ဘယ်လိုအခြေအနေတွေက မေးခိုင်ပိုးဝင်စေနိုင်တာလဲ
မြေကြီးတွေ၊ဖုန်မှုန့်တွေ၊ ညစ်ပတ်တဲ့ရေတွေထဲမှာ မေးခိုင်ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေရှိနေတတ်ပါတယ်။ ဒီရောဂါပိုးတွေကသေချာမကာကွယ်ထားတဲ့ အနာတွေ၊ ဒဏ်ရာတွေကနေတဆင့် လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ကူးစက်ပါတယ်။ တိရစ္ဆာန်ကိုက်ခံရတာ၊ အပူလောင်တာ၊ သန့်ရှင်းမှုမရှိတဲ့ဆေးထိုးအပ်တွေကနေတဆင့်လည်း မေးခိုင်ပိုးဝင်နိုင်ပါတယ်။
အရေပြားပေါက်ပြဲသွားတဲ့ ထိခိုက်ဒဏ်ရာတွေရတဲ့အခါမျိုးမှာမေးခိုင်ပိုးကူးစက်နိုင်ပါတယ်။ပြတ်ရှဒဏ်ရာ၊ပေါက်ပြဲဒဏ်ရာ၊ ချွန်ထက်တဲ့အရာတွေနဲ့ စူးမိတဲ့ဒဏ်ရာ၊ အပူလောင်နာ၊ တိရစ္ဆာန်ကိုက်တာတွေကနေလည်း မေးခိုင်ပိုးဝင်နိုင်ပါသေးတယ်။ တစ်ခါတလေဆိုရင် ခွဲစိတ်ကုသမှုခံယူထားတဲ့ ချုပ်ရိုး၊ နားပိုးဝင်တာနဲ့ သွားဖုံးပိုးဝင်တာမျိုးတွေ၊ ကိုယ်ဝန်ဖျက်ချတာမျိုးတွေကနေလည်း မေးခိုင်ပိုးဝင်သွားတာမျိုးရှိ ပါတယ်။ မူးယစ်ဆေးသုံးစွဲသူတွေမှာလည်း မူးယစ်ဆေးကို အကြောထဲထိုးသွင်းတာကနေတဆင့် မေးခိုင်ပိုးခန္ဓာကိုယ်တွင်း ဝင်ရောက်တာမျိုးရှိပါတယ်။ ခန္ဓာကိုယ်အရေပြားကို ထွင်းဖောက်အလှဆင်တာမျိုးတွေ၊ တက်တူးထိုးတာ (tattoo)၊ အင်းဆက်ကိုက်ခံရတဲ့ ဒဏ်ရာတွေကနေလည်းမေးခိုင်ပိုးဝင်ရောက်နိုင်ပါတယ်။
မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုအပ်မယ့်အခြေအနေတွေ
ထိခိုက်ဒဏ်ရာတစ်ခုခုရလာခဲ့ရင် အရင်ဆုံး ဆုံးဖြတ်ရမှာက မေးခိုင်ကာကွယ်ဆေးထိုးသင့်၊မထိုးသင့်ဆိုတဲ့ကိစ္စပါ။ ထိခိုက်မိတဲ့အရာက ညစ်ပေနေတဲ့အရာမျိုးလား၊ ဖုန်မှုန့်တွေ၊ မသန့်ရှင်းတဲ့အရာတွေပေကျံနေလား။ အညစ်အကြေးတွေပေနေလားဆိုတာကိုသေချာကြည့်ရှုရပါမယ်။ အခုဖော်ပြမယ့်အခြေအနေမျိုးဖြစ်နေမယ်ဆိုရင်တော့ မေးခိုင်ကာကွယ်ဆေးထိုးလိုက်တာက အကောင်းဆုံးပါလို့ပြောပါရစေ။
- မေးခိုင်ကာကွယ်ဆေးကို နောက်ဆုံးထိုးထားခဲ့တာက လွန်ခဲ့တဲ့ ၁၀ နှစ်ကဖြစ်နေခဲ့ရင်
- ဒဏ်ရာက ဘာနဲ့ထိခိုက်မိလို့ဖြစ်တာလဲဆိုတာ မသေချာတဲ့အခါ
- ဒဏ်ရာက ကြီးပြီးနက်နေမယ်ဆိုရင်
- ညစ်ပေတဲ့အရာတစ်ခုခုနဲ့ ထိခိုက်မိတာဖြစ်နေရင် ဥပမာ။ ။ သံချေးတက်နေတဲ့ သံချောင်း၊သံပြားတွေ
- အနာထဲကို မဖုံးမကာဘဲ ဖုန်မှုန့်တွေ၊ ညစ်ပေတဲ့ရေတွေထဲဆင်းမိမယ်ဆိုရင်
- အနာက အရမ်းကိုနာနေခဲ့ရင်
- ပိုးဝင်နေတဲ့ လက္ခဏာရှိနေရင်
- တိရစ္ဆာန် ဒါမှမဟုတ် လူကိုက်ခံရရင်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။