတာက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လ်လိုရီနဲ့ အာဟာရဓာတ်တွေကိုထောက်ပံ့ပေးနိုင်မှာပါ။ ဝါးရတာလွယ်သလို အရသာလည်းရှိတဲ့အပြင် ကလေးလည်းအကြိုက်တွေ့မှာပါ။ ငှက်ပျောသီးမှာပါတဲ့ အမျှင်ဓာတ်က ဝမ်းသွားတာကိုလည်း သက်သာစေနိုင်မှာပါ။

အုတ်ဂျုံ – အစာကြေလွယ်ပြီး အာဟာရပြည့်ဝတဲ့အစားအသောက်ပါ။ ကယ်လ်လိုရီ၊ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေပြီး ကိုယ်ခံအားကောင်းစေဖို့ အထောက်အပံ့ပေးမှာပါ။ ပရိုတင်းကြွယ်ဝတာကြောင့်မြန်မြန်အားပြန်ပြည့်စေမှာပါ။

ဒိန်ချဉ် – ဖျားနေတဲ့သူတွေအတွက် သင့်တော်တဲ့အစားအသောက်ပါ။ ဒိန်ချဉ်တစ်ခွက်စာမှာ ကယ်လ်လိုရီ ၁၅၀ ဂရမ်ပါဝင်နေပြီး ပရိုတင်းက ၈ ဂရမ်ပါဝင်နေပါတယ်။ ကယ်လ်ဆီယမ်ဓါတ်တွေပါဝင်နေသလို ဗီတာမင်၊သတ္တုဓာတ် နဲ့ အစာခြေစနစ်အတွက်အကျိုးပြုတဲ့ Probioticsတွေလည်းပါဝင်နေပါတယ်။ အရသာရှိရှိလေးစားနိုင်တာကြောင့် ကလေးလည်းကြိုက်နှစ်သက် အဖျားသက်သာစေဖို့လည်းအထောက်အပံ့ဖြစ်စေမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

The 15 Best Foods to Eat When You’re Sick https://www.healthline.com/nutrition/15-best-foods-when-sick#section4 Accessed Date 5 November 2018

Healthy Eating and Active Living https://www.albertahealthservices.ca/assets/info/nutrition/if-nfs-healthy-eating-active-living-for-your-1-to-4-year-old.pdf Accessed Date 5 November 2018

Best ways to treat cold and flu in kids https://www.todaysparent.com/family/family-health/your-cold-and-flu-cheat-sheet/ Accessed Date 5 November 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 25/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။