ကလေးတွေကို ဘာလို့ပျားရည်မတိုက်သင့်တာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကလေးတွေမှာ လုံလောက်တဲ့အာဟာရဓါတ်တွေ ရရှိနိုင်ဖို့နဲ့ အသက်ကြီးလာတဲ့အခါ ဓါတ်မတည့်ခြင်းတွေကို မခံစားရစေဖို့အတွက် သူတို့လေးတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမျိုးမျိုးသော အစားအစာတွေ ကျွေးပေးရမှာ မိဘတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါပေမယ့် ခြွင်းချက်အနည်းငယ်တော့ ရှိနေပါတယ်။flavonoids ဓါတ်တွေ၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အင်မ်ဇိုင်းတွေ အများအပြားပါဝင်တဲ့ ပျားရည်ဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသော အစားအစာတွေထဲက တခုလို့ပြောရင် လုံးဝမမှားပါဘူး။ ဒါဆိုရင် ကလေးတွေကို ဘာလို့ပျားရည်မတိုက်သင့်တာလဲ

ကလေးတွေနဲ့ ပျားရည်ဘာလို့ မတည့်တာလဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)နဲ့ အမေရိကန်ကလေးဆရာဝန်များ အစည်းအရုံးရဲ့ အဆိုအရ ကလေးအသက် ၁၂လ ပြည့်တဲ့အထိ ပျားရည်ပုံစံအားလုံး (ချောင်းဆိုးသက်သာစေတဲ့ ဆေးတွေမှာ ပါတာပဲဖြစ်ဖြစ်၊ပေါင်မုန့်၊ကိတ်မုန့် ဒါမှမဟုတ် တခြားအစားအစာတွေမှာ ပါဝင်တာပဲဖြစ်ဖြစ်)ကို ရှောင်ကျဉ်မယ်လို့ ဆိုပါတယ်။(အမြဲတမ်းမဟုတ်သော်ငြား) ပျားရည်မှာ Clostridium botulinum ဘက်တီးရီးယားပါဝင်လာတတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တမျိုးကို အဆိုပါ ဘက်တီးရီးယားကနေ ထုတ်လုပ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။Clostridium botulinum အဆိပ်သင့်တဲ့ လူနာတွေ နှစ်စဉ်ထောင်နဲ့ချီပြီးရှိပါတယ်။

အောက်ဆီဂျင်ဓါတ်ကို အသုံးမပြုတဲ့ အခြားသော ဘက်တီးရီးယားတွေနည်းတူ Clostridium botulinum ဟာလည်း အက်ဆစ်ဓါတ်နဲ့ အောက်ဆီဂျင်ပမာဏနည်းပါးတဲ့ ပတ်ဝန်းကျင်တွေမှာ နေထိုင်အသက်ရှင်နိုင်တဲ့အတွက် မြေကြီးနဲ့ဖုံတွေ၊သဲတွေအကြားမှာ သူတို့ကို အဓိကတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီဘက်တီးရီးယားတွေကို ပျားရည်ထဲမှာလည်း တခါတရံ တွေ့ရတတ်ပါသေးတယ်။

အရွယ်ရောက်ပြီးသူတွေရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက အဆိုပါ ဘက်တီးရီးယားတွေ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပေမယ့် ကလေးငယ်ရဲ့ အစာအိမ်အူလမ်းကြောင်းနဲ့ ခုခံအားစနစ်က ကောင်းစွာ ဖွံ့ဖြိုးခြင်းမရှိသေးတဲ့အတွက် Clostridium botulinum ကို တိုက်ခိုက်ခုခံနိုင်စွမ်းမရှိသလို သူတို့ကနေ ထုတ်လုပ်တဲ့ အဆိပ်တွေကိုလည်း တုံ့ပြန်ခုခံနိုင်စွမ်း မရှိပါဘူး။ နောက်ထပ်တချက်က ပျားရည်မှာ သကြားဓါတ်ပမာဏ မြင့်မားစွာ ပါဝင်တယ်ဆိုတဲ့အချက်ပါပဲ။

သကြားဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးစသွားတွေကို ထိခိုက်စေတဲ့အပြင် အသက်ကြီးလာတဲ့အခါ အချိုကြိုက်အောင်လည်း အစပျိုးပေးရာကျတာကြောင့် ကလေးငယ်လေးတွေ စားတဲ့ အစားအသောက်တွေထဲမှာ သကြားလုံးဝမထည့်သင့်တဲ့အကြောင်း မိဘတွေ သိထားသင့်ပါတယ်။ ဒါကြောင့် ကလေးစားတဲ့ အစားအစာတွေကို ပိုချိုစေချင်တယ်ဆိုရင် အာလူးလေးကို ထောင်းချေပြီး ထည့်ကျွေးတာမျိုး၊ငှက်ပျောသီး ဒါမှမဟုတ် ပဲ အစရှိတဲ့ သဘာဝအချိုဓါတ်ရှိတဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေနဲ့ ပေါင်းစပ်ကျွေးတာမျိုးကို ပြုလုပ်နိုင်ပါတယ်။

botulism (botulinum ဘက်တီးရီးယား အဆိပ်သင့်ခြင်း) ရဲ့ လက္ခဏာများ

ဘက်တီးရီးယားပိုး ခန္ဓါကိုယ်ထဲဝင်ရောက်ပြီး ၈နာရီကနေ ၃၆နာရီအတွင်းမှာ botulism (botulinum ဘက်တီးရီးယား အဆိပ်သင့်ခြင်း) ရဲ့ လက္ခဏာတွေ စတင်ပေါ်ပေါက်လေ့ရှိပြီး နှစ်ပတ်ကျော်မှ ပေါ်လာတာမျိုးတွေလည်း ရှိတတ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ တကယ်လို့ သင့်ကလေးအနေနဲ့ ပျားရည်ကို မတော်တဆ စားလိုက်မိတယ်ဆိုရင် ကလေးကို ဂရုတစိုက်စောင့်ကြည့်ရမှာဖြစ်ပြီး အောက်ပါလက္ခဏာတွေ ပေါ်ပေါက်လာတာနဲ့ ဆရာဝန်ကို ချက်ချင်းအကြောင်းကြားရပါမယ်။

  • ခန္ဓါကိုယ်ပျော့ခွေလာခြင်း၊မလှုပ်ချင်မကိုင်ချင်ဖြစ်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း။
  • အစားအသောက်ပျက်ခြင်း (နို့ကောင်းစွာ မစို့ခြင်း)။
  • အသက်ရှုရခက်ခြင်း၊အစာ၊ရေ စသည်တို့ မြိုရခက်ခြင်း။
  • သွားရည်များ အလွန်အမင်းကျခြင်း။
  • ငိုသံအားပျော့ခြင်း၊ကြွက်သားများ ပျော့ခွေခြင်း။
  • မျက်နှာအမူအရာခံစားချက်မရှိခြင်း (မျက်နှာကြွက်သားများကောင်းစွာ မလှုပ်ရှားနိုင်တော့သောကြောင့်)။
  • ဝမ်းချုပ်ခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။

botulism ကို ဘယ်လိုကုသမလဲ။

botulism အဆိပ်သင့်ခြင်းဟာ သေတတ်ပါတယ်။ ကံကောင်းထောက်မတာက စောစောသိ၊စောစောကုနိုင်ရင် ကလေးအနေနဲ့ ရာနှုန်းပြည့်ပြန်ကောင်းနိုင်ပါတယ်။ လက်ရှိအများဆုံး အသုံးပြုတဲ့ ကုသမှုပုံစံကတော့ botulism immune globulin intravenous (BIGIV) လို့ခေါ်တဲ့ ပဋိပစ္စည်းထိုးပေးတာပဲ ဖြစ်ပါတယ်။ ဒီဆေးဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်သော ပဋိပစ္စည်းတွေပါဝင်တဲ့ လူ့သွေးရည်ကြည်ကနေ ထုတ်လုပ်ထားတဲ့ ပိုးသတ်ပြီးသား ဆေးရည်ဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါဆေးကို သင့်ကလေးအား ထိုးပေးတဲ့အခါ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

  • ပျို့အန်မအီမသာဖြစ်ခြင်း။
  • အရေပြားနီရဲခြင်း၊အနီစက်များ ထွက်ခြင်း။
  • ခန္ဓါကိုယ်နာကျင်ခြင်း။
  • အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း။

တကယ်လို့ သင့်ကလေးအနေနဲ့ အသက်ရှုရခက်ခဲခြင်း၊အစာ၊ရေမြိုချရ ခက်ခဲခြင်း အစရှိတဲ့ ဆိုးရွားပြင်းထန်တဲ့ လက္ခဏာတွေ ပေါ်ပေါက်လာခဲ့ရင် အသက်ရှုစက်ကို အသုံးပြုရမှာဖြစ်ပြီး ပုံမှန်အစာတွေကို မကျွေးတော့ဘဲ အကြောသွင်းဆေးပဲ သွင်းရမှာဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆောင်းအအေးဒဏ်ကြောင့် နှုတ်ခမ်းတွေ ခြောက်ပြီးကွဲလာပြီဆိုရင်

ဆောင်းတွင်းအခါသမယဆိုတာ အသားအရေကို ဂရုစိုက်သူတွေအတွက်တော့ တော်တော်လေးကို စိတ်ညစ်စရာကောင်းတဲ့ ...

ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ များသောအားဖြင့် ...

ရေးသားသူ Ye Myo Myat
အရေပြားကျန်းမာရေး, အလှအပ နိုဝင်ဘာ 30, 2020 . 3 mins read

သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ ဝမ်းချုပ်တာက၊ လေပွတာတွေက လူကြီးတွေမှ ဖြစ်တတ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ သားသားမီးမီးတွေလည်း ခံစားရနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရိုးပွနေရင် ဒါတွေရှောင်ပါ။

အသက်အရွယ် ရလာတာနဲ့အမျှ အရိုးတွေရဲ့ သိပ်သည်းဆက နည်းလာပြီးအရိုးပွလာပါတယ်။အရိုးပွလာတာကသေချာ ဂရုစိုက်ဖို့လိုမယ့်ကျန်းမာရေးပြဿနာပါ။ အရိုးပွရင်ဘာတွေမစားသင့်ဘူးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 2 mins read
မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 1 min read
ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား..........

ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား……….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 7, 2020 . 2 mins read

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read