hydrogen peroxide သို့မဟုတ် အရက်ပြန်နဲ့ အနာကိုသန့်စင်ပေးတာက အမှန်တကယ်တော့ အရေပြားတစ်ရှူးတွေကိုထိခိုက်ပျက်စီးစေပြီး အနာကျက်နှေးစေပါတယ်။ အရက်ပြန်နဲ့hydrogen peroxide နှစ်မျိုးစလုံးက ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ ထိရောက်တဲ့ ပိုးသတ်ဆေးတွေဖြစ်လို့ အသုံးများကြပါတယ်။
Hydrogen peroxide ကို အရေပြားပြတ်ရှရာ၊ပေါက်ပြဲဒဏ်ရာတွေအတွက် အသုံးပြုလေ့ရှိကြပေမယ့် တကယ်တမ်းရောဂါပိုးသေစေဖို့လည်း စိတ်မချရတဲ့အပြင် တစ်ရှူးတွေကိုထိခိုက်စေနိုင်တယ်လို့ပြောကြပါတယ်။ ထိခိုက်ရှနာတွေလို အသေးစားဒဏ်ရာတွေကိုသန့်စင်ဖို့အတွက် အကောင်းဆုံးကရေအလျင်နဲ့လောင်းချဆေးကြောတာပါပဲ။ ဆပ်ပြာအပျော့စားလည်းသုံးနိုင်ပါတယ်။ အသေးစားဒဏ်ရာတွေကို အမှုန်အမွှားတွေ၊ အညစ်အကြေးတွေ၊ ဘက်တီးရီးယားပိုးတွေကိုဖယ်ရှားနိုင်ဖို့ မိနစ်အနည်းငယ်ကြာအောင်ရေဆေးပေးရပါမယ်။
Hydrogen peroxide က အနာထဲမှာ အမှုန်တွေကပ်မကျန်အောင်၊သွေးစတွေကိုဖယ်သုတ်ဖို့ အနာကိုအစိုဓါတ်ပေးပြီး နှူးတဲ့နည်းနဲ့ သန့်စင်ပေးပါတယ်။ အရေပြားကဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒါပေမယ့် သူက အနာကျက်စေဖို့ အကျိုးြ့ပုတဲ့ တွယ်ဆက်တစ်ရှူးကိုပြန်လည်တည်ဆောက်ပေးတဲ့fibroblasts ဆဲလ်တွေကိုလည်း ပျက်စီးစေပါတယ်တဲ့။ ဒါ့ကြောင့်ပဲ မကြာခဏမသုံးဖို့ အကြံပြုလာကြတာဖြစ်ပါတယ်။
Hydrogen peroxide ရဲ့ရောဂါပိုးသေစေနိုင်တဲ့အစွမ်းက အမြဲတော့ မထိရောက်နိုင်ပါဘူး။ရောဂါပိုးတွေကို မျိုးမပွားအောင်တားဆီးနိုင်တဲ့bacteriostatic ဓါတ်ပစ္စည်းတစ်မျိုးဖြစ်ပေမယ့် ဘက်တီးရီးယားတွေကို အကုန်မရှင်းထုတ်ပစ်နိုင်ဘဲ ပိုဆိုးတဲ့ရောဂါပိုးဝင်ခြင်းတွေပါဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သူက မှိုပိုးတွေကိုလည်းသေစေနိုင်ပြီး မှိုပိုးဝင်ခြင်းကို ကာကွယ်နိုင်လို့ စဉ်းတီတုံး သို့မဟုတ် စားပွဲခုံတို့လိုရောဂါပိုးရှိနိုင်တဲ့နေရာတွေကို သန့်ရှင်းဖို့ အသုံးပြုကြတာဖြစ်ပါတယ်။
အနာကိုသန့်စင်ဖို့ အသုံးများတဲ့နောက်တစ်မျိုးက အရက်ပြန်ပဲဖြစ်ပါတယ်။ ဘာလေးပဲဖြစ်ဖြစ် ဂွမ်းမှာအရက်ပြန်ဆွတ်ပြီး အနာကိုဖိထားတာ၊ သုတ်လိုက်တာတွေလုပ်လေ့ရှိကြသလို ဒဏ်ရာကြီးကြီးမားမားတွေမှာတောင် အရက်ပြန်လောင်းချပြီးရင် ပိုးသေတယ်လို့ စိတ်ချလက်ချသုံးကြပါတယ်။ အရက်ပြန်သုတ်ပြီးရင်ပိုးမဝင်တော့ဘူးလို့တွေးပြီး အနာကို ဆေးတောင်မထည့်သူတွေရှိပါတယ်။ ဒါပေမယ့် လူတွေသိပ်မသိကြတာက အရက်ပြန်ဟာ အနာတဝိုက်အရေပြားမှာ ပိုးမွှားတွေကိုဖယ်ရှားနိုင်ဖို့အထောက်အကူပြုတာမှန်ပေမယ့် အရေပြားကိုလည်းလောင်စေနိုင်တာပဲဖြစ်ပါတယ်။ အရက်ပြန်နဲ့ပွတ်လိုက်တဲ့အခါ အရေပြားဆဲလ်တွေ ထိခိုက်ပျက်စီးစေနိုင်ပြီးရောင်ရမ်းလာစေနိုင်ပါတယ်။
ဒါ့ကြောင့် ထိခိုက်ရှနာတွေကို သန့်စင်ဖို့အရင်ဆုံးတွေးရမှာကရေနဲ့ဆေးကြောတာဘေးအကင်းဆုံးပါပဲ။ အနာသန့်စင်သွားတဲ့အထိရေလောင်းဆေးပါ။ ဒါမှ အနာမှာ အမှုန်တွေ၊ အစအနတွေကပ်နေသေးရင် ဆရာဝန်ပြပြီး ကုသမှုခံယူပါ။ ထိခိုက်ရှနာကုသမှုကိုဘယ်တော့မဆို ကိုယ်တိုင်လုပ်ဆောင်နိုင်ပါတယ်။
တကယ်လို့
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။