ကလေးတွေမှာ ထိခိုက်ဒဏ်ရာဖြစ်လာရင် ဒီ (၇) ချက်ကိုဂရုစိုက်ပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ချော်လဲမယ်နော်၊ပြုတ်ကျမယ်နော်၊ ထိမိတော့မှာပဲ ဆိုတဲ့ စကားသံတွေက ကလေးရှိတဲ့အိမ်တိုင်းမှာ ကြားရလေ့ရှိတဲ့အသံပါ။ အမြဲ ပြေးလွှားလှုပ်ရှား အငြိမ်မနေတတ်တဲ့ ကလေးလေးတွေအတွက်က ပွန်းပဲ့ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာဆိုတာ မကင်းနိုင်တဲ့အရာတွေဖြစ်ပါတယ်။ ကြိုတင်ကာကွယ်လို့ရတဲ့အရာတွေရှိပေမယ့် ကလေးမှာထိခိုက်ဒဏ်ရာရှိလာပြီဆိုရင် နည်းလမ်းမှန်နဲ့ပြုစုဂရုစိုက်ပေးရမှာ မိဘတွေတာဝန်ပါ။

ထိခိုက်မှုဒဏ်ရာကြီးရင်တော့ဆေးရုံ၊ဆေးခန်းအမြန်ပြဖို့လိုအပ်ပါတယ်။တော်တန်ရုံထိခိုက်ပွန်းပဲ့တာ၊ အရေပြားပေါက်ပြဲတာ၊ ထိရှတာတွေကို အိမ်မှာပဲ ဘယ်လိုဂရုစိုက်ပေးလို့ရမလဲ ဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။

အနာကိုဂရုစိုက်ပေးသင့်တဲ့အချက် (၈) ချက်

(၁) ဒဏ်ရာကိုရေနဲ့ဆေးကြောပါ

ကပ်ငြိနေတဲ့ အညစ်အကြေးတွေသန့်စင်သွားအောင် ဒဏ်ရာကို တစ်မိနစ်ခွဲလောက်ကြာအောင် ရေလောင်းချပြီးဆေးကြောပေးပါ။ လိုအပ်ရင် ဆပ်ပြာအပျော့စားနဲ့ ဆေးကြောပါ။

(၂) အဝတ်နုသန့်သန့်နဲ့ တို့သုတ်ပါ

ခပ်ဖွဖွ တို့သုတ်ပါနော်။ ဒဏ်ရာကသွေးထွက်နေတုန်းပဲဆိုရင် အနာေပါ်ကနေ ငါးမိနစ်လောက် ဖိထားပေးပါ။

(၃) အရက်ပြန် သို့မဟုတ် hydrogen peroxideတွေမသုံးပါနဲ့

ဒါတေထည့်ရင် ပိုစပ်မယ်၊လောင်မယ်၊ပြီးတော့ ထည့်ဖို့မလိုဘူး လို့သိထားရပါမယ်။ ဒါ့အပြင် အရက်ပြန်က အရေပြားကိုခြောက်သွေ့စေပြီး(ခြောက်သွေ့ရင် အနာကျက်နှေးစေနိုင်တယ်)hydrogen peroxide က ကျန်းမာတဲ့ဆဲလ်တွေရှင်သန်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

(၄)ဆေးထည့်ပါ

အနာကိုသန့်စင်ပြီးတာနဲ့ အနာထည့်ဆေးတွေ ထည့်ပေးသင့်ပါတယ်။ဆေးထည့်ပြီးလည်း ဒီအတိုင်းမထားဘဲ ပလာစတာ ဖုံးအုပ်ပေးထားရမယ်နော်။Povidone-iodine ပါဝင်တဲ့အတွက် ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ရှနာမှန်သမျှကို အနာအမြန်ကျက်စေတဲ့အပြင် အပူလောင်နာအတွက်ပါ သုံးလို့ရပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တို့လိုရောဂါပိုးမွှားတွေ နှိမ်နင်း၊ ကာကွယ်နိုင်တဲ့ဆေးဖြစ်လို့ အနာပိုးမဝင်ဖို့ပါ ကာကွယ်ပေးနိုင်ပါတယ်။

(၅) မျက်နှာမှာ ထိခိုက်ခဲ့ရင် ဒဏ်ရာကို စစ်ဆေးပါ

မျက်နှာမှာ အသေးစားထိခိုက်မှုက လွယ်လွယ်နဲ့အနာကျက်သွားမှာဖြစ်ပေမယ့် မျက်လုံးနား နီးနေသလားသေချာကြည့်ပါ။ အနာက မျက်စိနဲ့ နီးလွန်းတာ ဒါမှမဟုတ် ဒဏ်ရာကြီးရင် ဆရာဝန်အမြန်ပြပါ။ အသေးစားထိခိုက်ဒဏ်ရာဆိုရင်လည်း မပေါ့ဆဘဲ အနာဂရုစိုက်နည်းမှန်ကန်မှ ကလေးရဲ့မျက်နှာလေးမှာ အမာရွတ်မကျန်နိုင်မှာပါ။

(၆) အနာကို ဒီအတိုင်းမထားပါနဲ့

ဆိုလိုတာက အနာကို မဖုံးအုပ်ဘဲလေသလပ်ခံတာက အရေပြားကိုခြောက်သွေ့စေပြီး အနာဖေးတက်စေတာကြောင့် အနာကျက်နှေးစေပြီး ပိုးဝင်ခြင်း၊ အမာရွတ်ကျန်ခြင်းတွေဖြစ်နိုင်ခြေများစေပါတယ်။ ကလေးဆိုတော့ အနာဖေးတွေခြောက်လာရင် ခွာတတ်ကြတယ်၊ဆော့ရင်းကစားရင်း ညစ်ပေသွားနိုင်တယ်၊ အနာပြန်ပွင့်ပြီးသွေးထွက်စေနိုင်တယ်။နေရောင်ခြည်နဲ့ထိတွေ့ရင်လည်း အမာရွတ်ဖြစ်စေပြီး အရေပြားဆဲလ်အသစ်တွေကို ထိခိုက်ပျက်စီးစေနိုင်တယ်။ ဆေးထည့်ပြီးတဲ့အခါ ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ထားမှ အရေပြားအသစ်ဖြစ်ပေါ်ဖို့ အကောင်းဆုံးအခြေအနေဖန်တီးပေးနိုင်မယ်၊ အနာပိုးမဝင်အောင် ကာကွယ်နိုင်မယ်။

(၇) ဒဏ်ရာအခြေအနေကိုနေ့တိုင်း စစ်ဆေးပါ

အနာကို စစ်ဆေးတယ်ဆိုတာ ပလာစတာကို ခွာခွာပြီးကြည့်ဖို့မဟုတ်ပါဘူးနော်။ ပလာစတာ၊ ပတ်တီးကို တစ်နေ့တစ်ကြိမ် လဲရင်း၊ဆေးထည့်ရင်း အနာကျက်တဲ့အခြေအနေကို ကြည့်ဖို့ပါ။ တစ်နေ့တစ်ကြိမ်ဆိုပေမယ့် ပလာစတာမှာရေစိုနေတာ၊ ညစ်ပေနေတာဆိုရင် အချိန်မရွေး အသစ်လဲရပါမယ်။

တကယ်လို့ထိခိုက်ဒဏ်ရာက သံစူးတာလိုမျိုး အရေပြားကို စူးမိ၊ထိုးဖောက်မိတဲ့ဒဏ်ရာဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး မေးခိုင်ကာကွယ်ဆေး ထိုးသင့်ရင်ထိုးရပါမယ်။ ဒီလိုအနာအနေအထားကမေးခိုင်ရောဂါပိုးကူးစက်ခံရဖို့ ပိုလွယ်ကူစေတာကြောင့် ပိုဂရုစိုက်သင့်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မျက်နှာအကာအကွယ် (Face Shield) တစ်မျိုးတည်း တပ်ခြင်းက စိတ်ချရပါ့မလား

ပလတ်စတစ် မျက်နှာအကာတွေဟာ မျက်လုံး၊နှာခေါင်းနဲ့ ပါးစပ်တို့ကိုဖုံးအုပ်ပေးထားတာကြောင့် ဗိုင်းရပ်စ်ကူးစက်မှုကိုအတော်အသင့်ကာကွယ်ပေးနိုင်တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဆီးချိုကြောင့် အာရုံကြော ထိခိုက်ခြင်း

အများစုဟာ မိမိမှာ ဆီးချိုရောဂါဖြစ်နေမှန်းမသိတာကြောင့် ဘာကြောင့် တချိန်လုံးထုံကျင်ကိုက်ခဲနေရသလဲ နားမလည်နိုင်ဖြစ်တတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ပိုးကောင်ကိုက်လို့ ယားယံတာကို သက်သာစေဖို့

  ပိုးကောင် ကိုက်ခံရတဲ့အခါ မကုတ်ပါနဲ့။ ကုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ခံတပ်ဖြစ်တဲ့ အပေါ်ယံ အရေပြားလွှာ ပေါက်ပြဲပြီး ပိုးဝင်ကူးစက်နိုင်လို့ပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ခွေးရူးပြန် ကာကွယ်ဆေးနဲ့ ပတ်သက်လို့ မေးချင်နေလောက်မယ့် မေးခွန်းအချို့

ခွေးရူးပြန် ကာကွယ်ဆေးဆိုတာ လူတွေကို ခွေးရူးပြန် ရောဂါကနေ ကာကွယ်ပေးမယ့် ဆေးပါ။ အကိုက်ခံရ ပြီးတာနဲ့ မြန်နိုင်သမျှ မြန်မြန် ထိုးထားဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။

Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
အစားအသောက်တွေကို အရက်ပြန်၊ ဆပ်ပြာရည်တွေ သုံးပြီး ပိုးသတ်မယ့်အစား

အစားအသောက်တွေကို အရက်ပြန်၊ ဆပ်ပြာရည်တွေ သုံးပြီး ပိုးသတ်မယ့်အစား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 1 min read
ဆီးချိုရောဂါရှိသူများ အနာကျက်နှေးရခြင်းအကြောင်း

ဆီးချိုရောဂါရှိသူများ အနာကျက်နှေးရခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read

နေလောင်ခံအသားအရေအတွက် ရှားစောင်းလက်ပပ်ကို ဘယ်လိုသုံးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read